Skip to main content

တို့ နှင့် ဒို့


၁။ တို့ နဲ့ ဒို့ ကိုလည်းရှင်းပြပေးပါလား ဆရာခင်ဗျ။
၂။ တို့မိတ်ဆွေ ကို ဒို့မိတ်ဆွေ လို့ ရေးကြသလိုပဲ ဆရာ  အသုံးလေး သိလိုပါတယ် ဆရာ
၃။ ဆရာ ဒို့ပြည် ဒို့မြေ မဟုတ်ဘူးနော်
၄။ တို့တတွေ နဲ့ ဒို့တတွေ၊ တို့ မင်းကို နဲ့ ဒို့မင်းကို ဘယ်ဟာအမှန်ဖြစ်မလဲ ဆရာခင်ဗျ။
၅။ ဆရာ ကိုးရို့ကားယားရဲ့ စာလုံးပေါင်းအမှန်နဲ့ တို့ နဲ့ ဒို့ ရဲ့ ကွဲပြားပုံတွေ သိပါရစေဆရာ။                         
ကိုးလိုးကန့်လန့်လို့ အရင်ထုတ်သတ်ပုံတအုပ်မှာပါတယ်။ ခုခေတ်မှာ ကိုးရိုးကားရားလို့တွေ့ရတယ်။
တို့
ကုတို့ဆိပ်
ခါးကိုတို့သည်
စာရင်း တို့ (ရေးမှတ်) ထားသည်
ဆီတို့ဖူး
ဆေးတို့ပတ် (ဆေးတို့ဖတ်)
ဆေးလိပ်မီးတို့သည်
တို့ကနန်း ဆိတ်ကနန်း
တို့ကျောင်းသားစာစောင်
တို့စရာနှင့် ငါးပိရည်
တို့တတ် ပင့်တတ်သူ
တို့တို့ဆိတ်ဆိတ်
တို့ထိသည်
တို့ဖတ်ပုဝါ
တို့ဗမာအစည်းအရုံး
နာမည် တို့မှတ်ထားသည်
မေ့ဆေးနှင့်တို့သည်
ရေမွှေးတို့ (ဆွတ်) ထားသည်
လေးတောင်းတတို့ရှိသည်
သူတို့လာကြပြီ
ဒို့ဆိုတာ မြန်မာသတ်ပုံစာအုပ် အဟောင်းတွေမှာရော အသစ်တွေမှာပါ မပါ။ စကားအရာမှာသာသုံးတယ်။ ကဗျာ? ကြွေးကြော်သံ၊ သံချပ်၊ သီချင်းတွေမှာတော့ ရေးကြတယ်။ အဲတာကလည်း နောက်ပိုင်းမှသာရေးတာ။ အရင်က တို့လို့သာ ရေးပါတယ်။
ဗမာပြည်သည် - တို့ပြည်
ဗမာစာသည် - တို့စာ
ဗမာစကားသည် - တို့စကား
တို့ပြည်ကို - ချစ်ပါ
တို့စာကို - ချီးမြှင့်ပါ
တို့စကားကို - လေးစားပါ
တို့ဗမာအစည်းအရုံးနဲ့ ဗမာပြည်လို့ မူလတံဆိပ်မှာ ရေးပါတယ်။ ဗမာကို မြန်မာလုပ်တာက အစာမကျေတဲ့နိုင်ငံရေးသာဖြစ်တယ်။
ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ (နိုင်ငံတော်သီချင်း)
သိကြားမင်းလည်း “မောင်နတ်သားတို့၊ အမောင်တို့ ၌ လူသားတို့၏ ဘောပွဲကို ကြည့်သည်လည်း တပြစ်၊ ရထား ခိုးစီးသည်လည်း တပြစ်၊ ဤနှစ်ပြစ် ရှိ၏တကား၊ အမောင်နတ်သားတို့ အဘယ်ဆိုဖွယ်ရာအကြောင်း ရှိသေးသနည်း” ဟု မေးမြန်း၏။ (နတ်ပြည်က ဝတ္ထု - ဇော်ဂျီ)
တို့ဗမာ သခင်ဗဟိုဝယ် တို့သာလျှင် တဗိုလ်ကျမဟဲ့ဆိုတဲ့ အလိုမငယ် (သခင်ကိုယ်တော်မှိုင်း)
တို့ဗမာ သီချင်း (နောင်ဥဒါန်း ဘယ်မကျေ)။ တေးရေး - ဝိုင်အမ်ဘီဆရာတင်။ တေးဆို - သန်းမြတ်စိုး
https://www.youtube.com/watch?v=gBXpn3NQqKw
ကဗျာ၊ သီချင်း၊ ဆောင်ပုဒ်၊ ကာတွန်း၊ ကြွေးကျော်သံ စတာတွေမှာ အသံနဲ့ ကာရန်ကို ဦးစားပေး ရေးလေ့ရှိတယ်။ အဲလိုရေးတာတိုင်းကို စံကိုက်သတ်ပုံလို့ မယူရပါ။
ဒို့ကျောင်းသား (ဇဝန)
မောင်လေး ဒို့ကျောင်းသား ကဗျာ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ