Skip to main content

လေးကြောင်းမျဉ်းမှာ စာရေးနည်း

လေးကြောင်းမျဉ်းမှာ စာရေးနည်း

၂ ကို မျဉ်းကြောင်းအောက်နဲ့အပေါ် ဘယ်လိုရေးတာမှန်ပါလဲဆရာ။
ကျွန်တော်တို့ငယ်စဉ်က သင်ရတယ်။ မေးခွန်းရလို့ ကွန်ပြူတာမှာ ရေးကြည့်တော့ ကွန်ပြူတာမှ အသေလုပ်ထားပြီး ရေးနည်းစနစ်က မှားနေတယ်။ 
၁၊ ၈၊ နဲ့ ၁၀ တို့က အပြာမျဉ်းနှစ်ကြောင်း အတွင်းမှာ ရေးရတယ်။ 
၂၊ ၅၊ ၆ နဲ့ ၉ တို့က  အပြာမျဉ်းနှစ်ကြောင်း အထက်ကျရမယ်။
၃၊ ၄ နဲ့ ၇ တို့က အပြာမျဉ်းနှစ်ကြောင်း အောက်ကျရမယ်။
ကွန်ပြူတာမှာ နမူနာပြရတာတောင် အတော်ခက်နေတယ်။ အဲတာနဲ့ စာရွက်ပေါ်မှာ လက်ရေးနဲ့ ရေးလိုက်တယ်။ လက်ရေးနဲ့ စာမရေးတာကြောတော့ လက်ရေးမလှနိုင်တော့ပါ။ ဆောရီး။
အဲလို 'ယူနီကုဒ်' စာရေးနည်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဥပမာ 'ဝလုံး' နဲ့ 'သုည'။ ဖေါင့်ပြောင်းရတာလည်း တခါတခါအဆင်မပြေ။ ကွန်ပြူတာနဲ့ ဖုန်းကနေသုံးရတာ မတူ။ 'အော်တို ထရန်စလိတ်' ကတော့ အတော်ကိုညံ့တယ်။ အတော်ကို မှားတယ်။ မြန်မာစာနဲ့ 'စပဲလ်ချက်' ပေါ်လာရင်တော့ ငါးပါးမှောက်လိမ့်မယ်။
မြန်မာစာကို သဒ္ဒါ၊ စာလုံးပေါင်း၊ သတ်ပုံ၊ ဝါကျ၊ စကားစုအထားအသို စတာတွေမှန်အောင် သူငယ်တန်းကစ ပြင်ရမယ်။ လက်ရှိနိုင်ငံတော်မူ မြန်မာအဘိဓာန်ကို  မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈-၇၉-၈၀) ထုတ်နဲ့ အစားထိုးရမယ်။
'တ' သုံးလုံး စီမံချက် လိုတယ်။ တခု၊ တကောင်၊ တယောက်။
အခုရေးတဲ့ 'ပို့စ်' ကို အမြင်ကပ်လို့ ရိုင်းရိုင်းစိုင်းစိုင်း 'ကွန်မင့်' ရေးသူတွေလာမှာကိုလည်း သိပါတယ်။ 'ကွန်မင့်' ကိုသာ 'ဟိုဒ်' လုပ်မယ်။ အဲလိုလူတွေကို 'ဘလော့' တာတော့ မလုပ်ပါ။ သူတို့တတွေ တချိန်မှာ မြန်မာစာ မှန်ကောင်း မှန်လာကြမှာကို မျှော်လင့်လို့ဖြစ်ပါတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ