Skip to main content

တိုင်းရက်သည့်ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်


ဒါက ဘာတွေလဲ ဘယ်ဒေသမှာသုံးနေကြလဲ ဘယ်ခေတ်ဘယ်အခါက စတင်ပေါ်ပေါက်ခဲ့တာလဲ သိတဲ့သူများ
တိုင်းရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်
တိုင်းကာရက်တဲ့ ပက္ကလာ မိုးရွာတာနဲ့ အဆင်သင့်
(၁)
ပက္ကလာ = မိုးကာကွယ်ရန် အသုံးအဆောင်၊ အဲယွန်း ခေါ် ပလီမ၊ ကောက်စိုက်တဲ့နေရာမှာသုံးတဲ့ အဆောင်း။ တချိုု့က ဘီလားတဲ့။
(၂)
ရခိုင်ဘာသာဖြင့် ပက္ကလာ
ထားဝယ်လို အဲယွန်း
မွန်ဘာသာဖြင့် ကဒူး
အချို့ဒေသများမှာ ပီလမ
(၃)
ကဒူး = ဦးခေါင်းမှာ တင်ပါးထိ မိုးလုံအောင် ရက်လုပ်ထားသော ဆောင်းစရာတမျိုး။ ပီလား။ ပီလမ။ ပက္ကလာ။ (မွန်)။
ကဒက် = မျောက်ဥမျိုးအဝင် ဟင်းချက်စားရသော ချွဲသောဥရှိသည့် ဆူးနွယ်ပင်တမျိုး။ မြစ်လိုက်ဥပင်။ (ရခိုင်)။ တောသင်္ဘောပင်။ (မွန်)
ကပ္ပလာ = တနံတည်းသောအဝတ်ပိုင်း

ပက္ကလာ

ဒါက ဘာတွေလဲ ဘယ်ဒေသမှာသုံးနေကြလဲ ဘယ်ခေတ်ဘယ်အခါက စတင်ပေါ်ပေါက်ခဲ့တာလဲ သိတဲ့သူများ

တိုင်းရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်

တိုင်းကာရက်တဲ့ ပက္ကလာ မိုးရွာတာနဲ့ အဆင်သင့်

(၁)

ပက္ကလာ = မိုးကာကွယ်ရန် အသုံးအဆောင်၊ အဲယွန်း ခေါ် ပလီမ၊ ကောက်စိုက်တဲ့နေရာမှာသုံးတဲ့ အဆောင်း။ တချိုု့က ဘီလားတဲ့။

(၂)

ရခိုင်ဘာသာဖြင့် ပက္ကလာ

ထားဝယ်လို အဲယွန်း

မွန်ဘာသာဖြင့် ကဒူး

အချို့ဒေသများမှာ ပီလမ

(၃)

ကဒူး = ဦးခေါင်းမှာ တင်ပါးထိ မိုးလုံအောငရက်လုပ်ထားသော ဆောင်းစရာတမျိုး။ ပီလား။ ပီလမ။ ပက္ကလာ။ (မွန်)။

ကဒက် = မျောက်ဥမျိုးအဝင် ဟင်းချက်စားရသော ချွဲသောဥရှိသည့် ဆူးနွယ်ပင်တမျိုး။ မြစ်လိုက်ဥပင်။ (ရခိုင်)။ တောသင်္ဘောပင်။ (မွန်)

ကပ္ပလာ = တနံတည်းသောအဝတ်ပိုင်း

ကွန်မင့်များ

ဖတ်စာအုပ်ထဲမှာ ပက္ကလာလို့ ရေးတာတွေ့ရပေမယ့် ရခိုင်တွေက မက္ကလာလို့ပဲ ခေါ်ကြပါတယ

သည်ဘက်မှာတော့ ဟိုအရင်က လမ်းထိပ်မာကျူ ရီ မီးတိုင်တဝိုက်မှကျသော ပုရစ် ပိုးဖလံ ပလီမ များစွာရှိပါသည်။

ကျောကုန်းခုံးခုံးနဲ့အဆောင်းပုံစံ ပိုးကောင်ကိုပလီမဟုခေါ်ကြသည်။ ကုန်းပလီနှင့်ရေပလီမ ဟု ရှိရာ ရေပလီမ မှာ ရေထဲမှာနေပြီးကြော်စား ချက်စားကြသည်။ အသားခေါ်အနှစ်ပါသည်။

ကုန်းပလီမကို မစားကြပါ။ လယ်သူမဆောင်းသော ခေါင်းဆောင်းကို ပလီမဟုခေါ်ကြပါကြောင်း

ဟုတ် ရခိုင်လို ပလံမ လို့ ခေါ်ပါတယ်။

ရခိုင်လို မက္ကလာ ဖြစ်ပါတယ်။ ရခိုင်ဒေသမာ ကောက်စိုက်သမများ ဆောင်းနေကြတုန်း ဖြစ်ပါတယ်။ တချို့တလေတော့လဲ plastic မိုးကာကို သုံးစွဲနေကြပါပြီ။

ဧရာဝတီတိုင်းဘက်မှာတော့ ပလီမလို့ ခေါ်ကြ၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ