Skip to main content

မိကျောင်းပန်း ကဗျာနှစ်ပုဒ်

နီနံ့သာဖြူ အတော်ဘက်ပါလို့

သည်အငူ မော်အတက်မှာလ

အကျော်ကရမက်ကယ်က မွှေးလှတယ်။   ။

ဂိမ် အကူးပေမို့

ချိန်ဦး ဝသန်မှီလို့

ဟန်ချီချီ ပျံပုရစ်တွေက

ဖူးလှစ်စ သွယ်။   ။

ရပ်မြေပြင် သည်အလှဲ့မှာတော့

ခတ်ရွှေရင် ပလီခဲ့တာမို့

သည်နွဲ့နွဲ့ ခိုင်စံပါယ်ငယ်

မြိုင်လယ်မှာ ကြိုင်လှောင်း။   ။

ခပေါင်းပင်

နှာမောင်း လိမ်လည်တင်လို့

ကြိမ်နွယ်သွင် တမည်ရှိပေငဲ့

လေနှင်ရာ ငွေစင်အိသကဲ့သို့

နှစ်အခြေ ခေတ်ရေထိပြန်တော့

ချောင်ငူ(ဂူ)မှာ တောင်သူတို့သိရန်ဖို့

ဆန်းပွေဘိတောင်းတဲ့မှ

ပန်းငွေမိကျောင်း။   ။ (ဦးကြော့)

မဆွတ်ခင် ညွှတ်ချင်ရက်ဟာမို့

အခက်နှင့် အခိုင်မတော့

မကိုင်လျှင်သာ သာသာပ

ကိုင်ပြန်လျှင် ယိုင်ခါခါနှင့်

ပြိုင်မကြာ ခိုင်ညှာက ပြုတ်တော့မထင့်

ပန်းပုပ္ဖ ပွင့်ပွေလီ။   ။

ထိမ်းအမှတ်

ဝိညာတ် ဝစီဒွါနှင့်

သညာထင်စွာ ပြုရှာကြ

သံသုမာ ဆိုသထင့်

ခရာပို လတာညိုပန်းတွေက

ဆန်းပေ့စီရီ။    ။

ရွှေနန်းသူ ဟန်ပွေလီတဲ့အောင်

ရွှေကေသီတော် ပေါ်မှာဆင်တဲ့

ဂေါ်သဇင် ဒေဝီမှန်တို့ကို

အာခံကာ ကာပြန်ဝင့်ပြီဟု

သဒါလန် ရာဇဒါဏ် သင့်မည်ကြောင့်

မြိုင်မင်း့ခွင် စုံညိုညိုတို့မှာ

ဂုဏ်သိုသို အသာကွယ်၍

ဆာမကျယ် ခမျာငယ် ပွင့်ရှာကြ

နန်းနှင့်ဖြင့် သူမသီ

ပလီငဲ့ ဘိတောင်း။   ။

ရဂုံထဲမှာမို့

ပုံကွဲဆင်တော်မူရအောင်

ရွှေတံချူ ဆောင်မချွတ်ပြီဘု

ခေါင်ထွဋ်ညှာတံက

သာအမြန် ဖျာ့ကျွန်ဖြုတ်ခဲ့ပေါ့

ရွှေဥသျှောင် တောင်ပေါ်မှာဆင်တဲ့

ဂေါ်သဇင် ဒေဝီလှုံတို့လို

ပုံတမူ ယဉ်ယဉ်နှင့်

မူတသွင် ဆန်းရေဖြင့် ရှိပါလိမ့်

ပန်းရွှေ မိကျောင်း။   ။ (ဦးကျော်လှ)

မောင်းထောင်ဦးကျော်လှ၏ လက်တန်းစပ် သံချိုကဗျာ ဆုတော်ငွေ- ၁၀၀၀ ထုပ် ချီးမြှင့်ခံရသကဲ့သို့ ဦးခြုံ၏ လက်တန်းစပ် လွမ်းချင်းကဗျာလည်း ဆုတော်ငွေတထောင် ခံရဖူး၏။

ရှေးစာကဗျာများ ကျေးဇူး။

ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ