၁။ ရေဆုန်ကိုဆန်ကာ ပြန်ခဲ့ပြီ မှားနေတယ်။
ရေစုန်လို့ ရေးရတယ်။ ရေစုန်ဆိုတာ ရေက နိမ့်ရာဘက်ကို စီးဆင်းနေတာကိုခေါ်တယ်။ ဥပမာ ဧရာဝတီမြစ်ရေဟာ မြောက်အရပ်ကနေ တောင်အရပ်ကို စီးဆင်းနေတာကို ရေစုန်လို့ခေါ်တယ်။ သင်္ဘောတွေ၊ မော်တော်တွေ၊ လှေတွေ၊ ငါးတွေက တောင်အရပ်ကနေ မြောက်အရပ်ဆီသွားတာကို ရေဆန်လို့ ခေါ်တယ်။
၂။ https://www.facebook.com/watch?v=787115945994334
"စိတ်တူရာခိုဝင်" ကို "စိတ်တူရာခိုဝန်" လို့ မှားရေးထားတဲ့ သီချင်းစာသားပါ လင့်။ မှန်အောင် ပြင်သင့်တယ်။
၃။ https://www.youtube.com/watch?v=iTkYunczf2s
နောက်တခုမှာ "မောင်မယ်စုံ ဆန်ကာ ပြန်ခဲ့ပြီ" ကို "မောင်မယ်ဆုံ ဆုံကာပြန်ခဲ့ပြီ" လို့ မှားရေးထားတယ်။ မှန်အောင် ပြင်သင့်တယ်။
ဆယ်လမွန်ငါးတို့အပြန်
ရေလွှာလည်း ခင်းပြန့် ကြည်လင်စေ
မိုးဦးလည်း လှပသာယာစေ
ဘဝစေရာ တာဝန်
ကျေပွန် ဆောင်ရွက်ခဲ့သူတို့
ရေစုန်ကို ဆန်ကာပြန်ခဲ့ပြီ
မိုးဦးရေဆန်
(မိုးဦးရေဆန်)
မိုးဦးရေဆန်
(မိုးဦးရေဆန်)
ဆယ်လမွန် ငါးတို့ အပြန်
ဆယ်လမွန် ငါးတို့ အပြန်
အပြန် အပြန် အပြန်
ဆယ်လမွန်ငါးတို့ အပြန်
ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ
ရာသီလဲ တွက်ချက် မှန်ကန်စေ
စိတ်တူရာ ခိုဝင်
ပြည့် စုံ ချိန် ပြန်ခဲ့မယ်တဲ့
ငယ်ရွယ်စဉ် ရှာဖွေ စွန့်ခဲ့ပြီ
မိုးဦးရေဆန်
(မိုးဦးရေဆန်)
မိုးဦးရေဆန်
(မိုးဦးရေဆန်)
ဆယ်လမွန် ငါးတို့ အပြန်
ဆယ်လမွန် ငါးတို့ အပြန်
အပြန် အပြန် အပြန်
ဆယ်လမွန်ငါးတို့ အပြန်
ချစ်ဖော်လည်း လိုက်ခဲ့ ခေါ်ငင်စေ
ဝဋ်ကြွေးလည်း တုံ့လှည့် ကျေနပ်စေ
ဦးဆောင်သူ စေရာ
ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့
မောင်မယ်စုံ ဆန်ကာ ပြန်ခဲ့ပြီ
မိုးဦးရေဆန်
(မိုးဦးရေဆန်)
မိုးဦးရေဆန်
(မိုးဦးရေဆန်)
ဆယ်လမွန် ငါးတို့ အပြန်
ဆယ်လမွန် ငါးတို့ အပြန်
အပြန် အပြန် အပြန်
ဆယ်လမွန်ငါးတို့ အပြန်
မိုးဦးရေဆန်
(မိုးဦးရေဆန်)
မိုးဦးရေဆန်
(မိုးဦးရေဆန်)
ဆယ်လမွန် ငါးတို့ အပြန်
ဆယ်လမွန် ငါးတို့ အပြန်
အပြန် အပြန် အပြန်
ဆယ်လမွန်ငါးတို့ အပြန်။ ။
ဒါပေမဲ့ လူတိုင်းနှုတ်ကျိုးနေတာကို ပြင်ရင် ခက်တယ်။ မြန်မာပြည်မှာ ပြင်လို့မရတော့တာတွေ အများကြီး။ မျက်စိမှိတ်၊၊ နားပိတ်၊ ဦးနှောက် အလုပ်နားပါလေ။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment