ကမ်းခြေ စမ်းရေတွေ ကျတယ်နှင့်
အိုကွယ် ဖျန်းလေက တသုံသုံ။
တဲတဘက်မှာလှ
ဆွဲဖျက်ခါ အရင်လိုရောထင့်
ကရင်အို ယာပြင်ကြီး
မီးထဲ့လို့လှုံ။
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူစောင် ခေါက်ထည်ကြမ်းကိုတဲ့
လှမ်းတယ်လို့ လွှားကာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
ဘေးအိတ်ကယ်ရှို
ဆေးလိပ်တို နားမှာထိုးပါလို့
တောင်ရိုးမှာ ဘာသာ သူတို့
တွင်းအငူ နှင်းဖြူက ကွဲချိန်မို့
အဘိုးခေါ် ဖိုးစော်ကဲတို့ရယ်
အိုကွယ် တဲပျက်စခန်း။ ။
ရှေးဟောင်းစာပေသုတေသီတဦး။ (၁၉၇၀)။ အချုပ်တန်းဆရာဖေ၏ကဗျာပေါင်းချုပ်။ ရန်ကုန်၊ စိန်ပန်းမြိုင်စာပေ။ စာမျက်နှာ ၄၄ မှ ကဗျာကို (ဒီနေ့ခေတ်စာလုံးပေါင်းသတ်ပုံတွေနဲ့ မတူပေမယ့်) စာအုပ်ထဲက မူလစာလုံးပေါင်းသတ်ပုံတွေအတိုင်း ကူးယူဖော်ပြထားပါသည်။ (Friend Bookshop)
ကျွန်တော့မှာလည်း အဲဒီစာလုံးပေါင်းသတ်ပုံအတိုင်း မူရင်း ရှိပါတယ်။ ခုခေတ်မှာ ကရင်အို ကရင်ပျို၊ ကချင်၊ မွန်၊ ချင်း၊ ရခိုင်၊ ကရင်နီ၊ ရှမ်း၊ ဗမာနဲ့ ကပြားတွေကလည်း "တဲတစ်" ကိုသာ ဖက်တွယ်ထားကြတယ်။
အိုကွယ် တဲပျက်စခန်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment