Skip to main content

Lyrics သီချင်းစာသား

ကျွန်တော်က တေးဂီတမှာ အတော်ညံ့တယ်။ စာအရေးအသား၊ စကားအပြောအဆိုနဲ့ ယဉ်ကျေးမှု ဆိုင်တာလေးတွေ ရေးတော့ သီချင်းစာသားတွေကိုပါ အကိုးအကားပြရတယ်။ လိုင်းရစ် ခေါ် သီချင်းစာသားနေရာမှာ လိုက်လိုက်ရှာတော့ သတ်ပုံမှန်တာ ၁၀% တောင်မပြည့်ပါ။

အခုတလော ပို့စ်အဖြစ် သီချင်းစာသားတွေ တင်တာ တွေ့လာတယ်။ တွေ့တိုင်း ဖတ်တယ်။ သတ်ပုံတွေ မှန်တယ်။ အခုတွေ့တဲ့သီချင်းတွေကို ရေးသူရော ဆိုသူတွေကိုပါ ကျွန်တော်က မသိပါ။ နောက်တက်တွေ ဖြစ်မယ်။ ဒါပေမဲ့ သတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

ကျန်းမာရေး မေးကြတာတွေထဲက ကလေးမိဘတွေက စာကို မှန်အောင်ရေးရင် ၂ ဆ ဝမ်းမြောက်ရတယ်။ လူရွယ်တွေ မှန်တာတွေ့တော့လည်း ၂ ဆ ဝမ်းသာရတယ်။

အလွန်ကောင်းတဲ့ စာအဟောင်းတွေ တင်ထားတဲ့နေရာ ၂ ခုလောက်လည်း တွေ့တယ်။ သတ်ပုံမှန်တာ များတယ်။ ကွန်ဂရက်ကျူလေးရှင်း။ 

ကင်ဆာမေးခွန်းတွေနဲ့ ရသဆိုတဲ့နေရာတွေကတော့ ထူးမခြားနား၊ မှားနေကြဆဲ။

စာကို မှန်အောင်ရေးလို့ ကျွန်တော်က ကွန်ဂရက်ကျူလေးရှင်းလုပ်တိုင်းတော့ အထက်ခြေမလွတ်ရပါ။ အောက်ခြေမဟုတ်။ စာကိုမှန်အောင်ရေးသူတွေအထက်က ညွှန်ချုပ်တို့၊ သူဌေးတို့က အမှတ်မပေး၊ ငွေထုတ်မပေး၊ ရာထူးမတိုး ဖြစ်နိုင်တယ်။ ကုန်ရောင်းသူတွေလည်း ဝယ်သူတွေက အမှန်ကို မသိ ဖြစ်နိုင်တယ်။ အိုးနှုတ်ခမ်းက ရွဲ့နေရင်တော့ စလောင်းဖုံးလည်း မတည့်စေနဲ့ဦး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ