Skip to main content

ရွှေသဇင်

(ဦးတိုး၏ ရာမရကန်မှာ သဇင်ပန်းဆွဲ)
မောင်ကိုကို အသံသွင်းသည်။
ဆို - ဝင်းဦး။
(စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင် နေရောင်မခံ၊ ပန်းပျံပင်ဆင့် မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊ မိုးမခဘူး) ၂
နွေလသန်ပေါက် ရက်ချိန်ရောက်ကာမှ နှင်းသောက်ကယ်ရွှင်ရွှင်၊ ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်ငွေပင်ဆင့် ပတ္တမြားပင်ဆင့် ဂမုန်းအင့်အဖက် ဆောင်းစက်ရိပ်ခို ရေတွက်လို့ ဆိုတော့မည်။ လက်တံတိုတမည်၊ လက်တံရှည်နဲ့ နေရောင်ခြည် လရောင်ဝါ မိုးလုံးပြာ မိုးလုံးမှိုင်း ပုလဲဆိုင် ပုလဲနှစ် ချစ်စရာ့လိပ်ပြာတောင် နီလာရောင် တောင်လုံးမြိုင် သုံးပွင့်ဆိုင် ခိုင်လုံးလန်း 
ပင်လုံးလန်း နွယ်တန်းယိမ်း ညှာတံစိမ်းများတို့ လေသိမ်းတိုင်းလှ ကိန္နရီကသည့်နှယ်။
တချို့က နီပြာပြာ တချို့က ဖြူဝါဝါ တချို့မှာချိပ်ပွင့် တချို့မှာ ပန်းရင့်လို ပင်ဆင့်ပန်းပျံ ဘွဲ့အမည်ခံချင်းတွင် ဝေယံနန်းမြင့် ပန်တိုင်းတင့်မို့ မြို့ဝန်မင်းစာ လိပ်မပါဘဲ ကွယ်ရာဈေးပြင် ရောင်းလို့များ မြင်မလား သေချင်သေ ရှင်ချင်ရှင် အင်တန့်အင်တန် ဇာတ်တော်ခံသည် မြတ်ပန်တော်ပန်း၊ ခိုင်လုံးလမ်းကို ဟို ချောင်ပန်းပွင့် ဘယ်ဂုဏ်ကြောင့် ဝင့်သတုန်း (ဘုန်းနှင့် ကံနှင့် ရွှေသဇင်) ၄။
မူကွဲတွေ မူလွဲတွေ ရှိပါသည်။ သီချင်းစာသားပါ သတ်ပုံတွေကို မပြင်ပါ။
http://mmblogtesting.blogspot.com/2014/10/blog-post_41.html
ခုခေတ်လိုသာ တတွေကို လျှာရှည်ပြီး စသတ်နဲ့ရေးနေလို့ကတော့ ဖိတ်စာရှည်တာနဲ့ ရာမနဲ့သီတာ တော်တော်နဲ့ လက်ထပ်ကြရမှာ မဟုတ်။ 
ဝီကီပီးဒီးယားမှာ စာသားသတ်ပုံတွေ မှားနေတယ်။ မှန်အောင်ပြင်သင့်ပါတယ်။
ကျွန်တော် အရင်တခါ ကူးတင်စဉ်ကစာမှာလည်း အမှားတွေပါခဲ့လို့ လိုက်ပြင်ရပါတယ်။ ဆောရီး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ