Skip to main content

သူတောင်းစား

သူတောင်းစား၊ ဆုတောင်းစား၊ သတောင်းစား။ ဘယ်ဟာက တောင်းစားတာ အစစ်လဲ။

သူ

သူကျက် = ပေါင်းသင်းဆက်ဆံဘူးသောသူ

သူခက် = ခက်ခဲသောအရာကို အောင်မြင်နိုင်သောသူ

သူငယ်ချင်း

သူငယ်ပြန်

သူငယ်အိပ်ဆိတ်အချိန်

သူငယ်အိမ် (မျက်စိ)

သူစိမ်း = မပေါင်းဘူးသောသူ

သူစိမ်းတရံဆံ

သူစိမ်းပြင်ပြင်

သူစိမ်းသူကျက်

သူတစိမ်း

သူတထူး

သူတပါး

သူပုန် = မင်း၊ အစိုးရကို ဆန့်ကျင်တိုက်ခိုက်သူ

သူဖုန်းစား = သူတောင်းစား

သူယုတ်မာ

သူရကန် = ရဲရင့်ခြင်းကိုပြုတတ်သောနေ

သူရကန်ကျောက်

သူရင်းငှား = အခစားလုပ်သောသူ

သူရင်းတိုင်

သူရဲ = ရင့်ရင့်သောစစ်သည်

သူရဲခို = မြို့ရိုး၌ ဂူငယ်ကဲ့သို့ပြုလုပ်ထားသည့်အရာ

သူရဲကောင်း

သူရဲဘောနည်းသူ = သတ္တိနည်းသူ

သူရဿတီ

သူလျှို

သူဝှက်

သူကောင်းသား

သူဌေးသူကြွယ်

သူတောင်းစား

သူတော်စင်

သူလှောင် = လှောင်ပြောင်သောသူ

သူနှောင်သူထား = ထောက်သား၊ အကျဉ်းသမား

သူနုပ် = ယုတ်ညံ့သူ

စကားပြောမှာ တဒေါင်းဇားလို့တော့ အသံထွက်တယ်။ သူတောင်းစားလို့သာ ရေးသင့်တယ်။

ဟို အရင်က တောင်းစားသူတွေက တကျပ်တပြား ပေးသနားပါလို့ ပြောလေ့ရှိတယ်။ အခုခေတ်မှာ မီလီယန်နာတွေလက်ထဲမှာကို တကျပ်တပြား မရှိတော့ပါ။ မြန်မာစာသတ်ပုံ မွဲသွားရပြီ။ (တစ်)ဒေါင်းဇားခေတ်။ ကန်တော့။

ဒေါက်တာတင့်ဆွေ

၂-၉-၂၀၁၇

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ