Skip to main content

လှည်းယဉ် လေးချိုးကဗျာ

"လယ်တပွဲ၊ လှည်းတစီး၊ နွားတရှည်း"
တချို့က လှည်းအငယ်စား လှလှပပဆင်ထားတာကို လှည်းယဉ်လို့ပြောကြတယ်။ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ ၁၂၊ စာမျက်နှာ ၂၈၀ မှာ “လှည်းယာဉ်ဆိုသည်မှာ ခြောက်စထောင် ပွတ်လုံးရံတိုင်ကဲ့သို့ လှည်းအိမ်ကို အလှအပ ပြင်ဆင် မွမ်းမံထားသော အလှစီးလှည်းမျိုးဖြစ်သည်” လို့ ပါရှိပါတယ်။
ယာဉ်
ဆင်ယာဉ် (စီးစရာဆင်)
နွားယာဉ်
မြင်းယာဉ် (စီးစရာမြင်း)
မော်တော်ယာဉ်
ယာဉ်ထိန်းရဲ
ရထားယာဉ်
လှည်းယာဉ် (စီးစရာလှည်း)
လှေယာဉ်
လေယာဉ်ပျံ
ဝေါယာဉ်
ယဉ်
ယဉ်ကျေးသည်၊ ယဉ်ကျေးမှု
ယဉ်စွန်းတန်း
ယဉ်ထွေးဧရာ
ယဉ်ပါး
ယဉ်ပိုက်
ယဉ်မင်းရုပ်
ယဉ်လွန်ဆင်
ယဉ်သွား (ရက်ကန်း)
ယဉ်အောင်ပြုသည်
ယောင်ယင်ငှက်
ရက်ကန်းယင်သွား
ရေယင်မျှော်ရွာ
လက်မယဉ် = လက်ဆော့သူ
လင်းယဉ်တိုင်
အေးယဉ်ကျူး
ဥတ္တရယဉ်
မူကွဲ နဲ့ မူလွဲတွေ အများကြီး တွေ့လာရတယ်။
မူကွဲ (၁) လှည်းယဉ်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
ပျိုတို့လူ ယာမလုပ်တယ် ဝါးခုတ်တဲ့ တောင်။
နွားညီနောင် စည်အောင်ပ ဖေကျောင်း။
မယ်နှင့်မောင် အတူနေရမှ
ဆူဝေအောင် ချူတွေဆွဲလို့ရယ်
လှည်းယှဉ်နဲ့မောင်း။ (အမည်မသိ စာဆို)
မူကွဲ (၂) ခလောက် ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့မောင် ယာမလုပ်တယ် ဝါးခုတ်တဲ့တောင်။
နွားညီနောင် ညီအောင်ပ ဖေကျောင်း
မယ်နဲ့မောင် တူယှဉ်တွဲပါလို့
ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်
လှည်းယဉ်နဲ့မောင်း။
မူကွဲ (၃) လှည်းယဉ် လေးချိုး
လှည်းယှဉ် (မှား)
အမည်မသိ ရှေးစာဆို
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။
ပျိုတို့လူ ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်။
နွားညီနောင်၊ စည်အောင်ပ ဖေကျောင်း။
မောင်နှင့်မယ် တူယှဉ်တွဲကာမှ၊
ယူငင်ကာ ခြူဆင်ဆွဲလို့ရယ်၊
လှည်းယာဉ်နဲ့မောင်း။
မူကွဲ (၄) နွားညီနောင်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်၊
ပျို့တို့မောင်ယာမလုပ်တယ်၊ ဝါးခုတ်တဲ့တောင်၊
နွားညီနောင် စည်အောင်ကွဲ့ ဖေကျောင်း။
မောင်နှင့်မယ် တူယဉ်နွှဲကာမှ၊ ယူငင်ကာချူဆင်ဆွဲလို့ရယ်
လှည်းယာဉ်နဲ့မောင်း။ ဦးကြင်ဥ (၁၈၁၉-၁၈၅၃) မြကန်သာ ကဗျာစာအုပ်မှ
မူကွဲ (၅) မြန်မာ့လှည်းယဉ်
ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်၊
ပျိုတို့မှာယာမလုပ်တယ် ဝါးခုတ်တဲ့တောင်။
နွားညီနောင်၊ စည်အောင်ကွယ့်ဖေကျောင်း
မောင်နှင့်မယ်တူယဉ်နွဲခါမှ
ယူငင်ကာ ချူဆင်ဆွဲလို့ရယ်
လှည်းယဉ်နဲ့မောင်း။ (ဦးရာကျော် လေးချိုး)
မူကွဲ (၆) ရပ်ကြီးသူတို့ U Thein Kywe https://www.ts-parfum.ru/video/ubELix-W1hU
မူကွဲ နဲ့ မူလွဲ မတူပါ။ ရှေးကစာတွေ ကဗျာတွေကို စာသားရော သတ်ပုံမှာ မလွဲအောင် သတိထားထိန်းသိမ်းကြရပါမယ်။ ယဉ်ဆိုတာ ယဉ်ကျေးတာ။ ယာဉ်ကသာ သွားလာစရာယာဉ်။
ခြူ နှင့် ချူ
ချူ
တံချူ
သစ်သီးချူ
ဝမ်းချူ
ဆီးချူ
ချူချာ
မျက်ရည်ချူ
ချူချူချာချာ
ချူသံပါအောင်ညည်း
အရချူနေသည် (ဘန်းစကား)
ခြူ
ခြူဆည်းလည်း
ရွှေခြူကုန်ရွက်
နွားဆွဲသောခြူ
ခြူဆည်းလည်း (ရုဠီသညာဖြစ်၍ အရစ်သာဖြစ်သင့်ဟု ကဝိဓဇသတ်ပုံကျမ်းမှာပါရှိ။)
နောက်ထုတ်သတ်ပုံစာအုပ်တွေမှာ ခြူ မတွေ့ပါ။ အွန်လိုင်းသတ်ပုံမှာ နွားချူလုံးလို့ရေးထားတယ်။ မမှန်ဘူးထင်တယ်။  နောက်ထုတ်သတ်ပုံမှာတော့ လှည်းယဉ်လို့ ပါတယ်။
ကျွန်တော်တို့မြန်မာစာ လှည်းနဲ့ နွားကို မှန်အောင်မရေးသားနိုင်တဲ့အဆင့်ထိ နိမ့်ကျနေတယ်။
လှည်းယဉ်တော် တေးဆို စိုင်းထီးဆိုင် https://zawgyi-unicode-converter.myanmartools.org/

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ