သားရေစာ သရေစာ ဘယ်ဟာမှန်သလဲဆရာ အဆင့်မြင့်မူကြိုကျောင်း ၁ခုမှာ သားရေစာ လို့ရေးထားတာတွေ့မိလို့ပါ သွားရည် – န / သဃေ / သဃော / ခံတွင်းမှ (အစားကိုစိုစွတ်စေရန်) ယိုစီးထွက်သော အရည်။ သွားရည်ကျ – ကြိ / သဃေကျ / ၁။ တစုံတရာသော အစားအစာကို မြင်တွေ့ရသောအခါ ပြင်းထန်သော စားလိုစိတ်ဖြင့် ခံတွင်း၌ သွားရည် စိမ့်ထွက် ယိုကျသည်။ ၂။ ကလေးငယ်များ၌ မထိန်းဆည်း တတ်သဖြင့် ခံတွင်းမှ အရည်များ ပါးစပ်ပြင်သို့ ယိုထွက်စီးဆင်းသည်။ ၃။ [ဥပစာ] မြင်တွေ့ရသော တစုံတရာကို လိုလားတပ်မက်သော ဆန္ဒဖြစ်ပေါ်သည်။ သွားရည်ခံ – န / သဃေဂန် / ကလေးငယ် များတွင် ပါးစပ်မှ ယိုစီးကျသော သွားရည်များ စွတ်စိုပေးရခြင်း မရှိအောင် လည်ပင်းသိုင်းကြိုးဖြင့် ရင်ဘတ်ပေါ်တွင် ထပ်တင်၍ ဆွဲခံထားသော အဝတ်တမျိုး။ သွားရည်စာ – န / သဃေစာ / သားရေစာ – န၊ ရှု။ သွားရည်ယို – ကြိ / သဃေယို / သွားရည်ကျ – ကြိ၊ နှင့် အတူတူ။ သရဝဏ် – န / သရုဝန် / နက္ခတ် ၂၇ လုံး အပါအဝင် မြားသဏ္ဌာန်ရှိ ကြယ်သုံးလုံးပါနက္ခတ်တလုံး။ "သရဝဏ်နက္ခတ်မှာ မြားသဏ္ဌာန် (ဝါ) မောင်ရင်ဆိုင်းထမ်းသဏ္ဌာန် သုံးလုံးတန်းလျက်ရှိသည်။" စွယ်ကျမ်း၊ ၆။ ၇၄။ [ပါ] သရီရဓာတ်တော် – န / သရိယဓာတ်တော် / ဘုရား၏ကိုယ်တော်မှဖြစ်သော ...
မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ မြန်မာစာမှန်အောင်ရေးတတ်စေရမည်။