ချစ်စကားလုံးတော့ ခပ်လန့်လန့်ဘဲ။ ကျွန်တော်ပြုံးတာကို လူအတော်များများက ပြောကြတယ်။ အမေနဲ့ အဖေကို ကျေးဇူးထင်မိတယ်။ တချို့က အမေမွေးပေးလို့ရတဲ့ အသားအရောင်ကို ပိုဖြူချင်ကြလို့ မေးကြတယ်။ ကိုယ့်အမေအဖကို ရွေးပြီးမှ အမျိုးတော်ရတယ်လို့ ဖြေပါတယ်။
၂။ မြန်မာနိုင်ငံရဲ့ပထမဦးဆုံးဂျင်းဘောင်းဘီ ဝတ်ပြီးဆေးကုတဲ့ တို့ဆရာပါလား။ ကျွန်တော်တို့ မန်းဆေးတက္ကသိုလ်မှာတောင် ဂျင်းဘောင်းဘီမဝတ်ရဘူး။ ဆရာက မိုက်တယ် ကျွန်တာ်တို့ မန်းလေးဆေးက ဆရာဝန်ကြီးတွေတော့ ဒိတ်အောက်နေကြပြီထင်တယ်
အော် အဲလိုလား။ ကျွန်တော်က နယူးဒေလီ ယမုန်နာဆေးခန်းမှာ အဲလိုဝတ်တာ များတယ်။ မွေးလူနာလာရင်တော့ ဘောင်းဘီအောက်ဖျားနှစ်ဖက်ကို ပင့်တင်ထားရတယ်။ 'ဟော့ရှော့' ပေါ့။ ဒါတောင် သွေးကပေသေးတာ။
အိမ်မှာ ချည်ပုဆိုး။ အပြင်သွားတော့ ဂျင်းပင်။ သူ့နေရာနဲ့သူ။ ကျွန်တော့ဆေးခန်းနံရံမှာ ဝါးယပ်တောင်တချောင်း ထားရတယ်။ နယူးဒေလီမှာလည်း မီးက ပျက်လေ့ရှိတယ်။
ကျွန်တော့်မှာ ဆေးခန်းမရှိတော့ပါ။ ဝါးယပ်တောင်လည်း မလိုတော့ပါ။
ဒေါက်တာတင့်ဆွေ
၁၄-၉-၂၀၁၄

Comments
Post a Comment