Skip to main content

ရှမ်း သူငယ်ချင်းတွေ

ကွန်မင့်ကနေ မေးပါတယ်။ ဒေါက်တာစိုင်းခမ်းလိတ်နဲ့ ဆရာနဲ့ မန်းဆေးမှာ အတန်းတူလားဆရာ။ ဘယ်သူက အတန်း ပိုစောသလဲ။

သူက ၁၉၇၃ ဆင်း။ ကျွန်တော်က ၁၉၇၂ ဆင်း။ သူက ၁ နှစ်ပဲ ငယ်တာပေါ့။ ဒါဆို သူက အသဲ ဒေါက်တာခင်မောင်ဝင်းတို့နဲ့ အတန်းတူမယ် ထင်တယ်ဗျာ။

ဟုတ်။

ကျွန်တော်က ၁၉၆၅ မှာ ဆေးကျောင်းရောက်ပြီး နောက်တနှစ်ကျမှ အဆောင်နေတယ်။ မန္တလေး ဖါးသာလဖုန်းမှာ အရင်နေရသေးတယ်။ ကျွန်တော်နဲ့ ကုတင်ချင်းကပ်မှာက ကျောင်းသားသစ်၊ စိုင်းလိတ် ခေါ် စိုင်းခမ်းလိတ်။ သူက ရှမ်းဘောင်းဘီကို အမြဲဝတ်တယ်။ ပုလွေတိုတချောင်းနဲ့။ တခါတခါ ဂီတာတလက်နဲ့ အမြဲတွေ့တယ်။ ညမအိပ်ခင်ဆိုရင် သူ့အိပ်ရာပေါ်က ဗလာစာရွက်လေးတွေမှာ သီချင်းစာသားတွေ။ အေဘီစီဒီ နုတ်နဲ့ ရေးထားတာ။ ကျွန်တော်က ဘယ်သိမလဲ။ 

နောက်တယောက်က ဂျွန်တင့်ဆွေ။ ခုံနံပတ်ရှေ့ဆင့်နောက်ဆင့်။

နောက်တယောက်က ၂ တန်းကြီးတဲ့ ကိုခင်အောင်ချိုက ကျွန်တော်နဲ့ ရုပ်ချင်းဆင်တယ်။ မတူတာက သူက စောင်းတီး ကောင်းတယ်။ သူကလည်းရှမ်း။ ကျွန်တော်က တေးဂီတမှာ ညံ့တယ်။ ရှမ်းသူငယ်ချင်းတွေဆီက ဆီတို့ဟူးနဲ့ မုန်ညင်းချဉ် စားရတယ်။ ကျေးဇူး။ 

ဖေါင်ကြီးသင်တန်း၊ ဇေယျ ၁၉ တုန်းက ပြဇာတ်ကတော့ ကျွန်တော်က ရှမ်းအတု လုပ်ရတယ်။ အခုထိ ရှမ်းပြည်ကို မရောက်ဖူးသေးပါ။ ၂၀၁၈ ခုနှစ်ကအလည်ပြန်တော့ မန္တလေးရှေ့ဖက်က ရှမ်းကုန်ပြင်မြင့်ကြီးကို မျှော်ကြည့်ခဲ့တယ်။ သူငယ်ချင်းတွေ နေကောင်းကြပါစေ။

ဒေါက်တာတင့်ဆွေ

၃၁-၁၀-၂၀၁၉

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ