ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်
၁။ ဆုံစည်း ဆုံဆည်း အမှန်လေးရွေးပေးပါလား ဆရာ
၂။ ဆုံစည်း ကအမှန်လား၊ ဆုံဆည်းက အမှန်လား၊ သိထားသည်မှာတော့၊ နေဝင်ဆည်းဆာကို ဆည်းနဲ့ သုံးပြီး၊ ဆုံစည်းရာကို စည်းနဲ့သုံးသည်ဟုပါ။
၃။ ဆရာရေ 7 Day Tv က ဇာတ်လမ်းတွဲနာမည်ကို ဆုံစည်းခွင့်လို့ သုံးသွားတယ်။ ကျနော်က ဆုံဆည်းခွင့်လို့ ထင်နေတယ်။ တလက်စထဲ ဆုံစည်းနဲ့ ဆုံဆည်း စတဲ့အသုံးလေးတွေ ရှင်းပြစေချင်ပါတယ်။
- အန္တာတိတ်သမုဒ္ဒရာနှင့် တောင်ဝင်ရိုးစွန်း ဆုံစည်းသောနေရာ
ဆုံဆည်းလို့ ရေးရ။
ဆုံစီး ဆိုရင်တော့ ဆီဆုံကို ကလေးတွေတက်စီးကြတာ။
၁။ ဆုံဆည်းရာ လား ဆုံစည်းရာ လား စုံဆည်း လား စုံစည်း
လား ခမျ
၂။ ဆုံစည်း နှင့် ဆုံဆည်း ဘယ်ဟာအမှန်ပါလဲဆရာ
၃။ ဆုံစည်း ကအမှန်လား၊ ဆုံဆည်းက အမှန်လား၊ သိထားသည်မှာတော့၊ နေဝင်ဆည်းဆာကို ဆည်းနဲ့ သုံးပြီး၊ ဆုံစည်းရာကို စည်းနဲ့သုံးသည်ဟုပါ။
၄။ ဆရာရေ 7 Day Tv က ဇာတ်လမ်းတွဲနာမည်ကို ဆုံစည်းခွင့်လို့ သုံးသွားတယ်။ ကျနော်က ဆုံဆည်းခွင့်လို့ ထင်နေတယ်။ တလက်စထဲ ဆုံစည်းနဲ့ ဆုံဆည်း စတဲ့အသုံးလေးတွေ ရှင်းပြစေချင်ပါတယ်။
ဆုံဆည်းလို့ ရေးရ။
၅။ အန္တာတိတ်သမုဒ္ဒရာနှင့် တောင်ဝင်ရိုးစွန်း ဆုံစည်းသောနေရာ
ဆုံဆည်းလို့ ရေးရ။
ဆုံစီး ဆိုရင်တော့ ဆီဆုံကို ကလေးတွေတက်စီးကြတာ။
(၁)
စစ်အစိုးရတက်မှ မြန်မာစာအဖွဲ့ကထုတ်တဲ့အဘိဓာန်မှာ ဆုံစည်း။
(၂)
ကဝိဓဇသတ်ပုံကျမ်းမှာ
ဆည်း။ ။ ဆည်းကပ်၊ ဆုံဆည်း၊ ရုံးဆည်း၊ ရည်ဆည်း၊ ဆည်းပူး၊ မြည့်ဆည်းပူး၊ သိမ်းဆည်း၊ ဆည်းဆ၊ ဆည်းဆူ၊ ဆည်းဆာ၊ ဆုံဆုံဆည်းဆည်း၊ ခိုက်ဆည်းရန်ရှာ၊ ဆည်းလည်း။
(၃)
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) ဆုံဆည်း။ ရှင်အရဟံနှင့်ဆုံစည်းမိ၍။ လူချွန်၊ ဒု။ ၈၂။
ဆည်း
ခိုက်ဆည်းရန်ရှာ
ဆုံဆုံဆည်းဆည်း
ဆုံဆည်းသည်
ဆည်းကပ်သည်။
ဆည်းလည်းသံ သာယာသည်။
ပညာဆည်းပူးပါ။
နေဝင်ဆည်းဆာ (ဆည်းဈာ ယခင်အသုံး) လှပသည်။
ရှေးဟောင်းအမွေအနှစ်များ သိမ်းဆည်းထားသည်။
စည်း
စည်းကမ်းရှိပါ။
စည်းမျဉ်းထားပါ။
စည်းစောင့်ရမယ်။
ထင်းတစည်း ဘယ်လောက်လဲ။
ကြက်တောင်စည်းနဲ့ ကလေးမ လှမှလှ။
ကြိုးနှင့် စည်းထားပါ။
ဘဝဆက်တိုင်း ဆုံစည်းချင်တယ်။
အခွန်စည်းကြပ်မည်။
အစည်းအဝေး စတော့မယ်။
ဥစ္စာပစ္စည်း ကုံလုံသည်။
ရွှေစည်းခုံစေတီတော်။
မြန်မာစာအဖွဲ့၊ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလထုတ် မြန်မာအဘိဓာန် = ဆုံစည်း
မြန်မာစာအဖွဲ့၊ ၁၉၇၉ ခုနှစ်၊ စက်တင်ဘာလထုတ် မြန်မာအဘိဓာန် အကျဉ်းချုပ် = ဆုံဆည်း
ဆုံကား – န / ဆုန်ဂါး / ကား၃ – န၊ ၄၊ နှင့် အတူတူ။
ဆုံကျည် – န / ဆုန်ဂျီ / ဆုံ၏တွင်းခေါင်း။ ဆုံခွက်။ "တောင်းတင်းစိတ်ပြည်၊ ဆုံကျည်ပွတ်ကျေ၊ မီးမွှေယောက်မ။" သာဓီ* ၉၇။
ဆုံခွက် – န / ဆုန်ဂွက် / ဆုံကျည် – န၊ နှင့် အတူတူ။
ဆုံဆီ – န / ဆုန်ဇီ / ဆီဆုံတွင်ကြိတ်သော ပဲဆီ၊ နှမ်းဆီ စသည်။
ဆုံဆို့နာ – န / ဆုန်ဇို့နာ / လည်ချောင်းအတွင်း၌ ဖြစ်သော အနာတမျိုး။ "ချိုဆိမ့်သောရသာကို များစွာ စားလျှင်.... ပန်းနာ၊ ဆုံဆို့နာ.... ဖြစ်တတ်ကုန်၏။" ဥတု။ ၄၈။
ဆုံဆည်း – ကြိ / ဆုန်ဇီး / တိုက်ဆိုင်သည်။ ကြုံကြိုက်သည်။ တွေ့ကြုံသည်။ "ရှင်အရဟံနှင့် ဆုံဆည်းမိ၍။" လူချွန်၊ ဒု။ ဂ၂။
ဆုံထုံးငါးပိ – န / ဆုန်ဒုန်းငပိ / မညက်တညက် ထောင်းထားသော ငါးကြီးငါးပိ။
ဆုံပိုင်း – န / ဆုန်ဗိုင်း / တင်ပါးဆုံရှိသော ကိုယ်ပိုင်း။ "ပြင်းထန်စွာ နှိပ်နယ်ခြင်းပြုချေက.... ကန့်လန့်မွှေးခြင်း၊ ခြေကမွှေးခြင်း၊ လက်တဖက်တည်း ထွက်ရခြင်း၊ ဆုံပိုင်းမွေးဖွားခြင်းစသည်တို့ ကို ဖြစ်တတ်သည်။" နော၊ ဒု။ ၇။
ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ် စန္ဒရားချစ်ဆွေ (၁၉၉၉)
ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ် တေးဆို - ခင်ညွန့်ရီ တေးရေး - အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော
ဆုံစည်းတန်ကောင်းပါရဲ့ မြခင်ခင် (ငြိမ်းကျော်)
ပြန်လည်ဆုံဆည်းကြမယ် တေးသီချင်းများ
ဒေါက်တာတင့်ဆွေ






Comments
Post a Comment