၁။ ဆရာ “ဖက်”နဲ့ “ဘက်”လေး သုံးနည်းလေးသိပါစေဗျ။ “အနောက်မြောက်ဖက်လေ”ပါလား ဒါမှမဟုတ် “အနောက်မြောက်ဘက်လေ”ပါလားဆရာ။ ကျန်းမာရွှင်လန်းပါစေဆရာ ကျေးဇူးအထူးပါဆရာ
၄-၅-၆
ခါတော့ တင်ထားပြီး။
၂။ ဆရာ
ဘက် နဲ့ ဖက် သတ်ပုံစစ်ပေးပါနော်
၃။ ဆရာ ခင်ဗျား Comment ပေးလို့ မတော်တဲ့ ကိစ္စမို့
ဒီကနေပဲ ပြောပါစေဗျာ ဒီလိုသာ
ရေးနေရင် ဘက်မလိုက်နိုင်ငံများ အဖွဲ့အစည်းကနေ ဖက်မလိုက်နိုင်ငံများလို့
ဤလူဘောင် နေရာ ဤလူပေါင်
ဖြစ်တော့ပါမယ်။ ဆရာ ဘယ်လိုများ
သဘောထားလဲခင်ဗျာ ဗမာစာဗမာစကား ကို တဦး ထဲက ပြောခွင့်ဆိုခွင့်ရနေသလိုဖြစ်နေပါတယ်
ဘကုန်းလည်း သူ့ဟာနဲ့ သူအနက်အဓိပ္ပာယ်ရှိတယ်
မဟုတ်ပါလား
(နိုင်ငံတော်မီဒီယာပါ
ဆောင်းပါးတပုဒ်ကိုပါ တွဲပြီး မေးတာဖြစ်ပါတယ်။)
၄။ စာရေးတဲ့အခါ 'ဖက်' နှင့် 'ဘက်' သုံးစွဲပုံအကြောင်း သိချင်ပါတယ်ဆရာ။
ဥပမာ - ကိုယ့်ရဲ့ ဘက်တော်သား တဖက်နှင့် တဖက် တဖက်ခြမ်း (သို့) တဘက်ခြမ်း
၅။ ဖက် နှင့် ဘက် ကွဲပြားစွာ
သိလိုပါသည်။ ရပ်တည်ရာ အပိုင်းအခြားအတွက် (ဘက် ) ဟု သုံးသည် ဟု သိထားသည်။ ဥပမာ -
သူ့ဘက်၊ ငါ့ဘက်၊ ဘယ်သူ့ ဘက် ဖက် - လိုက်ဖက် ၊ စုံဖက် ၊ ဖိနပ်တဖက် ဆရာက
(ခိုင်လုံတဲ့ဖက်) လို့သုံးထားတာကြောင့် အမှန်လား သိရှိလို ပါသည်။
၆။ မဂ်လာ(မင်္ဂလာ)ပါ ဆရာ ဖက် နဲ့ ဘက်
ရဲ့ကွာခြားပုံနဲ့ ဘယ်လိုအချိန် ဘယ်နေရာမှာ သုံးရမလဲဆိုတာ မျှဝေပေးပါနော် ဆရာ
ကျေးဇူးတင်ပါတယ်
၇။ ဆရာခင်ဗျာ ဖက် နဲ့ ဘက် ရဲ့
အသုံးကိုလဲ သိပ်နားမလည်လို(လို့)ဆရာ ရေးခဲ့ဖူးသော စာလေးများရှိပါ့သလားခင်ဗျာ
၈။ လက်နှစ်ဖက်၊ လက်နှစ်ဘက်၊ ဘယ်ဟာ
အမှန်ပါလဲဆရာ။ (လက်နှစ်ဘက်နဲ့ ဖက်ထားသည်က မှန်မယ်ထင်ပါတယ်။)
၉။ သူ့ဖက်/ကိုယ့်ဖက် နဲ့
သူ့ဘက်/ကိုယ့်ဘက် ဘယ်လိုရေးတာ အမှန်လည်းဆိုတာ သိပါရစေဆရာ။ (သူ့ဘက် ကိုယ့်ဘက်က
မှန်မယ်။)
၁၀။ ဆရာမင်္ဂလာပါ။ မြန်မာစာမှာ
လေးဖက်နာရောဂါကို ဖက်လား၊ ဘက်လား သိချင်ပါတယ်ဆရာ။ (လေးဘက်နာက ပိုမှန်မယ်ထင်ပါတယ်။)
၁၁။ ဆရာ မေးပါရစေရှင့်။ မြန်မာစာမှာ
ဖက် နှင့် ဘက် ရဲ့ အသုံးအနှုန်းလေး သိပါရစေရှင့်။
၁၂။ လိုက်ဖက်လား လိုက်ဘက်လား ဆရာ
၁၃။ တဖက်လှ နဲ့ တဘက်လှ ဘယ်စာလုံးက
အမှန်ပါလဲ ဆရာ
၁၄။ ယောက်ျားတွေဖက်မှာတော့
လူရွေးမှန်တယ်ဆိုတဲ့ စကားသိပ်မထွက်ဘူး။ ငါတော့မှားဘီဆိုတဲ့ အတွေးတွေပဲ
ခေါင်းထဲမှာရှိတယ်။ ထုတ်သာမပြောကြတာ။
ယောက်ျားက
ပွေ့ဖက်ထားသလို ထင်စေနိုင်တယ်။ ယောက်ျားဘက်က၊ မိန်းမဘက်ကလို့ ရေးရတယ်။
မြန်မာ့ထုံးစံအရ သတို့သားဘက်က တင်တောင်းလေ့ရှိပြီး၊ အိန္ဒိမှာတော့ သတို့သမီးက
တင်တောင်းကြရသည်။
၁၅။ ဆရာ ဒီစာပိုဒ်လေးက
အွန်လိုင်းဂျာနယ်တစ်ခု(တခု)က တွေ့တာပါ။ ကျွန်တော်ရေးရင် တောင်ကြီး အင်းလေးဘက်ကို
သွားမယ့်အကြောင်းလို့ ရေးမိမှာပဲဆရာ။ ပြီးတော့ ကျွန်တော်ရေးမိတဲ့ ဂျာနယ်တစ်ခုနဲ့
ဂျာနယ်တခု ဘယ်ဟာက မှန်ပါသလဲဆရာ။ ကျွန်တော်က တစ်ခုလို့ရေးထားလို့ပါ။
၁၆။ ပြိုင်ဘက်နဲ့ပြိုင်ဖက်
ရှင်းပြပါအုံးခင်ဗျာ
ပြိုင်ဘက်
= ယှဉ်ပြိုင်သူ။
ပြိုင်ဘက်ကိုအရှုံးပေးလို့မဖြစ်ဘူး။
ပြိုင်ဘက်လို့
ရေးတာက ပိုမှန်တယ်။
ပြိုင်ဖက်ဆိုရင်
တခုခုကို အပြိုင်ဖက်ကြတဲ့သဘော။
ကိုယ့်လူ
သူ့ဘက်သား
ဖက် =
လက်မောင်းဖြင့် သိမ်းငင်ပိုက်ယူသည်။
မြန်မာအဘိဓာန်
အကျဉ်းချုပ် (၁၉၇၉)
ဘက်
၁။
အရပ်မျက်နှာ၊ လားရာ။ (မြောက်ဘက်၊ အနောက်ဘက် စသည်ဖြင့် သုံးသည်။)
၂။
တစုံတဦး သို့မဟုတ် တစုံတရာ၏ ရပ်တည်ရာအပိုင်းအခြား။
၃။
ခွဲဖြာသော အပိုင်းအခြား။ (အများအားဖြင့် ၂ ပိုင်း) ကို ရေတွက်ရာတွင် သုံးသည့်
စကားလုံး။ (ခြေတဘက်၊ မြစ်ကမ်းတဘက်၊ ဖိနပ်တဘက် စသည်ဖြင့် သုံးသည်။)
တောင်ဘက်မြောက်ဘက်
ဘက်ကန်
ဘက်စုံ
ဘက်စုံတော်သည်
ဘက်ညီသည်
ဘက်တံ
ဘက်တိုက်
ဘက်တော်သား
ဘက်ထရီအိုး
ဘက်ပြန်
ဘက်ပြောင်း
ဘက်ပဲ့
ဘက်မလိုက်လှုပ်ရှားမှု
ဘက်မဲ့ကြုံးသား
ဘက်ရိုက်ကစား
ဘက်လိုက်
ဘက်လဲတကင်း
(ဖက်လည်းတကင်း = စုံမက်နှစ်သက်ဘွယ်ပြုသည်)
ဘီလူးသဘက်
(ဘီလူးသားဘက်)
ဘီလူးသားဘက်
သန်ဘက်ခါ
သူ့ဘက်ကိုယ့်ဘက်
ဖက်
ကွမ်းသီးဖက်
ဆက်ဆစ်ဝါဒ
ဆန့်ကျင်ဖက်
တဖက်တလမ်း
ပြောင်းဖူးဖက်
ပွေ့ဖက်ထားသည်
ပေါင်းဖက်သည်
ဖက်၍ထားသည်
ဖက်ကတော့
ဖက်ခွက်စား
ဖက်ခွက်နာ
ဖက်စပ်
ဖက်စပ်လုပ်ငန်း
ဖက်စိမ်းရောင်
ဖက်စိမ်းလိပ်
ဖက်ဆွတ်ပင်
ဖက်ဆွတ်မှို
ဖက်ဆွတ်မိုး
ဖက်ဆွတ်ရေ
ဖက်ဆွတ်ရေမျိုး၊
မချိုးသောက်ရာ၊
ဖက်ဆေးပေါ့လိပ်
ဖက်ညွန့်
ဖက်ညီ
ဖက်တွဲ
ဖက်တော်သား
ဖက်ထစ် =
အမြဲမကွာ
ဖက်ထား
ဖက်ထုပ်
ဖက်ပြိုင်
ဖက်ဖူးဆင်
ခင်ခင်ကြိုက်တယ်
ဖက်ဖူးရောင်
ဖက်မပြောနဲ့
ဖက်ယမ်းနမ်းရှုပ်
ဖက်ယှဉ်ဖက်တွဲ
ဖက်ယားပင်
ဖက်ရမ်း
ဖက်ရှင်
ဖက်ရှင်ဝတ်
ဖက်လိပ်ပိုး
ဖက်လဲတကင်း
ဖက်လဲတကင်း
= စုံမက်နှစ်သက်ဘွယ်ပြုသည်
ဖက်ဝန်း
(သစ်သား)
ဖက်သန်းပင်
ဖက်အုပ်ပင်
ဘန့်ပွေးဖက်
ရှမ်းဖက်လိပ်
လက်ဖက်ခြောက်
သနပ်ဖက်
သွားဖက်လာဖက်
အင်ဖက်
ဘက် နဲ့
ဖက်ကို သတ်ပုံကျမ်းတွေမှာ ခွဲခြားထားတယ်။ လက်တွေ့စာရေးတဲ့အခါ သတိထားစရာလည်း
ရှိတယ်။ တောက်ကြီးဖက် ဆိုတာ တောင်ကြီးဒေသထွက် ဖက်လား။
တရားသေမဟုတ်ဘဲ
ရေးတာမျိုးလည်း ရှိပါတယ်။
အညာဘက်က
အခေါ်အဝေါ်
မြစ်အနောက်ဘက်သား
အနောက်ဖက်လွန်မင်းတရား
သူ့လူ
ကိုယ့်ဘက်သား
ဘက်မလိုက်လှုပ်ရှားမှု
ရာဇဓာတုကလျာဖွဲ့
ရတု (နတ်သျှင်နောင်)
တင့်လှပေဟန်၊
ဖက်မဲ့ရန်တည့်(ဖက်မရန်တည်း)၊ ခြောက်တန်နတ်ရွာ၊ ဘုံကလာသို့၊ ပြာပြာလတ်လတ်၊
မွတ်မွတ်ညက်ညက်၊ ရွှန်းရွှန်းစက်မျှ၊ ဝင်းလက်ရောင်ရွှေ၊ အခေါင်ပေတည့်၊
တောင်နေနတ်ဟန်၊ မြတ်သစ်ကြန်နှင့်၊ ပန်းမှန်ရေးချ၊ ထုံးနေမကျော၊ ပန်းရောဆံကြာ၊
ချတိုင်းသာလျှင်၊ ရွှေဝါဖိတ်ရွှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊
မဥ္ဇူမျက်မည်း၊ ပေါ်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ်ချည်းမြင်က၊ နတ်ပင်ယိုးမှား၊
ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွတ်သည်၊ ဘုံထွတ် နန်းတောင် နေတို့လော။
- တင့်လှပေဟန်၊
ဘက်မရန်တည့် (ဦးဘေမောင်တင်ရဲ့ မြန်မာစာပေသမိုင်း ၁၃၁၇ ထုတ်)
- ရွှေကျမ်းသစ္စာ
မသွေးတမ်းချစ်မှာ ပစ်မခွါ အနှစ်တရာ ရှစ်ကမ္ဘာမကပါ မေတ္တာမျှလာ တူနှစ်ဖြာ
အကြောင်းရေစက် ပေါင်းဖက်ဖို့ ဖန်လာ (မင်္ဂလာတေး တွံတေးသိန်းတန်)
- ချစ်တိုင်းညားတဲ့
သည်ဘဝတာ ကြင်စဦးမောင်မယ် စိန်ရော ရွှေရော နေနဲ့လလို လိုက်ဖက်ညီတယ်
သူငယ်ချင်းတို့အရွယ် (သူငယ်ချင်းတို့မင်္ဂလာပွဲ)
- နှစ်ဖက်လှဝေဒနာ၊
တကယ်လား၊ တမျှင်ဖြတ်လဲ၊ တရိပ်လား၊ နှစ်ရိပ်လား၊ (နောင်)
- မောင့်တပွင့်ပန်း၊
တဖက်သားတချက်အငိုက်ကို၊ (မောင့်အရိုင်းပန်း)
ဖက် ဘက် https://burmese-spelling.blogspot.com/.../blog-post_58.html
မိတ်ဘက်
နဲ့ မဟာမိတ် https://burmese-spelling.blogspot.com/.../blog-post_871.html
ဖက်ဖူးဆင်ခင်ခင်ကြိုက်တယ်
(ခင်သစ်လွင်) https://www.youtube.com/watch?v=mfc9uxXwJlg
ဖက်
နှင့် ဘက် https://burmese-spelling.blogspot.com/2022/12/blog-post_616.html
ဖက်
နှင့် ဘက် (အဆက်) https://burmese-spelling.blogspot.com/2025/03/blog-post_963.html
ဖတ် နဲ့
ဖက် မှားရေးတာတွေ အများကြီး https://burmese-spelling.blogspot.com/2023/06/blog-post_893.html
ဒေါက်တာတင့်ဆွေ


Comments
Post a Comment