Skip to main content

ဟုတ် ဟုတ်ကဲ့ ဟုတ်ကဲ့ဗျ ဟုတ်ကဲ့ရှင့်

၁။ ဟုတ် နဲ့ ဟုတ်ကဲ့ ဘာကွာလဲသိချင်ပါတယ်ဗျ

၂။ ဟုပ်ကဲ့ ဆရာ နှင့် ဟုတ်ကဲ့ ဆရာ ဘယ်ဟာ မှန်ပါလည်း ဆရာ။

ဟုတ်ကဲ့ လို့ရေးရ။

၃။ ဟုတ်ကဲ့ လို့ရေးရတာလား ဟုပ် လို့ ရေးရတာလား သိချင်လို့ပါ။

ဟုတ်ကဲ့ လို့ရေးရ။

၄။ ဟုပ်ကဲ့ပါဆရာ၊ သေချာစဥ်းစားပါသေးတယ် ပသက်နဲ့မှတ်လို့၊ ယခုလိုပြင်ပေးတဲ့အတွက် ကျေးဇူးဂါရဝပါ။

ဟုတ်ကဲ့ပါလို့ ရေးရတယ်။

၅။ ဟုဆရာ ဆရာ့ကို အပြင်မြင်ဖူးချင်လို့

ဟုတ်ဆရာလို့ ရေးရတယ်။

၆။ ဟုကဲ့ပါရှင်

ဟုတ်လို့ ရေးရ။ ဟုခေါ်သည်လို့ရေးရ။

၇။ ဟု အမ်ဘယ်လိုပြောရမလဲ ဟု ပြောပြပေးပါ

၈။ ဟုခဲ့ရှင့် နောက်ထပ်ဆေးကို 6 လမှ တိုက်ရမယ်ဟုလားဆရာ

ဟု မဟုတ်။ ဟုခဲ့ မဟုတ်။ ဟုတ်ကဲ့လို့ရေးရ။ ဥပမာ သီလခံယူ ဆောက်တည်နေသူကို ဥပုသ်သည်ဟုခေါ်သည်။

၉။ ဟုပ်ကဲ့ပါဆရာ ယောကျ်ားလေးပါ အသက် ၃၁ ပါ

ဟုတ်လို့ ရေးသင့်။

၁၀။ ဟုပ်ကဲ့ပါဆရာ ကျေးဇူးတင်ပါတယ်။

ဟုတ်လို့ ရေးသင့်။

၁၁။ ဟုကျေဇူပါ

ဟုတ်ကျေးဇူးပါလို့ ရေးရ။

၁၁။ ဟုပ်ကဲ့ ဆရာ စာလုံးပေါင်းမှာရငခွင့်လွှတ်ပေးပဆရာ မသိသာ ရှိရင်လည်း သင်ပြပေးပါဆရာ

မသိတာလိုရေးရတယ်။ ဟုတ်ကဲ့ပါလို့ ရေးရတယ်။

၁၂။ ဟု sorry အမ်ဘယ်လိုပြောရမလဲ ဟု ပြောပြပေးပါ မိန်းမကိုယ်ယားတာဆေးခန်းမသွားပဲသက်သာချင်လို

ဟု မဟုတ်။ ဟုတ်လို့ ရေးရတယ်။ ဥပမာ မောင်ဘဟု ခေါ်သည်။

၁၃။ ဟုပ်လဲဟုပ်ပဲနဲ့ Dj Mix မြန်မာ

၁၄။ ဟုပ်တယ် ပြောပြလိုက်

၁၅။ အခွက်လာပြတာ ဟုပမေ့နေမာဆိုးလို့ ...

၁၆။ ဟုပ် ah အဲ့တာကြောင့်ပဲ ငါတို့ ဒီလို ... ဟုပ်ကို လှမ်းပေးကာ မဲ့ပြုံး ပြုံးပြလိုက်သည်။

၁၇။ ဘာမှဟုပ်ဘူးtatooပြတာ

၁၈။ မင့်ကရှင်းပြနေတဲ့ကြားက သူကမင့်ကို သူက ... ကိုစတိုင်နဲကိုယ်တော့ ဟုပ်နေဒါဘဲ ...

၁၉။ မာယာများတဲမောငဟုပ်ပြမယ

ဟုတ်

တမုဟုတ်ခြင်း

မဟုတ်ပါ

မီးတဟုတ်ဟုတ်

မုံတိုင်းတဟုပ်၊ ဝဲကစုပ်သော်

လင်းဟုပ်ငှက်

ဟုတ်

ဟုတ် = ယုတ္ထာ = ဟုတ်မှန်သောသဘော၊ ဟုတ်မှန်သည်

ဟုတ်ကနဲ

ဟုတ်ကဲ့

ဟုတ်ကဲ့ပါ

ဟုတ်ကဲ့ရှင့်

ဟုတ်တိပတ်တိ ရွာမလိုလိုပါ မိုးတောင်ညိုမည်းလေသောအခါ။

ဟုတ်တိုင်းမှန်ရာ

ဟုတ်ပါစ

ဟုတ်မှန်သည်

ဟုတ်ရာမှန်ရာ

ဟုတ်လေမတ္တ = ဟုတ်လေးတမတ် = မခန့်မငြား မရိုမသေပြုသည်

ဟုတ်သည်

ဟုတ်ဟုတ်ညားညား

ဟုတ်ဟုတ်ညားညား

ဟုပ်

ဟုပ်ခနဲ

ဟုပ်စား = ဟုပ်ပြင်း = လုယက်ဖျက်ဆီးသူ = သူခိုး ဓါးပြ

ဟုပ်တွန်း (လေ)

ဟုပ်ပေရာ၏ (ဟုပေယျ)

ဟုပ်ဟုပ် = အဆောတလျင်

ဟုပ်ဟုပ်မြည်သံ

အဟုတ်အဟတ်

ပြဟုပ်

လင်းဟုပ်ငှက်

ဟု

ဟု ဟု ကြက်ညှာချောင်းဆိုးသံ။

မလှဟု ခေါ်သည်။

ဟုပ်

ဟုပ်ခနဲ

ဟုပ်စား = ဟုပ်ပြင်း = လုယက်ဖျက်ဆီးသူ = သူခိုး ဓါးပြ

ဟုပ်တွန်း (လေ)

ဟုပ်ဟုပ် = အဆောတလျင်

ဟုပ်ဟုပ်မြည်သံ

ဟုပ်ပေရာ၏ (ဟုပေယျ)

အဟုတ်အဟတ်

ဟု ဟု ဟု ကြက်ညှာချောင်းဆိုးသံ။

ပုဂံဈေး (ဇော်ဂျီ)

တရံရောအခပုဂံပြည်၌ တရုတ်ကုန်သည်အချို့နှင့် ပုဂံပြည်သားတို့သည် ရွှေစည်းခုံစေတီအနီးတွငတွေ့ကြ၍ ပုဂံပြည်သားတို့က “နင်တို့သည် ရွှေချညငွေချည်ထိုး အင်္ကျီတို့ကိုသာ ဝတ်ဆင်တတ်ကြသည်။ နွားဝန်တင်၏ ကုန်စည်ကိုသာ ရောင်းတတ်ကြသည်။ စားကောင်းသောက်ဖွယ်တို့ကိုသာ စားတတ်ကြသည်” ဟုပြက်ရယ်ပြုကြသည်။

မောငကိုကို နှင့် မြနန္ဒာ ၁ (ကြည်အေး)

တနေ့လုံး တခါမျှ မဒေါင်းသေးသော ကိုလှဦးက ခေါင်းယမ်း လိုက်သော်လည်း ပြုံးရယ်ကာ “မျှော်လို့သာပန်းရငဲ့၊ လမ်းဘယ်မမြင်” ဟု အသံနေ အသံထားဖြင့် ဆိုလိုက်သည်။

ဒေါက်တာ ခင်အေးရီက “ဂျိုကာကို မျှော်တာလား၊ ခုမှ ရောက်လာသူကလေးကို မျှော်တာလား၊ ရွှေဘိုက ရောက်လာမယ့် ရှင့်ယောက္ခမကြီးရဲ့ သမီးကို မျှော်တာလား... ဟင်” ဟု ပြောပြီး သူ့ဝါသနာအတိုင်း တဟားဟား ရယ်ပစ်လိုက်သည်။

ပြန်လည်ဆုံတွေ့ခြင်း (မြသန်းတင့်)

“ဟေ့ တို့ဆီကို မလာတော့ဘူးလား" ဟု ဆိုကာ လက်ခုပ်တီးလိုက်ပါသည်။ ထိုအခါမှ စာပွဲထိုးသည် ကျွန်တော်တို့စားပွဲဆီသို့ မလှမ်းချင် လှမ်းချင် လှမ်းလာပါသည်။

လက်ခုပ်တီးခေါ်တာ ခင်ဗျားလား"ဟု စားပွဲထိုးက မေးပါသည်။

မြန်မာစာကို မှန်အောင်မရေးသူများနေထိုင်သော တိုင်းပြည်ကို မြန်မာနိုင်ငံဟု ခေါ်သည်။

ထို့ကြောင့် ဆရာဟုခေါ်သည

အချစ်ဟုခေါ်သည

မိသားစုဟုခေါ်ပါသည (ပုံအတွက် ကျေးဇူး။)

မေမေဟုခေါ်သည်

ထို့ကြောင့် ပြင်ဦးလွင်ဟုခေါ်သည

မြန်မာဇာတ်ကား - အဖေဟုခေါ်သည

ထို့ကြောင့်အာဏာဟု ခေါ်သည

ပြည်ထောင်စုဟုခေါ်လေသည

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ