ပြုံးမဝသေးတဲ့ ဒီအချိန်ဝယ်
တရပ်တကျေးနယ် အဝေးရယ်
သူသွားမယ် ရုတ်တရက်ကွယ်
မခွဲစဖူး ခွဲရက်တယ်
ဘယ်လိုပင်ကွယ်
ဟန်ဆောင်ပါလဲ မလွယ်
မျက်ရည်များက ဝဲလို့သာလာပါတယ်
သူ့ရဲ့မျက်နှာ မြင်ရင်ကွယ်
စိတ်ထဲမယ် ခွဲရတာ မလိုချင်တယ်
မမျှော်လင့်ပဲ ခွဲရတော့ကွယ်
ငိုချင်တယ်
မျက်နှာချင်းဆိုင်ကြည့်ကာ ရင်ထဲဝယ်
ကြိတ်လို့ရယ်
နှစ်ဦးသား စကားပြောထွက်မလွယ်
ရီဝေစွာရယ် ငိုချင်လာမိတယ်
တယောက်ကို တယောက်က
နှုတ်ဆက်ခါ သာရည်ရွယ်
အသည်းထဲမှာ နာကျင်တယ်
အချစ်ဦးရေ နှုတ်ဆက်ရင် ငိုချင်တယ်
မမျှော်လင့်ပဲ ခွဲရတော့ကွယ်
ငိုချင်တယ်။
မမျှော်လင့်ပဲ ခွဲရတော့ကွယ်
ငိုချင်တယ်
မျက်နှာချင်းဆိုင်ကြည့်ကာ ရင်ထဲဝယ်
ကြိတ်လို့ရယ်
နှစ်ဦးသား စကားပြောထွက်မလွယ်
ရီဝေစွာရယ် ငိုချင်လာမိတယ်
တယောက်ကို တယောက်က
နှုတ်ဆက်ခါ သာရည်ရွယ်
အသည်းထဲမှာ နာကျင်တယ်
အချစ်ဦးရေ နှုတ်ဆက်ရင် ငိုချင်တယ်။ ။
သီချင်းသားနေရာတခုမှာ တ နဲ့ တစ် သာမကာပါ တခြားသတ်ပုံတွေပါ မှားနေတယ်။
https://www.youtube.com/watch?v=30w9oZgpdEQ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment