Skip to main content

အာမန်နဲ့ ဗာဒံ

(သူငယ်ချင်းတယောက်က ရေးထာတာ)

(စ) အညာအပူပိုင်းဒေသနေပြင်းတဲ့အခါမှာလူတိုင်းလိုလိုလမ်းဘေးဗာဒံပင်ရိပ်ခိုဖူးကြမှာပါ အောက်အရပ်မှာလည်းမန်ကျည်းတမာထနောင်းလိုတော့မရှား ကုက္ကိုလိုပဲတွေ့ရမြင်ရတတ်ပါတယ် 

အနောက်ကတမျိုးအရှေ့ကတခြားဆင်တူရိုးမှား  ဗာဒံ (Indian almond အင်ဒီးယန်းအာမန်လို့ခေါ်ပါတယ်)နဲ့ အသီးအဆံထပ်တူနီးပါးဆင်ပေမဲ့အာမန် almond လို့ခေါ်​တဲ့ဥရောပဗာဒံပင်ကအပွေးအရွက်အပွင့်ပါမတူကွဲပြားပါတယ် ငယ်တုန်းကတော့ကလေးဘာဝမန္တလေးအိမ်ရှေ့မှာတွင်ရှိတဲ့ဗာဒံပင်ကအသီးတွေဆွတ်အသားတွေဖဲ့ခွာပြီးအစေ့ထုအဆံထုတ်စားဖူးပါတယ် မန္တလေးမှာတော့ဗန်ဒါပင်လို့ပဲခေါ်ကြတယ် မာလကာကိုမန်ကလာခေါ်တတ်ကြတာထက်သာပါသေးတယ်

ဥရောပကအာမန်စေ့ကိုမုံ့ဖုတ်တဲ့ထဲမှာတော်တော်လေးသုံးပါတယ် ဗမာပြည်မှာလည်းကိတ်မုံ့ဆိုင်တွေသုံးမှာပါ ကျွန်တော်တို့ခေတ်ကတော့စာထဲသာဖတ်ဖူးပါတယ် ဥရောပမှာဟင်းချက်တဲ့ထဲမတော့ထင်းရူးဆံ pine kernels ကိုသုံးတာပဲတွေ့ဖူးပါတယ် တရုပ်ဟင်းထဲဝက်မြေဥ water chestnuts ထည့်သလိုပေါ့

ကျွန်တော်နေတဲ့လန်ဒန်ဆင်ခြေဖုံးလမ်းထဲမှာလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကျော်လောက်ကမြို့နယ်ကောင်စီကအာမန်ပင်ပျိုလေးတွေလိုက်ချသွားတာတော်တော်ကြီးနေကြပါပြီ အသီးတွေကိုဒီကထုံးစံအတိုင်းဘယ်သူမှမခူးကြဘူး လေကြွေတောင်မကောက်ကြပါဘူး ဆူပါမားကက်မှာအထုပ်လိုက်လွယ်လွယ်ဝယ်လို့လည်းရနေတာမို့လား နွေဦးပေါက်တာနဲ့ချယ်ရီနဲ့အပြိုင်ပန်းရောင်အပွင့်လေးတွေကိုင်းအပြည့်ထွက်လာတာပဲ ချယ်ရီလိုပဲလှ ချယ်ရီလိုပဲရနံ့မရှိ ဒီတိုင်းပြည်ကပန်းတွေအများစုထုံးစံနှင်းဆီကအစပင်လုံးကျွတ်ပွင့်ပြီးမျက်စိပသာဒမှာလှချင်တိုင်းလှနေကြသလောက်မွှေးတော့မမွှေးပါ အစေးထွက်တဲ့အပင်လည်းဖြစ်လို့အပင်အောက်ကားရပ်ထားရင်ကားပေါ်ကျတဲ့အစေးတွေခွာရတာအလုပ်တခုပါ

ရုက္ခဗေဒအမည် တာမီနာလီယာ ကတက်ပါ Terminalia catappa ခေါ်တဲ့ဗာဒံ Badam ဟာမူလကအိန္ဒိယမှာအာမန် almond ကိုခေါ်တဲ့ဝေါဟာရလို့လည်းဆိုပါတယ် ဩစတြေးလျနဲ့တောင်အာရှအရှေ့တောင်အာရှအပူပိုင်းဌာနေအပင်ကနေအာဖရိကနဲ့နောက်ကယ်ရီဘီယန်ပင်လယ်ထဲကကျွန်းတွေမှာလည်းတွေ့ရတယ် ပင်လယ်ကမ်းခြေမှာသဲမြေထိန်းသိမ်းဖို့လေဒဏ်မိုးဒဏ်ခံဖို့အမြစ်ရှည်ရှည်ဖြန့်ထွက်ပြီးအရွက်ဖားတဲ့ဗာဒံကိုစိုက်ကြသတဲ့ ကြွေကျတဲ့အရွက်လည်းငါးတွေပုစွန်တွေအတွက်အစာနဲ့ဆေးဖြစ်ပါသတဲ့ တချို့ကျွန်းသားတွေကအသီးကိုလည်းစားပါတယ် ဗာဒံသီးဟာအသားထူအရည်ရွှမ်းပြီးမွှေးသော်လည်းအရသာမထူးခြားလှပါ အဆံမှာပရိုတိန်း ပိုတက်ဆီယံ ကယ်လဆီယံ မဂ္ဂနီဆီယံ သံ သွပ် ကြေးနီ အပြင် ဗီတာမင်ဘီဓာတ်တွေပါတယ်လို့ဆိုတယ် အဆံကနေဆီထုတ်ပြီးဟင်းချက်ရာဆပ်ပြာလုပ်ရာမှာသုံးနိုင်ပါသေးတယ်

အရွက်ဟာဆေးဖက်ဝင်တယ် အရွက်နုကိုအရည်ညှစ်ပြီးအရေပြားနာယားယံမှု ဒဏ်ရာ အစာမကြေလေနာ အသည်း အဆစ်အမြစ်နာတွေထိအကျိုးအာနိသင်ရှိတယ်လို့လည်းဆိုတယ် အမြစ်မှာပဋိဇီဝအာနိသင် antibacterial property ရှိပါသတဲ့ အရွက်ကိုအခြောက်လှန်းပြီးငါးကန်ထဲမှာနာမကျန်းဖြစ်တဲ့ ဘက်တာငါး betta fish (ခ)ယိုးဒယားဖိုက်တာငါး Siamese fighting fish ကိုကုဖို့ထည့်ပေးတယ် ရေကိုညိုဝါရောင်ပြောင်းစေတဲ့တန်နင် tannins ဓာတ်ထွက်လို့ရေအမှောင်ကြိုက်တဲ့ငါးမွေးရာမှာလည်းသုံးပါသတဲ့

စိုက်နည်းနှစ်မျိုးရှိတယ် အစေ့ကိုမြေကြီးထဲမြှုပ်ရုံနဲ့အပင်ပေါက်ကလေးတွေချစိုက်တဲ့နည်းပါ။ အသီးကနှစ်ရက်လောက်အတွင်းမှိုတက်တယ် အဆံကအခြောက်ထားလို့မရ လှော်ထားရင်တော့နှစ်ရှည်လများသိမ်းထားလို့ရပါတယ်

(ကယ်ရီဘီယန် စိန့်ဗင်းဆင့်နှင့်ရစ်ချမင်ဗေးလ်ကျွန်းကရစ်ချမင်ဗေးလ်အကယ်ဒမီ Richmond Vale Academy ဘလော့ဂ်ကိုကိုးကားပါတယ်)

မှတ်ချက်အနေနဲ့အင်္ဂလိပ်စကားမှာ လ သံဖျောက်ထားတဲ့​ဝေါဟာရတွေထဲမှာအာမန် almond လည်းပါပါတယ် အာလမွန်မဟုတ်ပါ အလားတူ ဆာမန်(ယူကေ)/ဆယ်မန်(ယူအက်စ်) salmon ငါးလည်းဆာလမွန်/ဆယ်လမွန်မဟုတ်ပါ အင်္ဂလိပ်စကားမှာပြင်သစ်လိုအွန်သံမရှိတော့ လီမွန် lemon (လယ်မယ်န်) တို့ဘေကွန် bacon (ဘေကင်)တို့ ဆိုင်မွန် Simon (ဆိုင်မင်)တို့သမတလင်ကွန်း Lincoln (လင်းကင်း)တို့လည်းမြန်မာအချင်းချင်းသာနားလည်ပြီး အင်္ဂလစ်ရှ် English မဟုတ်ပဲ ဘားဂလစ်ရှ် Burglish ဖြစ်နေလို့သူများနားမလည်ပါ (ဆုံး)

ဗာဒံနဲ့ အင်းဝ

ဆေးပညာအတူသင်ဘက် သူငယ်ချင်းတယောက်က ရေးထာတာ။

မုံရွာသား မန္တလေးကို စရောက်တော့ ခုနစ်တန်းကျောင်းသား တည်းခိုတဲ့ဦးလေးအိမ်က ဆေးရုံကြီးနားမှာ။ အိမ်ရှေ့လမ်းမှာ ဗာဒံ ခေါ် ဗံဒါပင်တွေ တန်းစီနေတယ်။ နွေဆိုတော့ အပင်တွေမှာ ဖုံတွေနဲ့။ လမ်းတိုင်းမှာ လေးဒေါင့်စပ်စပ် ကျုံးရေတွင်းလေးတွေရှိတော့ ဖုံတွေကိုပြောင်အောင် ညနေဆို ရေချိုးရယ်။ လမ်းဒေါင့်တွေမှာ အကြော်သည်။ မုံ့ကို ဗာဒံရွက်နဲ့ထုပ်တယ်။ ဆေးထားပြီးသားပါ။ စားကောင်းတယ်။ မုံရွာမှာက အင်ဖက်သုံးတာ များတယ်။ ဆရာဝန်ဖြစ်တော့ အင်းဝကနေ တဆင့်သွားရတဲ့ ဆေးရုံမှာတာဝန်ကျတယ်။ ဗာဒံနဲ့ အင်းဝလို့ ခေါင်းစည်းတပ်မယ်။ ဟုတ်ဟုတ် မဟုတ်ဟုတ် စိတ်ဝင်စားစရာမှသာ လူတွေက ဖတ်တယ်။

ကျွန်တော် အခုနေရတဲ့အရပ်မှာလည်း အပင်တွေက အတော်ကို မျိုးစုံတယ်။ ကျွန်တော်က အပင်တွေအကြောင်းနဲ့ အကောင်တွေအကြောင်းကို အတော် မသိပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ