Skip to main content

The Exiles စည်းအပြင်ကလူ

လွန်ခဲ့တဲ့ ၉ နှစ်တိတိက ယူအက်စ်အေကိုရောက်ရောက်ချင်း ရေးတဲ့စာ။ နယူးဒေလီကနေ မထွက်ခင်မှာ ဒီလိုစာမျိုးကို ရေးလို့မရနိုင်ပါ။ ထွက်မရအောင် တိုင်မဲ့သူတွေက စောင့်နေကြတယ်။ အဲဒီမှာ ဆက်နေစေချင်တာတော့ မဟုတ်။ သူတို့လည်း အော်ကြတာ ဒီမိုကရေစီတဲ့။ အခု ၂၀၂၂ မှာလည်း သတိရှိကြပါ။ 

တိုင်းပြည်ကနေထွက်ပြေးပြီး နိုင်ငံရေးလုပ်ဘို့ဖြစ်စေခဲ့တာက 'စင်ပြိုင်အစိုးရဖွဲ့ရေး' မှာပါလို့ဖြစ်ပါတယ်။ လူအရင်းအနှီးတွေ အများကြီးပေးပြီး ၁၈-၁၂-၁၉၉ဝ နေ့မှာ ဖွဲ့ဖြစ်အောင်ဖွဲ့ကြတယ်။ 'စင်ပြိုင်' ဆိုတာထက် 'အဝေးရောက်' လို့ပြောတာက ပိုမှန်တယ်။ 'မာနယ်ပလော' ကျပြီးနောက်မှာ 'ပြည်ပရောက်' ဖြစ်လာပါတယ်။ ပြည်ပဆိုတာလဲ လူတွေက ထိုင်း၊ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စု၊ သုံးနိုင်ငံမှာနေကြရတယ်။ ကျွန်တော်ကတော့ တောက်လျှောက် အိန္ဒိယမှာ ၂၄ နှစ်မကကြာခဲ့တယ်။ ကိုယ့်အစိုးရကို ၂၄-၉-၂ဝ၁၂ နေ့မှာ ကိုယ့်အဆုံးအဖြတ်နဲ့သာ ဖျက်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တပါတ်တိတိကျမှ ကျွန်တော် အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ဘို့ရာ ရောက်လာပါတယ်။

အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်ချိန်မှာတော့ တရားဝင်ပြောရရင် အဖွဲ့ဝင်ဦးရေ ၃-၄ ယောက်သာရှိပါတော့တယ်။ တဦးကတော့ အခုထိ ထိုင်းနယ်စပ်မှာ ဆက်နေသေးတယ်။ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူက 'မေရီလင်း' မှာနေပြီး၊ ကျွန်တော်ကတော့ သားသမီးများ အခြေချနေထိုင်ရာ 'အင်ဒီယာနာပုလစ်' မြို့မှာနေပါတယ်။ 

အသည်းရောင်ရောဂါသမားတွေ ဘီပိုး၊ စီပိုးဝင်နေပေမဲ့ ရောဂါမပေါ်သေးဘဲနေသေးတယ်။ ကြာမှသာ 'နာတာရှည် အသည်းရောင်' အဆင့်ရောက်ပါတယ်။ နာတာရှည်တွေကနေ 'အသည်းခြောက်တာ' နဲ့ 'အသည်းကင်ဆာ' ဆက်ဖြစ်နိုင်တယ်။ နိုင်ငံရေးပိုးဝင်ထားပြီးတဲ့ ကျွန်တော်တို့ကတော့ နာတာရှည်ထက်ကျော်လွန်နေပါပြီ။ 'နိုင်ငံရေးခြောက်ရောဂါ' လို့ပြောနိုင်တယ်။ 'နိုင်ငံရေးကင်ဆာ' တော့မဟုတ်လောက်ပါ။ ထွက်မလာခင် ဒေလီမှာ နိုင်ငံရေးအလုပ်တွေ ခမ်းခြောက်၊ နိုင်ငံရေးလုပ်ဘော် တယောက်စနှစ်ယောက်စ၊ နိုင်ငံရေးစကား ပြောစရာနေရာဆိုတာလဲ 'ဖေ့စ်ဘွတ်' မှာသာရှိပါတယ်။ ခြောက်ကပ်ကပ် နိုင်ငံရေးလုပ်ရတဲ့ဘဝလို့ ပြောချင်တာပါ။

အခုတခါ မြန်မာပြည်နိုင်ငံရေး စိတ်အေးသူဆိုတာ အရေအတွက် များမယ်မထင်ပါ။ စိတ်ပူကြသူတွေထဲမှာတော့ ကျွန်တော်တို့ နောက်ဆုံးလက်ကျန်တွေက ထိပ်မှာရှိပါတယ်။ မနေ့ကစပြီး စကားပြောကြတယ်၊ ဘာဆက်လုပ်ကြမလဲ။ အရင်အနှစ်နှစ်ဆယ်လောက် ထောက်ကူတဲ့အဖွဲ့တွေက ရန်ကုန်မှသွားမလုပ်ရင် တပြားမှမပေးချင်ကြပါ။ ကျွန်တော်တို့မြင်တာက အထဲမှာလဲ လုပ်နိုင်သူတွေနဲ့ လုပ်နေသူတွေ အများကြီးရှိတယ်။ အပြင်ကနေ အထဲလူတွေ လုပ်မဖြစ်တာမျိုးအတွက် ဆက်လုပ်ချင်သေးတယ်။ ပြန်လာပါလို့ဖိတ်ခေါ်ကြသူတွေအားလုံးကို ကျေးဇူတင်ပေမဲ့ ကျွန်တော်တို့က ကနေ့အချိန်မှာ ရန်ကုန်ဆိုတာ 'ရန်တွေကုန်ပြီ' လို့ မသတ်မှတ်လို့ မလာချင်ကြသေးပါ။ မိသားစုကိုပါ ထည့်မစဉ်စားဘူးလို့လဲ ဇွတ်အတင်း မငြင်းဆိုပါ။

အမှန်တဝက်နဲ့ပြောရရင် ကျွန်တော်တို့ အစိုးရအဖွဲ့ကိုဖျက်လိုက်ပေမဲ့ ဆက်လုပ်နေတာတွေရှိပါတယ်။ အကုန်ပြောမသင့်လို့ အမှန်တဝက်လို့ ရေးလိုက်တာပါ။ လူကတော့ တကယ့်ကို နှစ်ယောက်တပိုင်းသာရှိခဲ့တော့တာ အပြည့်မှန်တယ်။ 

ကျွန်တော်တို့ရဲ့ ၂၄ နှစ်တာ အတွေ့အကြုံကို အကျဉ်းချုပ် တင်ပြချက်ဖြစ်ပါတယ်။ သင်္ခန်းစာ ယူကြပါလေ။

ဒေါက်တာတင့်ဆွေ

၂၇-၉-၂၀၁၄

Comments

Popular posts from this blog

ဝိဘတ်များ

ရေး မြို့ကကြိုဆိုပါ၏ နဲ့  ​ရေးမြို့မှ ကြိုဆိုပါ၏ ဘယ်ဟာအမှန်လဲဆရာ ရန်ကုန်မြို့က ကြိုဆိုပါ၏စာကို တင်တယ်။ ကွန်မင့်တွေလည်း များတယ်။ မက်စင်ဂျာကနေလည်း လာတယ်။ တချို့က နားမလည်။ အမှားကိုသာ မှန်တယ်ထင်ပြီး ရေးကြတယ်။ မတတ်နိုင်။ မှ နဲ့ က ကို ၂၀၁၇ ကတည်းက တင်ပြထားပြီးပါပြီ။ ကို နဲ့ အား လည်းရေးထားတယ်။ ရ နဲ့ က မှားနေကြပြန်တယ်။ နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည်ကိုလည်းကောင်း၊ ကြိယာ၏ နောက်၌တည်၍ ၄င်းကြိယာ၏ ကာလနှင့် အမျိုးအစားကို လည်းကောင်း ဝေဖန်ပိုင်းခြားပြသော စကားလုံးကို ဝိဘတ်ဟု ခေါ်သည်။ ဝိဘတ် (၂) မျိုး ရှိသည်။ ၁။ နာမ်ဝိဘတ် ၂။ ကြိယာဝိဘတ် နာမ်ဝိဘတ် နာမ်၊ နာမ်စားတို့၏ နောက်၌တည်၍ ၄င်းတို့သည် ကတ္တားဖြစ်သည်၊ ကံဖြစ်သည် စသည် ဝေဖန်ပိုင်းခြားပြသော ဝိဘတ်ကို နာမ်ဝိဘတ်ဟု ခေါ်သည်။ နာမ်ဝိဘတ် (၁၇) မျိုး ရှိသည်။ 1. ကတ္တားဝိဘတ် 2. ကံဝိဘတ် 3. ထွက်ခွာရာပြဝိဘတ် 4. ရှေးရှုရာပြဝိဘတ် 5. ဆိုက်ရောက်ပြဝိဘတ် 6. အသုံးခံပြဝိဘတ် 7. အကြောင်းပြဝိဘတ် 8. လက်ခံပြဝိဘတ် 9. နေရာပြဝိဘတ် 10. အချိန်ပြဝိဘတ် 11. ပိုင်ဆိုင်ခြင်းပြဝိဘတ် 12. လိုက်လျောပြဝိဘတ် 13. ယှဉ်တွဲပြဝိဘတ် 14. ခွဲထုတ်ရာပြဝိဘတ် 15. ရည်စူးချက်ပ

ပဲ နဲ့ ဘဲ ဋီကာ

၁။ ပဲမှန်သမျှ ဘဲလား ဆရာခင်ဗျ အငြင်းအနေနဲ့မှ ဘဲ သုံးရတာလားဗျ ခွဲခြားမသိလို့ပါဆရာ ၂။ ဆရာခင်ဗျာ 'ပန်းပန်လျက်ပဲ' မှားတယ်ဆိုတော့ ပဲနဲ့ဘဲ အသုံးလေးရှင်းပြစေလိုပါတယ်ခင်ဗျာ ၃။ ပဲ နဲ့ ဘဲ သုံးတာ ပုံထဲကအတိုင်း မှန်လား မှားလား ဆိုတာ သိချင်ပါတယ် ဆရာ။ ၄။ ချောင်းအစွယ်လား ချောင်းအဆွယ်လားဆရာ မူကွဲတွေကလည်း ကွဲဘဲကွဲနိုင်လွန်း ၅။ မနက်စာ စားပဲဖြစ်ဖြစ် အဆာပြေလေးဖဲဖြစ်ဖြစ် - ဖဲဆိုတာ ဖဲရိုက်တာ။ ၆။ အထင်ကရအစားအစာ တစ်ခုဖဲလေနော် - တခုပဲ (ဘဲ) လေနော်လို့ ရေးရ။ ‘တစ်ခု’ ဆိုရင် မျိုမကျတဲ့အစားအစာ။ ဖဲဆိုတာ ဖဲရိုက်တာ။ ၇။ ငါပဲလုပ်မယ်လားဗျ ပဲ လား ဘဲ လား ဇဝေဇဝါဗျ ၈။ ပဲနဲ့ဘဲကို အမြဲမှားပါတယ် ဒါပဲလို့ပြောယင် အမှားပါလားရှင် - ပန်းပန်လျက်ပဲ မှားတယ်။ ဆိတ်အုပ်ကဗျာ။ - သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် မှားတယ်။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည် ဆိတ်မ။ ဗေဒါလမ်း ညိုပြာပြာ လတာပြင်ခြေရင်း လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။ ဆင်းရလဲ မသက်သာ အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။ ဆောင့်ခဲ့လဲ မသက်သာ နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ တလံကွာ လှ

အဘရောဂါ ကျဆုံးပါစေ

ဒီစာကို ခေါင်းစဉ်အမျိုးမျိုးနဲ့ အခါတရာလောက်တင်ပြီးသား။ စစ်ယူနီဖေါင်းနဲ့လူတွေ့တိုင်း အဘခေါ်ခိုင်းတာ နဝတ ခေတ်ကစတယ်။ နောက်တော့ လူတွေ့တိုင်း အဘဖြစ်လာတယ်။  ကိုယ့်အဖွားမှာ အိမ်ထောင်ဘက်တွေ များရော။ မလုပ်ကောင်းပါ။ ကန်တော့။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အခုဘဲ တယောက်က အဘ။ အဘအသုံးဟာ ယဉ်ကျေးမှု စသဖြင့် အရင်လူတွေရေးသလို ရေးလာပြန်တယ်။ အဘအသုံး နည်းလာပြီ။ အသစ်က Hi နဲ့ နော်။  စောစောက ထပ်မံတင်ပြသေးတယ်။ သားနဲ့ သမီး။ ကျွန်တော်၊ ကျနော်၊ ကျမ၊ ဗျ၊ ခင်ဗျ၊ ခင်ဗျာ၊ ရှင်၊ ရှင့် အသုံးတွေ ပျောက်ကွယ်လာလာတာအတွက် အင်မတန် နှမြောပါတယ်။  အဘမခေါ်ရမနေနိုင်သူတွေ ကျွန်တော့ဆီတော့ စာမရေးသားကြစေလိုပါ။ အခေါ်ခံချင်သူတွေ အများကြီး။  သူများကိုအဘခေါ်သူတွေ ကြီးလာရင် အဘလိုလုပ်ကြလိမ့်မယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ် ကျဆုံးပါစေသတည်း။ ယဉ်ကျေးမှုဖြစ်တယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ် ပြန်မရေးစေလိုပါ။ ဆရာဝန်ကို ဆရာလို့ မခေါ်ချင်သူတွေလည်း မမေးကြစေလိုပါ။ ဒေါက်တာတင့်ဆွေ