ခုတလော ဘာလဲ မသိပါ။ နောက်ခံ အရောင်တခုခုပေါ်မှာ စာတွေရေးတင်နေကြတယ်။ ဆုံးမစကားတွေလိုလို၊ လမ်ညွှန်ချက်လိုလို။
အစက လက်ရေးလှကျင့်နေကြတယ် အောက်မေ့တယ်။ သူတို့လက်ရေးလေးတွေက ဝိုင်းစက်နေတာပဲ။ ကျွန်တော်တို့ငယ်ငယ်ကတော့ လက်ရေးလှကို လေးကြောင်းမျဉ်းနဲ့ လေ့ကျင့်ကြရတယ်။
အခုခေတ်မှာ လက်ရေးက အလိုလိုလှနေကြတာ။ ဒါပေမယ့် သူတို့ဖုန်းမှာ စပေ့စ်ဘား ပါပုံမရ။ စာကို အစကနေ အဆုံးအထိ အဖြတ်အတောက်မပါဘဲ ရေးကြတယ်။ ကွန်ပြူတာက ဝါကျတကြောင်းလို့ နားလည်တယ်။
မေးခွန်းတွေလည်း ဝတ္တုတိုတပုဒ်လောက် ရှည်တာမှာ အဖြတ်အတောက်မပါလို့ ခေါင်းစားတယ်။
ပုဒ်ထီး၊ ပုဒ်မအစား ဒေါ့ နဲ့ရိုက်တော့ ကွန်ပြူတာက ဖူးလ်စတော့လို့ မှတ်ယူပြီး ဝါကျတကြောင်းတည်းသာဖြစ်စေတယ်။
နည်းနည်းကို နည်း၂ လို့ကရေးကြသေး။ နည်းအမှတ်၂ သို့မဟုတ် ဒုတိယနည်းလို့ ထင်နေတာ။
ကွန်ပြူတာနဲ့ ဖုန်းကနေစာရေးတာ လက်ရေးကလှပြီးသား။ လွဲတာနဲ့ မမှန်တယအပြင် မှားကြတယ်။
ဒေါက်တာတင့်ဆွေ
၇-၁-၂၀၁၇

Comments
Post a Comment