Skip to main content

ပန်းနှင့် ကြယ်

မိုးပေါ်က ကြယ်

မြေဝယ်က ပန်း။ 

စုန်ဆန်ကာ ဘဝကူးလို့ရယ်

မြူးလိုက်ချင်စမ်း။ 

မြေမှာက ပင်လယ်

မိုးကြယ်ဝယ် တိမ်များ။ 

အငွေ့အရည် ဘဝကူးလို့ရယ်

မြူးလိုက်ချင်သား။ 

ပန်းလှေငယ် ဆင်

ပင်လယ်မှာ လှော်ကူး။ 

ကြယ်နန်းမှာ တိမ်လွှာစီးမယ်

ငြီးလိမ့် ထင်ဘူး။ 

ပန်းနှင့် ကြယ်

ဘယ်ဟာက တော်လေငဲ့။ 

ချစ်သူခင် ရွေးရန်ခက်လျှင်

ပန်းအလယ် ကြယ်စင်ဝှက်လို့

မောင်ဆက်မယ် ကွဲ့။ 

ပန်းကိုတော့ ဆံမှာဆင်

ကြယ်စင်တော့ လည်မှာကုံး။ 

ချစ်သူထံ ပန်းကြယ်ဖြစ်လို့

နေရစ်မယ်ဖုန်း။ 

ညဉ့်အခါ ပွင့်လွှာပိတ်လို့

ပန်းတိတ်တိတ် နေတတ်တယ်။ 

နေ့ခင်းဝယ်

ကြယ်တွေက ကွယ်သွား။ 

ခါတရံ သူတို့နွမ်းလို့

ပန်းဖြေရော့လား။ 

နေ့မှာကား ကြယ်

ညဉ့်လယ်ကား ပန်း။ 

ချစ်ဦးသူ ကိုယ့်ကိုမုန်းလျှင်လ

လူ့ခွင်ကို ဤနှယ်ရုန်းလို့ရယ်

ပုန်းဖို့ ရွယ်မှန်း။   ။ (မောင်စွမ်းရည်)

ရှေးစာကဗျာများကျေးဇူး။

ခါတရံသည် ခါတစ်ရံ မဟုတ်။

ဒေါက်တာတင့်ဆွေ

Comments