Skip to main content

ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ




ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ

ဆရာရှင့် ကြေညာ နဲ့ ကြေငြာ ဘယ်ဟာမှန်လဲရှင့်

ဝဏ္ဏဗေဓနသတ်အင်း - ကြော်ညာ။ ကြော်ငြာဟု အရေးများသည်။ မဃဒေဝတွင် ကောင်းခြီးကြေညာ၊ လှုံ့ကြော်ငြာဟု ခွဲထား စပ်သည်။

မြန်မာအဘိဓာန် အကျဉ်းချုပ်

ကြေညာ = အထက်အရပ်နှင့် အောက်အရပ်၊ အရပ်ခပ်သိမ်း။ ခပ်သိမ်းကြေညာ ပွင့်လင်းသာ၍။

ကြေငြာ = ကြော်ငြာနှင့်အတူတူ။

ကြော်ငြာ = လူအများ ကြားသိအောင် ဟစ်အော်သည်။

ကြော်ငြာစာ = အများသိအောင် လုပ်ရသော စာရွက်စာတမ်း။

ကဝိဓဇသတ်ပုံကျမ်း - ကြော်ငြာစာ။ ကျောညာ (လူသိစေခြင်း)။

ဦးသာမြတ်သတ်ပုံကျမ်း - ကျေညာ

ဦးနေဝင်းခန့် မြန်မာစာအဖွဲ့ - ကြေညာ

ကြော်ငြာ ဆပ်ပြာ၊ အဖြာဖြာ၊ အမြွာ ရ-ရစ်ရေး။

ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ https://burmese-spelling.blogspot.com/2023/02/blog-post_966.html

ကျေညာ ကြော်ငြာ ကြေညာ ကြော်ညာ (၂) https://burmese-spelling.blogspot.com/2025/09/blog-post_865.html

၄။ မင်္ဂလာပါဆရာရှင့် ယက္ကန်းထည် နဲ့ ရက်ကန်းထည် ဘယ်ဟာကအမှန်လဲသိချင်လို့ပါရှင့်
မြန်မာစာမှာ မူကွဲစာလုံးတွေ မနည်းမနောရှိတယ်။
- ကျမ္မာရေးရေး ကျန်းမာရေးရေး ရောဂါမရှိမှ နေကောင်းတယ်။ 
- ဒါးရေးရေး ဓါးရေးရေး သွေးထားမှသာ ထက်တယ်။
- မုံ့ရေးရေး မုန့်ရေးရေး သန့်ရှင်းတာ စားကောင်းတယ်။ 
- လက်ဖက်ရေးရေး လ္ဘက်ရေးရေး ရှမ်းကုန်းပြင်မြင့်ကလာရင် ကောင်းတယ်။ 
ကချေသည် နဲ့ ကခြေသည်
ကစွန်း နဲ့ ကန်စွန်း
ကျမ္မာ နဲ့ ကျန်းမာ
ကျေညာ နဲ့ ကြေညာ
ကြက်သရေ နဲ့ ကျက်သရေ
ကုတင် နဲ့ ခုတင်
ချီးကျူး ခြီးကျူး ခြီးကြူး 
ငပိ နဲ့ ငါးပိ
စပယ်ပန်း နဲ့ စံပယ်ပန်း
ဆန်ခါ နဲ့ ဇကာ
တကျော့နှစ်ကျော့ တေးကိုသီ သီချင်း 
တကျော့နှစ်ကျော့ ရုပ်ရှင် အသစ် 
တကျော့နှစ်ကျော့ ရုပ်ရှင် အဟောင်း
တကြော့နှစ်ကြော့ တေးကိုသီ ကဗျာ
တဘီကျွတ်၍ လွှတ်လိုက်သည် (ရုပ်ရှင်)
တရုပ် တရုတ်
ထဗီစိမ်းဆင်ထားသည့် စစ္စတာတဦး (တက္ကသိုလ်ဘုန်းနိုင်၊ ဝသန်လေချိန်မှန်ကူး)
ထမီကျွတ်၍ လွှတ်လိုက်မည် (မောင်သာရ)
ဒါး နဲ့ ဓါး
ပဌမ နဲ့ ပထမ
ဖတ်စာ နဲ့ ဘတ်စာ
ဖိနပ် နဲ့ ဘိနပ်
မြင့်မိုရ် နဲ့ မြင်းမိုရ်
မြမ္မာ နဲ့ မြန်မာ
မိမ္မ နဲ့ မိန်းမ
မုံ့ နဲ့ မုန့်၊
ယက္ကန်း နဲ့ ရက်ကန်း
ယ္ခင် နဲ့ ယခင်
ရုံးပတီ (၁၉၉၁ မြန်မာအဘိဓာန်)
ရုံးပတီသီး (ကဝိဓဇ သတ်ပုံကျမ်း)
လက်ဖက် နဲ့ လ္ဘက်
သင်္ခန်း နဲ့ သင်ခန်း
သန်ကောင် နဲ့ သန်ခေါင် သန်းကောင်
သမတ နဲ့ သမ္မတ
သမီး နဲ့ သ္မီး 
သ္ခင် နဲ့ သခင်
မြန်မာစာမူကွဲစာလုံးတွေရှိတယ်။ တရားသေ တမျိုးတည်းသာမှန်တယ်လို့ အမိန့်လို မလုပ်ရပါ။
မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ၁၉၉၁ ထုတ် မြန်မာအဘိဓာန်စာအုပ်ကနေ ပလီခိုင်းတားတာ။ ကန်တော့ + ဆောရီး။
ဝီကီပီးဒီးယားမှာ မြန်မာ့စွယ်စုံကျမ်းပါ စာတွေကို တင်နေတယ်။ ၎င်း ကို လည်းကောင်းလို့ လိုက်ပြင်နေတာတွေ တွေ့တယ်။ မှားတယ်။ မတူကြပါ။ အမှန်အတိုင်းသာ ပြန်ပြင်တင်ကြပါ။ မြန်မာစာသည် မြင့်မိုရ်တောင် တက်ခဲ့ရာကနေ ဟိမဝန္တာတောင်ကိုဆက်၍ တက်နေပါသည်။ သို့သော် ဘင်္ဂလာပယ်လယ်အော်ထဲ နစ်မြုပ်နေတော့သည်။
၅။ ကမ္ဘာမကျေဘူး ကမ္ဘာမကြေဘူး ဘယ်ဟာ အမှန်ရေးရလဲရှင့်
ကမ႓ာမကျေ (ကမ႓ာမကြေ)
၆။ ဆရာရေ တခုလောက်မေးချင်လို့ပါရှင့်။ တိုင်းပြည်တာဝန်ကို (ကျေပွန် / ကျေပြွန်) စွာထမ်းဆောင်ပါမည် ဆိုတဲ့စာသားထဲက (ကျေပွန်/ကျေပြွန်) ဘယ်တခုက အမှန်လဲရှင့်။
ကျေပွန်လို့ အများဆုံးရေးတယ်။ သတ်ပုံစာအုပ်ဟောင်းတအုပ်မှာ ကျေပြွန်လို့ပါ ပြထားတယ်။ ပို့စ်တခုက မယုံမရှိနဲ့ ကြွေးအကုန်ကြေတယ်တဲ့။ သတ်ပုံမှားနေတယ်။ အကြွေးကျေလို့ ရေးရတယ်။ အဲတာက နဂါးမယ်တော် ငါးဖေါ်တဲ့။ ဘုရားတဆူမှာ အကြွေးကြေလို့ ရေးထိုးထားတယ်။ အကြွေးကျေကသာ မှန်တယ်။ နဂါးဆိုတာ ဒဏ္ဍာရီပုံပြင်တွေထဲမှာသာရှိတာ။
ကျေ
ကမ႓ာမကျေ (ကမ႓ာမကြေ)
ကျမ်းကျေ
ကျိန်းကျေ၊
ကျေ (ပျောက်ကွယ်)
ကျေကျေနပ်နပ်
ကျေကုံ
ကျေချမ်း
ကျေညက်၊
ကျေညာသည် (မူလသတ်ပုံ)
ကျေနပ်
ကျေပ
ကျေပျက်
ကျေပျောက်
ကျေပွန် (ကျေပြွန်)
ကျေပွေ့ (ကျည်ပွေ့)
ကျေမွ
ကျေရာကြေကြောင်း
ကျေလည်
ကျေအေး
ကြွေးကျေ
စာကျေ
စိတ်ကျေ၊
စိတ်ကျေနပ်သည် (စိတ်ကြေနပ်သည်)
စိတ်မကျေပွဲ၊
ဆယ်လီကျေ
ဇယားကျေ
တာဝန်ကျေ
ဒဏ်ကျေဆေး
နောကျေ
ပျက်ကျေ၊
ပွတ်ခုံပွတ်ကျေ
ပဲတင်းပဲကျေ
မင်းတိုင်းကျေ၊
လောကွတ်ကျေ၊
ဝတ္တရားကျေပွန်
ဝတ်ကျေတမ်းကျေ
ဝတ်ကျေဝတ်ကုံ
သဘောတရားကျေညက်
သေကျေ
အခဲမကျေ
အသုံးလုံးကျေ
အောက်သက်ကျေ။
ဥဒါန်းမကျေ
ဧည့်ဝတ်ကျေ
ကြေ
ကမ႓ာကြေသော်လည်း ဥဒါန်းမကျေ (ကမ႓ာမကျေ)
ကြေ (မုန့်မုန့်ညက်ညက်ဖြစ်)
ကြေကြေလယ်လယ် (ကြေကြေလည်လည်)
ကြေကွဲဝမ်းနည်း၊
ကြေငြာ
ကြေညက်
ကြေညာ (နောက်သုံး)
ကြေပြုန်း
ကြေမြည့်
ကြေမွ
ကောလီကြေ
စိစိညက်ညက်ကြေ၊
စိတ်ကြေနပ်သည်
တွန့်ကြေ
ထုချေ၍ကြေသွားသည်
ထောင်းထောင်းကြေ
ဖွတ်ဖွတ်ကြေ
မြည့်မြည့်ကြေ
မွမွကြေ၊
မုန့်မုန့်ညက်ညက်ကြေ
လေကြေဆေး
သိသိကြေ
သေသေကြေကြေ (မိုက်မိုက်ကန်းကန်း)
အစာကြေဆေး
အစာကြေညက်
အညာ-အကြေ (အထက်အရပ်- အောက်အရပ်)
အတွင်းကြေကြေ
(၁) နိုင်ငံတော်သီချင်း 
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ
တို့ပြည် တို့မြေ
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်
တို့ပြည် တို့မြေ
ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ
အဓိဋ္ဌာန်ပြုပေ ထိန်း သိမ်း စို့လေ။
(ကမ္ဘာမကျေ၊ ဗမာပြည်၊ တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ) ၂
ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ။
ဒါ တို့ပြည် ဒါ တို့မြေ တို့ပိုင်နက်မြေ။
တို့ ပြည် တို့ မြေ - အကျိုးကို 
ညီညာစွာ တို့ တတွေ
ထမ်းဆောင်ပါစို့ လေ 
တို့ တာဝန်ပေ 
အဖိုးတန် မြေ။
မှတ်ချက် -
ပြည်ကို ပြေဟု ဖတ်ပါ။ တို့ ကို ဒို့ ဟာ ဖတ်ပါ။
နိုင်ငံတော်သီချင်း မူရင်း ဖြစ်ပါတယ်။ အခုတော့ ဗမာပြည် မရှိတော့ပါ။ တို့တတွေလည်း မရှိတော့ပါ။ သတ်ပုံမှန်တွေကို ဖျက်လိုက်ပြီ။ 
(၂) ရှစ်လေးလုံးအရေးတော်ပုံနဲ့အတူ ရင်နင့်အောင် စပ်ဆို သီဆိုတဲ့သီချင်းတွေ အမြောက်အမြားပေါ်ပေါက်ခဲ့ပါတယ်။ တပုဒ်ကတော့ ကမ္ဘာမကြေဘူး။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ