Skip to main content

မလိမ့်တပတ်

မလိမ့်တပတ်ဆိုသည်မှာ တဖက်လူက ရိပ်မိခြင်း၊ သိရှိခြင်း မရှိစေရန် လှည့်ဖြားခြင်း၊ လိမ်ညာခြင်း သို့မဟုတ် မသိမသာ ဝိုက်၍ ပြောဆိုလုပ်ကိုင်ခြင်းကို ဆိုလိုပါသည်။ များသောအားဖြင့် တစုံတဦးအား အမှန်တရားကို ဖုံးကွယ်၍ ပရိယာယ်ဖြင့် လှည့်စားရာတွင် အသုံးပြုသည့် စကားဖြစ်ပါသည်။
ပတ်
ကမ္ပတ်အိမ်၊
ကြိုးနဲ့ပတ်၊
ကွေ့လည်ကြောင်ပတ်၊
ခရုပတ်၊
ခုနစ်ရက်တပတ် (မြန်မာစာရေးထုံးကျမ်း၊ သီရိပျံချီ ဦးသာမြတ်)၊
ငါးကြီးအန်ပတ်၊
စီကာပတ်ကုံး၊
ညစ်ပတ်၊
တံခါးပတ်တာ၊
တနှစ်ပတ်လုံး၊
တသက်ပတ်လုံး၊
တာလပတ်၊
ထောပတ်၊
ပဋ္ဋိပတ်၊
ပတ္တကျည်ပင်
ပတ္တပိုဏ်ဓူတင်
ပတ္တရောင်လှည့်၊
ပတ္တာမြေ
ပတ္ထနာဆုတောင်း
ပတ်ကြမ်းတုတ်
ပတ်ကုံးဝန်းကျင်
ပတ်ချွဲနပ်ချွဲ
ပတ်ချာလည်
ပတ်ခြံ
ပတ်ခြောက်က
ပတ်စာခွာဖျာသိမ်း
ပတ်တမွား
ပတ်တလား
ပတ်တာ (တံခါး)
ပတ်တာခံ
ပတ်တီးစည်း
ပတ်တုတ်
ပတ်တူစ
ပတ်ပတ်နပ်နပ်
ပတ်ပတ်လည်
ပတ်ပျိုးသီချင်း
ပတ်မကြီး
ပတ်မြှောင်
ပတ်ယတ်လက္ခဏာ
ပတ်ရံ
ပတ်ရစ်
ပတ်လည်
ပတ်လမ်း၊
ပတ်လွှမ်း၊
ပတ်ဝန်းကျင်
ပတ်သက်
ရင်ပတ်၊
ရိုင်ပတ်ဖျာ၊
ရုပ်ပတ်၊
လည်ပတ်ပုဝါ၊
လျောက်ပတ်တင့်တယ်၊
လုံးပတ်ပင်စည်၊
ဝေ့လည်ကြောင်ပတ်၊
သမာပတ်၊
သုံးလေးပတ် (ပတ်လှည့်ခြင်း)၊
အကြောင်းဗျုပ္ပတ်၊
အနားပတ်၊
အပတ်တကုတ်၊
အာပတ်၊
ဥပပတ်၊
ပါတ်
ဇာတ်နိပါတ်တော်၊
တနင်္ဂနွေပါတ် (ကဝိဓဇသတ်ပုံကျမ်း)။
နိပါတ်ပုဒ်၊
ပဋိပါတ် (ဋ္ဋကို အတိုနဲ့ရေးတာဖြစ်၊ ကီးဘုတ်မှာရှာမရ)၊
ပါဏာတိပါတ်၊
ပိဏ္ဍပါတ်၊
သန္နိပါတ်၊
ဆရာခင်ဗျာ မလှိမ့်တပတ် လား မလိမ့်တပတ် လား သိပါရစေ။
မလိမ့်တပတ် = မအီမသာလိမ်လည်လှည့်စားလျက်။ အဆက်အသွယ်ကိုကြားကဖြတ်ပြီးမလိမ့်တပတ်လုပ်နေကြတာကိုး။ သံသွေး၊ ဒု။ ၃၈၈။
"မလိမ့်တပတ်၊ မလုံမလဲ"
လှိမ့်၍လိမ့်
သွားလိမ့်မည်
လိမ့်လည်း
လိမ့်အောင်လှိမ့်
ကင်းစပ = ကွယ်ပျောက်သည်။ ပျက်သုဉ်းသည်။ “ထိုမဟော်သာ၊ ရောက်တို့ပါက၊ တို့မှာလာဘ၊ ရောင်ဝါ ပ လိမ့်။”
လှိမ့် = လိမ်လည်လှည့်ပတ်သည်။ ကြိုက်လုံးကလေးများပေး၍ မလိမ့်တစ်ပတ်နှင့် လှိမ့်သွားရာတွင်။ ဗျူဟာ။ ၂၁။
လှိမ့်ဝင်တည်သုံး စဉ့်အိုးအဆောင် အကြောင်း
ကျင်းလှိမ့်ခြင်းသည် ကစားနည်းတမျိုး ဖြစ်၏။ ကျင်းထဲသို့ လောက်စာလုံး (သို့) လုံးဝန်းသော အရာတခုခုကို လှိမ့်ထည့်၊ ပစ်ထည့်ကာ ကစားရသည့် ကစားနည်း ဖြစ်၏။ 
အားဆေးတွေ လှိမ့်သောက်၊ အစာကို မစားချင်လည်း လှိမ့်စားနေပါတယ်။ 
သူ့အမည်ကို 
သည်ရွာ သည်ရပ်၊ သည်ပါးစပ်တွင် 
အမှတ်တရ၊ လွမ်း၍ တ,လိမ့်။ 
ရယ်ဖွယ် ပြုံးဖွယ်၊ ချစ်ခင်ဖွယ်နှင့် 
လွမ်းဖွယ်အဖြစ်၊ ပြောပ,ရစ်လိမ့်။ (တင်မိုး)
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ