(တယောက်နဲ့ တယောက် တမြို့စီ တနယ်စီ နေကြသော်လည်းလေ)
ရေး မောင်ဆွေနွယ်
ဆို ချိုပြုံး
ရေလှိုင်း ခတ်သံ သစ်ရွက် ကြွေသံ
ကျေးငှက် မြည်သံ
ကြားပြန်တော့လည်း
မောင့်ကိုပဲ သတိရနေ
ချိုစကားသံနွဲ့ ဆိုဖွဲ့ လေသူ
ဘ၀ပေး၍ ချစ်ရလေသောသူ
အသည်းပေး၍ ချစ်ရလေသောသူ
သက်လုံးပုံ၍ ချစ်ရလေသောသူ
ဘယ်မူ နွဲ့ ကစား၍
တိမ်းရှောင်မှုတွေကဲ
ဘယ်သူ လှည့်ဖြား၍
စိမ်းယောင် ပြုနေ သလဲ
စိုးတထိတ်ထိတ် မဝေခွဲနိုင်ပေ
ကံ့ကော် ပွင့်ရာ ငုဝါ ပွင့်ရာ
စိန်ပန်း ပွင့်ရာ
တက္ကသိုလ် ကျောင်းတော် မှာလေ
ဗျာပွေလှိုက်လှဲ မေတယောက်တည်း
မပျော် နိုင်ပေ
တယောက် နဲ့ တယောက်
တမြို့စီ တနယ်စီ
နေကြသော်လည်း လေ
အလှရွှန်းစို သာမောရာ
မြကျွန်းညို ကဗျာတောမှာ
ခဏကွန်းခို လာသောခါ
တဦးနဲ့ တဦး
မိတ်ဆွေ အပေါင်း အသင်း
ဖြစ်သွားကြတာတွေ
စိတ်အနေ ပြောင်းရင်း
ချစ်သွားကြတာတွေ
ဒါတွေ တကယ်တော့ မဆန်းပေ
ဒီလို အဖြစ်မျိုးထဲမှာ
ချစ်ကျိုး နည်းရမှာလားလေ
တက္ကသိုလ်ကျောင်းက ငွေလမင်းရေ
ဘယ်ကမ္ဘာ သွားကာ
ဘယ်မှာများ သာနေသလဲလေ
အချိန်တန် သူမရောက်ရင်တော့
အပူနှောင့်ရပြီ ရှင်ရေ
ကောင်းကင်က ငွေလမင်းပမာ
နေ့ဘက်မှာ ပုန်းလို့များ
မေ့ကွက်ရှာ မုန်းလေပြီလားလေ
တက္ကသိုလ်ကျောင်းကငွေလမင်း https://www.youtube.com/watch?v=Xvbn3iaEkOc
သီချင်းနောက်ခံစာသားတွေကတော့ သတ်ပုံမမှန်ပါ။ တက္ကသိုလ်ကျောင်းက ငွေလမင်း မလင်းနိုင်တော့ရှာ။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment