ဆို - စိုင်းထီးဆိုင်
ဟန်ဆောင်စကားတွေ
ငါတခွန်းမှ မပြောခဲ့တာလည်း မင်းအသိပါပဲ
ဟန်ဆောင်အလှတွေ
ငါတခုမှမပြခဲ့တာလည်း မင်းအသိပါပဲ
နေချင်ရင်ကိုယ့်သဘောနဲ့နေ
မနေချင်ရင်သွားပေါ့ မတားပါဘူး
လူဆိုတာကိုယ့်အကြောင်းနဲ့ကိုယ်
နေရာတိုင်းတယောက်အကြိုက် မလိုက်နိုင်ဘူး
တခါငိုရရင် တခါမကပြုံးခဲ့ဖူးတာလည်း
မမေ့လိုက်နဲ့ဦး
အချိန်ရှိသေးတယ်
နောက်ဆုံးလို့ နှုတ်မဆက်ခင်မှာ စဉ်းစားပါဦး
နေချင်ရင်နေလိုက်ကြယုံ
မနေချင်ရင်သွားပေါ့ မတားပါဘူး
လူဆိုတာမာနနဲ့ပါ
နေရာတိုင်းတော့ အရှုံးမပေးနိုင်ဘူး
မလွယ်တာတွေ့ရင်
ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး
အလိုဆန္ဒတွေ မပြည့်လို အမုန်းမဖက်ခင်မှာ
စဉ်းစားပါဦး
နေချင်ရင် ကိုယ်အသိနဲ့နေ
မနေချင်ရင်သွားပေါ့ မတားပါဘူး
လူဆိုတာသူစွမ်းသလောက်သာ
အရာရာတိုင်းတော့ လုပ်မပေးနိုင်ဘူး။ ။
သတ်ပုံမှန်ခေတ်က သီချင်းစာသားဖြစ်ပါတယ်။ လင့်တွေ အများကြီးထဲမှာ ဒီတခုသာ စာသားသတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။
https://www.youtube.com/watch?app=desktop&v=O1CSILvHZyM
ဒေါက်တာတင့်ဆွေ

Comments
Post a Comment