၁။ နွမ်ဂျာသိုင်းရဲ့ဝတ္ထု တပုဒ်မှာရှင်းပြထားတာ ဖတ်ဖူးတယ်။ မိုးရေတက်ရေ "တစ်" ဖွေးဖွေး ဝတ္ထုမှာ တဲ့။
၂။ မင်းသုဝဏ်ကဗျာလေး ထပ်ပြီးတင်ပါရစေ။
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲ့လေး ခြေတံရှည်
မိုးကုပ်တောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့် တဲနဲ့ပနံတင့်။
အခုရေးနေကြတာတွေက (တစ်) ဖွေးဖွေးတဲ့။ (တစ်) ပွင့်တဲ့။ စာတွေကဗျာတွေ ပျက်ကုန်ပြီ။ ကျွန်တော်ကတော့ လယ်စောင့်တဲလေးမှာ စားရတဲ့ ထမင်းကြမ်းနဲ့ ရေနွေးကြမ်း လွမ်းပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ ကဗျာတွေကို သတ်ပုံဖျက်ရေးကြသူတွေလည်း ကျန်းမာကြပါစေ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment