တစ်ခု(တခု)ပါ။ ငယ်ငယ်က ကျွန်မအဖိုး လုပ်ကျွေးတဲ့နည်းအတိုင်းလုပ်ထားပါတယ်။ မတူတာကတော့ ရှမ်းဆန်မရလို့ ထိုင်းဆန်နဲ့ လုပ်ထားရပါတယ်။ ကျွန်မအရင်က ငါးထမင်းနယ်လုပ်နည်းလဲရေးခဲ့ပြီးပါပြီ
လိုအပ်သောပစ္စည်းရှမ်းဆန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ဂျူးမြစ် (သို့) ဂျူးဖူး၊ ငရုတ်သီးခြောက်၊ ကြက်သွန်ပင်၊ ကြက်သွန်ဖြူ၊ဆီ၊ဆား၊ အရသာမှုန့်၊ နနွင်း၊ ငရုပ်အရောင်တင်။
ပြုလုပ်နည်း ရှမ်းဆန်မရှိသောကြောင့် ထိုင်းဆန်ကို ဆန်ချင်ခွက်နှင့် ၂ ခွက်နှင့် ရေဆန်ချိန်ခွက် ၄ခွက်ထည့်ပြီး၊ နနွင်းအနဲငယ်ထည့်ကာခပ်ပျော့ပျော့ချက်ပြီးအအေးခံထားပါ။ ခရမ်းချဉ်သီးနှစ်လုံးကို ထမင်းအိုးထဲ ထည့်ပြုတ်ထားပြီး ထမင်းကျက်လျှင် ခရမ်းချဉ်သီးကို ထုတ်ယူကာ ဓါးနှင့်တောက်တောက်စင်းပြီး
ဒယ်အိုးထဲကာ ဆီထည့်ဘဲ နနွင်း၊ အရသာမှုန့်၊ဆား၊ရေ ဆန်ချိန်ခွက်နှစ်ခွက်ခန့်ထည့်ပြီး ခရမ်းချဉ်သီးချက် အရည်ကျဲချက်ထားပါ။ အာလူးရှစ်လုံးကိုနူးအိအောင်ပြုတ်ပြီး အခွံခွာကာ ကျေအောင်ချေထားပါ။ ကြက်သွန်ဖြူတလုံးကိုထောင်း နနွင်းနှင့်ငရုပ်သီးအရောင်တင်မှုန့်ထည့်ကာ ဆီများများနှင့် အရောင်လှအောင် ဆီသတ်ထားပါ။ ငရုတ်သီးခြောက်ဆယ်တောင့်ကို ဆီပေါ်ကြော်ပြီး ဆီစစ်ထားပါ။ ကြက်သွန်ပင် ၃ ပင်ကိုရေဆေးပြီးပါးပါးလှီးထားပါ။ ကြက်သွန်ပင် ၃ ပင် (သို့) ဂျူးမြစ် (100) g ကို ရေစင်စင်ဆေးထားပါ။ ငါးမုန့်ကြော် ၁၀ ခု။ ထမင်းကို ချက်ထားတဲ့ခရမ်းချဉ်သီးအနှစ် တစ်ဝက်(တဝက်)၊ ချေထားတဲ့အာလူး၊ ဆီချက်၊ အရသာမှုန့်နှင့်ဆားထည့်ကာ စေးပိုင်နေအောင် နယ်ပြီး ပေါ့အငံမြည်းကာ လက်ကို မကပ်စေရန် လက်ကို ဆီချက်သုတ်ပြီး အလုံးသေးသေးလေးတွေလုံးထားလိုက်ပါ၊ စားခါနည်းမှ ပုဂံပေါ် အာလူးထမင်းလုံး ကိုပြားပြား ပါးပါးလေးဖြစ်အောင်ဖြန့်ကာ ခရမ်းချဉ်သီးချက်အရည်ကျဲ၊ ဆီချက် ဆမ်းပြီး ပါးပါးလှီးထားသော ကြက်သွန်ပင်ဖြူးပါ။ ထိုနောက်ဂျူးမြစ်(သို့) ဂျူးဖူး၊ ကြက်သွန်ပင် ငရုပ်သီးတောင့်ကြော်၊ ငါးမုန့်ကြော်တို့နှင့် တွဲကာ အရသာရှိသော အာလူးထမင်းနယ်ကိုသုံးဆောင်နိုင်ပါပြီရှင်။
(မြန်မာ့သတင်းစုံ) ကျေးဇူး။ ဖူးလ်စတော့တွေဖြစ်နေတဲ့ အောက်မြစ်တွေ အားလုံးကို ပြင်လိုက်တယ်။ ငါးမုန့် ပြင်လိုက်တယ်။ မျိုချလို့ အဆင်ပြေအောင် တစ်တွေ ပြင်လိုက်တယ်။ ကြက်သွန်ဖြူတလုံးရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment