Skip to main content

The Exiles စည်းအပြင်ကလူ

လွန်ခဲ့တဲ့ ၉ နှစ်တိတိက ယူအက်စ်အေကိုရောက်ရောက်ချင်း ရေးတဲ့စာ။ နယူးဒေလီကနေ မထွက်ခင်မှာ ဒီလိုစာမျိုးကို ရေးလို့မရနိုင်ပါ။ ထွက်မရအောင် တိုင်မဲ့သူတွေက စောင့်နေကြတယ်။ အဲဒီမှာ ဆက်နေစေချင်တာတော့ မဟုတ်။ သူတို့လည်း အော်ကြတာ ဒီမိုကရေစီတဲ့။ အခု ၂၀၂၂ မှာလည်း သတိရှိကြပါ။ 

တိုင်းပြည်ကနေထွက်ပြေးပြီး နိုင်ငံရေးလုပ်ဘို့ဖြစ်စေခဲ့တာက 'စင်ပြိုင်အစိုးရဖွဲ့ရေး' မှာပါလို့ဖြစ်ပါတယ်။ လူအရင်းအနှီးတွေ အများကြီးပေးပြီး ၁၈-၁၂-၁၉၉ဝ နေ့မှာ ဖွဲ့ဖြစ်အောင်ဖွဲ့ကြတယ်။ 'စင်ပြိုင်' ဆိုတာထက် 'အဝေးရောက်' လို့ပြောတာက ပိုမှန်တယ်။ 'မာနယ်ပလော' ကျပြီးနောက်မှာ 'ပြည်ပရောက်' ဖြစ်လာပါတယ်။ ပြည်ပဆိုတာလဲ လူတွေက ထိုင်း၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု၊ သုံးနိုင်ငံမှာနေကြရတယ်။ ကျွန်တော်ကတော့ တောက်လျှောက် အိန္ဒိယမှာ ၂၄ နှစ်မကကြာခဲ့တယ်။ ကိုယ့်အစိုးရကို ၂၄-၉-၂ဝ၁၂ နေ့မှာ ကိုယ့်အဆုံးအဖြတ်နဲ့သာ ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တပါတ်တိတိကျမှ ကျွန်တော် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ဘို့ရာ ရောက်လာပါတယ်။

အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ချိန်မှာတော့ တရားဝင်ပြောရရင် အဖွဲ့ဝင်ဦးရေ ၃-၄ ယောက်သာရှိပါတော့တယ်။ တဦးကတော့ အခုထိ ထိုင်းနယ်စပ်မှာ ဆက်နေသေးတယ်။ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူက 'မေရီလင်း' မှာနေပြီး၊ ကျွန်တော်ကတော့ သားသမီးများ အခြေချနေထိုင်ရာ 'အင်ဒီယာနာပုလစ်' မြို့မှာနေပါတယ်။ 

အသည်းရောင်ရောဂါသမားတွေ ဘီပိုး၊ စီပိုးဝင်နေပေမဲ့ ရောဂါမပေါ်သေးဘဲနေသေးတယ်။ ကြာမှသာ 'နာတာရှည် အသည်းရောင်' အဆင့်ရောက်ပါတယ်။ နာတာရှည်တွေကနေ 'အသည်းခြောက်တာ' နဲ့ 'အသည်းကင်ဆာ' ဆက်ဖြစ်နိုင်တယ်။ နိုင်ငံရေးပိုးဝင်ထားပြီးတဲ့ ကျွန်တော်တို့ကတော့ နာတာရှည်ထက်ကျော်လွန်နေပါပြီ။ 'နိုင်ငံရေးခြောက်ရောဂါ' လို့ပြောနိုင်တယ်။ 'နိုင်ငံရေးကင်ဆာ' တော့မဟုတ်လောက်ပါ။ ထွက်မလာခင် ဒေလီမှာ နိုင်ငံရေးအလုပ်တွေ ခမ်းခြောက်၊ နိုင်ငံရေးလုပ်ဘော် တယောက်စနှစ်ယောက်စ၊ နိုင်ငံရေးစကား ပြောစရာနေရာဆိုတာလဲ 'ဖေ့စ်ဘွတ်' မှာသာရှိပါတယ်။ ခြောက်ကပ်ကပ် နိုင်ငံရေးလုပ်ရတဲ့ဘဝလို့ ပြောချင်တာပါ။

အခုတခါ မြန်မာပြည်နိုင်ငံရေး စိတ်အေးသူဆိုတာ အရေအတွက် များမယ်မထင်ပါ။ စိတ်ပူကြသူတွေထဲမှာတော့ ကျွန်တော်တို့ နောက်ဆုံးလက်ကျန်တွေက ထိပ်မှာရှိပါတယ်။ မနေ့ကစပြီး စကားပြောကြတယ်၊ ဘာဆက်လုပ်ကြမလဲ။ အရင်အနှစ်နှစ်ဆယ်လောက် ထောက်ကူတဲ့အဖွဲ့တွေက ရန်ကုန်မှသွားမလုပ်ရင် တပြားမှမပေးချင်ကြပါ။ ကျွန်တော်တို့မြင်တာက အထဲမှာလဲ လုပ်နိုင်သူတွေနဲ့ လုပ်နေသူတွေ အများကြီးရှိတယ်။ အပြင်ကနေ အထဲလူတွေ လုပ်မဖြစ်တာမျိုးအတွက် ဆက်လုပ်ချင်သေးတယ်။ ပြန်လာပါလို့ဖိတ်ခေါ်ကြသူတွေအားလုံးကို ကျေးဇူတင်ပေမဲ့ ကျွန်တော်တို့က ကနေ့အချိန်မှာ ရန်ကုန်ဆိုတာ 'ရန်တွေကုန်ပြီ' လို့ မသတ်မှတ်လို့ မလာချင်ကြသေးပါ။ မိသားစုကိုပါ ထည့်မစဉ်စားဘူးလို့လဲ ဇွတ်အတင်း မငြင်းဆိုပါ။

အမှန်တဝက်နဲ့ပြောရရင် ကျွန်တော်တို့ အစိုးရအဖွဲ့ကိုဖျက်လိုက်ပေမဲ့ ဆက်လုပ်နေတာတွေရှိပါတယ်။ အကုန်ပြောမသင့်လို့ အမှန်တဝက်လို့ ရေးလိုက်တာပါ။ လူကတော့ တကယ့်ကို နှစ်ယောက်တပိုင်းသာရှိခဲ့တော့တာ အပြည့်မှန်တယ်။ 

ကျွန်တော်တို့ရဲ့ ၂၄ နှစ်တာ အတွေ့အကြုံကို အကျဉ်းချုပ် တင်ပြချက်ဖြစ်ပါတယ်။ သင်္ခန်းစာ ယူကြပါလေ။

ဒေါက်တာတင့်ဆွေ

၂၇-၉-၂၀၁၄

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ