Skip to main content

The Third of My Life တတိယအရွယ်

ကျွန်တော့်မှာ ငယ်ကတည်းက အကျင့်ဆိုး အကျင့်ကောင်းလေးတွေရှိတယ်။ လူတိုင်းလိုပါဘဲ။ တယောက်နဲ့ တယောက်တော့ မတူကြပါ။

ဖေ့စ်ဘွတ်ကနေ ကျွန်တော့်အကောင့် အမည်တလုံးနဲ့ ဂိမ်း ပို့စ်တွေလာတတ်တယ်။ တချက်ကလေးမှ လက်နဲ့ မထိရဲပါ။ ဖုန်း၊ တက်ဘလက်၊ လက်ပတော့မှာ ကြောငြာတွေက အလျှံပယ်။ ဂိမ်းနဲ့ လောင်းကစား။

ကျွန်တော် ငယ်စဉ်က ကျောင်းသွား ကျောင်းပြန် လမ်းမှာ ကျားချနေတာတွေ တွေ့ရင် ခဏလောက်သာ ရပ်ကြည့်ပါတယ်။ ကြာကြာမနေအား အိမ်အတွက် သောက်ရေထမ်းရဦးမှာ။

ဆေးကျောင်းရောက်တော့လည်း ဖဲကစားဘူးရုံသာ။ စစ်တုရင် ကစားဘူးရုံသာ။ ဟိုနိုင်ငံ ဒီနိုင်ငံတွေက ကက်စီနိုလည်း ရောက်ဘူးရုံသာ။ အားကစားတော့ နည်းနည်းပါးပါး ငယ်ကတည်းက။ အမြင့်ခုန်၊ ကြက်တောင်၊ တင်းနစ်၊ အခုတော့ အခန်းတွင်း စက်ဘီးနင်းတယ်။

ဝါသနာဆိုတာထက် အချိန်မရတာက ပိုတယ်။ ဆေးကျောင်း၊ ဆရာဝန်၊ နိုင်ငံရေး၊ ဘဝတိုင်းမှာ လုပ်စရာတွေကိုသာ ခေါင်းထဲထည့်အားတယ်။ ဒါတောင် ဘာတခုမှ မထူးချွန်။

အခုလည်း ဆရာဝန်မလုပ်ရ၊ နိုင်ငံရေးလည်း ထဲထဲဝင်ဝင်မဟုတ်တော့။ ဒါပေမဲ့ စာဖတ်ချိန်နဲ့ စာရေးချိန်၊ အချိန်က မလောက်သလိုလို။ ညဆို သန်ကောင်ကျော် တနာရီ၊ တနာရီခွဲမှသာ အိပ်ရာဝင်တယ်။

ဒါတောင် ဘာတခုမှ မထူးချွန်။ တတိယအရွယ်တောင်လွန်ပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ