နှစ်ခါလောက်ပြန်ဖတ်ဖြစ်ပါတယ် ဖတ်ပြီး လွမ်းလိုက် ဆွေးလိုက်ရတာ ..တက္ကသိုလ် ဘုန်းနိုင်စာအုပ်တွေထဲမှာ၊ ဒီ တအုပ်ပဲ ကောင်းကောင်းမှတ်မိတော့တယ် သူငယ်ချင်းလို့ဘဲဆက်၍ခေါ်မည်ခိုင် စာအုပ်တောင်..ဖတ်တော့ ဖတ်လိုက်တာဘဲ မမှတ်မိတော့ပါ ဆရာရေ။
ကျွန်တော်လည်း အရွယ်အရ အဲလိုစာအုပ်တွေ တအုပ်ပြီးတအုပ် ဖတ်ခဲ့တယ်။ အခုတော့ စာအုပ် ခေါင်းစဉ်တွေတောင် နည်းနည်းသာ မှတ်မိတော့တယ်။ မြန်မာစာအရေးအသား အမှားတွေကို ထောက်ပြချင်လို့ ရှာရလို့သာ အတော်များများ ပြန်ပေါ်ပါတယ်။
ကျွန်တော်နဲ့ နယူးဒေလီမှာကတည်းက အလွန်ရင်းနှီးတဲ့ ဆရာတော်တပါးရှိတယ်။ သူကရဟန်းဝတ်နဲ့ တက္ကသိုလ်ဘုန်းနိုင်သင်တဲ့ ကောလိပ်မှာ ဖီလော်ဆော်ဖီ ဘာသာရပ် သင်ယူခဲ့တယ်။ တက္ကသိုလ်ဘုန်းနိုင်ရေးတဲ့ စာတွေကို အလွတ်ရတယ်။ လွန်လဲ့တဲ့ ၇ နှစ်လောက်က ယူအက်စ်အေမှာ ကျွန်တော်နဲ့ ပြန်တွေ့ကြတော့ အောက်က ကဗျာကိုလည်း လက်တန်းရွတ်ပြပါတယ်။
စိန်ပန်းရယ်တဲ့ ထိန်ထိန်နီ
ပွင့်သိင်္ဂီ ရွှေပိတောက်
တောတလျှောက် မတိုင်မီ
ပွင့်ဦးတယ်လို့ မာန်မချီ
ရာသီရဲ့ မေတ္တာပန်း။
သူ့ခေါင်းမှာ တဝေဝေ
ကိုယ့်ခေါင်းမှာ တဝေဝေ
ပိတောက်တွေ ဂုဏ်ရှိန်မြင့်ပြန်တော့
လေသင့်ရာ ကိုယ်မမွှေးသူမို့
အရေးမပြိုင်ဆိုင်ဘု
ဖြစ်နိုင်ရင် ခိုင်ရွှေသွေးကို
ပေးချင်ရဲ့ ကိုယ့်သက်တမ်း။
တဆက်တည်း ပြောပါသေးတယ်။ သူတို့ကောလိပ်ကျောင်းသားတွေ တခါက တက္ကသိုလ်ဘုန်းနိုင်နဲ့ ပြန်ဆုံကြတော့ အဲဒီကဗျာကိုရွက်ပြ ကြပါသတဲ့။ တက္ကသိုလ်ဘုန်းနိုင်က -
“မင်းတို့ အဲဒီကနေ မတက်ကြသေးဘူးလား” တဲ့။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment