Skip to main content

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းများ သမိုင်း

မက်ဆေ့ချ်တခုရတယ်။ မြန်မာစာဆရာတယောက်ကို ပုံနှင့်တကွ ပုံပို့ပြီး တ နှင့် တစ် ကို သေချာစွာ မေးကြည့်တယ် အဲ့ချိန်တုန်းက ကိုလိုနီခေတ် မြန်မာစာ သတ်ပုံကြမ်းမပြုစုရသေးဘူးတဲ့ ဒေါက်တာတင့်ဆွေပြောသမျှကို မယုံပါနဲ့ တဲ့  သတ်ပုံကျမ်းတွေဟာ ဘုရင့်ခေတ်ကတည်းကရှိခဲ့ပါတယ်။ ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိကို သတ်ပုံကျမ်းပေါင်း ၇၅ ကျမ်းလောက်ရှိတယ်လို့ ဒေါက်တာစိန်မြင့်ပြုစုတဲ့ သတ်ပုံကျမ်းသမိုင်းစာအုပ်မှာ ပါပါသတဲ့။ 

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွေ ကျွန်တော့်လက်လှမ်းကတော့ တိုပါတယ်။ 

၁။ ကဝိလကဏဒီပနီကျမ်း

လွှတ်တော်စာရေးကြီးမောင်သော် နှင့် ကုန်သည်ကြီးမောင်ဘေ (၁၂၄၂) (၁၈၈၀)

၂။ ကဝိလကဏသတ်ပုံ (၁၂၄၃) (၁၈၈၁)

ရွှေတောင်ရာဇကျော်

၃။ တတိယမောင်းထောင် ဆရာတော် (မြန်မာခုနှစ် ၁၁၇၇ - ၁၂၃ဝ) ပေါရာဏာကထာ ၆၂ ဂါထာပါဌ် နိသျ။ 

၄။ မင်းကြီးမဟာမင်းလှစည်သူ

သတ်ထူးကဗျာနှင့် အတိုကောက်

၅။ မြန်မာမင်း လွှတ်တော်သုံးသတ်ပုံ

ရှင်ဥက္ကံသမာလာ

ဝဏ္ဏဗောဓနသတ်အင်း (၁၁၄၅) (၁၇၈၃)

၅။ မြန်မာမင်း လွှတ်တော်သုံးသတ်ပုံ

ကဝိလက္ခဏသတ်ပုံသံပေါက် နှင့် အတိုကောက်

ကဝိလက္ခဏသတ်ညွှန်း

ရှင်လင်္ကာသာရ (တွင်းသင်းတိုက်ဝန်)

၆။ မြန်မာမင်း လွှတ်တော်သုံးသတ်ပုံ

ဆရာတော်ဦးဗုဒ် (ဦးဗုဓ်)

ကဗျာသာရတသင်္ဂဟသတ်ပုံ နှင့် အတိုကောက်

၇။ မြန်မာမင်း လွှတ်တော်သုံးသတ်ပုံ

ပင်းဆရာတော်

ရတနာကြေးမုံသတ်ပုံ

၈။ မြန်မာမင်း လွှတ်တော်သုံးသတ်ပုံ ခွဲထားကျော်

ယောမင်းကြီးဦးဘိုးလှိုင် အလင်္ကာနိဿယကျမ်း (၁၂၄၂ ခုနှစ်)

၉။ ဦးသာမြတ်၏ မြန်မာစာရေးထုံးကျမ်း (၁၉၅၃)

၁၀။ ဦးချစ်စံ၏ ကဝိဓဇသတ်ပုံကျမ်း (၁၉၅၄)

ဝဏ္ဏဗောဓနသတ်အင်းကို ဦးတင်ဧကတည်းပြတ်ပြီး မြန်မာနိုင်ငံသုတေသနအသင့်က ၁၉၆၁ ခုမှာ ထပ်မံရိုက်နှိပ်တယ်။ ကျွန်တော်တို့ ဆယ်တန်း ၁၉၆၄-၆၅ ခုနှစ်မှာ ကျောင်းသုံးအဖြစ် သတ်မှတ်တယ်။ ပြဋ္ဌာန်းစာအုပ်လို့ မခေါ် လက်စွဲစာအုပ် ဖြစ်တယ်။ တော်လှန်ရေးကောင်စီနဲ့ မဆလခေတ်ဦးမှာ မြန်မာစာသတ်ပုံအတွက် တရားဝင်အကိုးအကားစာအုပ်ဖြစ်တယ်။

မဆလပါတီလက်ထက် နေရာရလာကြတဲ့ မြန်မာစာဆရာကြီးတွေက မြန်မာစာသတ်ပုံကိုပါ တော်လှန်ရေးလုပ်ကြတယ်။ နောက်စစ်အစိုးရတခုတက်ပြန်တော့ မြန်မာစာသတ်ပုံကို ဒုတိယတော်လှန်ရေးလုပ်ကြတယ်။ 

၁၉၉၁ ခု စက်တင်္ဘာလမှာ ထွက်တဲ့ မြန်မာအဘိဓာန်နိဒါန်းထဲမှာ သမိုင်းကြောင်းပါတယ်။ 

ဖျာပုံတိုက်သစ်ကျောင်းတိုက် ဆရာတော် ဦးသြဘာသာဘိဝံသ ပြုစုနေခဲ့တဲ့ မြန်မာအဘိဓာန် အတွဲ ၁ (က မှ ကွိုင်) ကို ၁၃၀၉ (၁၉၄၇) နဲ့ အမှတ် ၂ (ကျ မှ ကြွယ်လူး) ကို ၁၃၁၀ (၁၉၄၈) မှာ ထုတ်ဝေခဲ့တယ်လို့ ပါရှိတယ်။ ၁၉၆၄-၆၅ ခုနှစ်မှာ ကျောင်းသုံးအဖြစ် သတ်မှတ်ခဲ့တဲ့ ဝဏ္ဏဗောဓနသတ်အင်းကို ထည့်သွင်းဖေါ်ပြထားခြင်းမရှိပါ။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ဦးဝန်ကို မြန်မာအဘိဓာန်ပြုစုရေး တာဝန်ပေးတယ်။ တက္ကသိုလ် မြန်မာအဘိဓာန်ကို ၁၃၁၀ (၁၉၄၈) ခုနှစ်မှာ စတင်တယ်။ ဒေါက်တာဘဟန်နဲ့ ဦးဘေမောင်တင်တို့က အကြံပေးအဖွဲ့ထဲမှာပါတယ်။ ၁၉၆၄ ခုမှာ အပိုင်း ၅ (ဆ) အထိ ထုတ်ဝေခဲ့တယ်။ အဲဒီနောက် ဆက်မလုပ်နိုင်တော့ပါ။

ဦးနေဝင်းတက်လာပြီး ၁၉၆၃ ခုနှစ်ကစပြီး မြန်မာစာကော်မရှင်၊ နောက်မှာ မြန်မာစာအဖွဲ့ဖြစ်လာတယ်။ မြန်မာအဘိဓာန် အကျဉ်းချုပ် (က မှ အ) ကို ၅ တွဲပြုစုပြီး ၁၉၈၀ ခုနှစ်မှာထုတ်တယ်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ မြန်မာစာအဖွဲ့က၊ ၁၉၇၈ ခုနှစ်၊ ဇန်နဝါရီလ ထုတ်နဲ့ ၁၉၈၆ ခုနှစ်၊ ဇွန်လထုတ်တွေထဲမှာ တဝမ်းပူတွေကို အမှန်အတိုင်းသာ ရေးထားတယ်။

မြန်မာအဘိဓာန် အကျဉ်းချုပ် ၅ တွဲ တအုပ်တည်းအဖြစ် ၁၉၉၁ ခုနှစ် စက်တင်ဘာလမှာ ပထမအကြိမ်ထုတ်ပါတယ်။ အဲဒီကစပြီး တဝမ်းပူတွေကို ရန်ရှာပြီး စသတ်ထားပါတော့တယ်။ ၁၉၈၈ ကနေ ၁၉၉၇ အထိကာလဟာ နဝတ လက်ထက် ဖြစ်ပါတယ်။ အဲတာဟာ ကနေ့အထိ နိုင်ငံတော်မူ။

၁၉၇၈ ခုနှစ် ဇန်နဝါရီလထုတ် မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း နိဒါန်းမှာ ထိုကော်မရှင်သည် အစိုးရရုံးသုံး စံ မြန်မာရေးထုံးကျမ်းတစောင် ပေါ်ထွက်လာရေး လုပ်ငန်းတရပ်ကိုလည်း ဆောင်ရွက်ရမည်ဟု ဥက္ကဋ္ဌကြီးက ထပ်မံညွှန်ကြား သတ်မှတ်ပါသည်။ ၁၉၆၄ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့တွင် ကျောင်းသုံးစာအုပ်ကော်မတီ အစည်းအဝေးကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌရုံး၌ ကျင်းပစဉ် ဥက္ကဋ္ဌကြီးက အသံကို ရေးတဲ့အခါ အမှန်ရေး။ စကားတလုံးနှင့် ခုနစ်နှစ်ငြင်းနေလို့ ဘယ်ဖြစ်မလဲ။ နောက်ဆုံးတော့ တခုခုကို ပညတ်ရမှာပဲ။

မြန်မာရေးထုံးကျမ်းတစ်စောင် မဟုတ်ပါ။ လုပ်ငန်းတစ်ရပ်ကိုလည်း မဟုတ်ပါ။ စကားတစ်လုံးနှင့် မဟုတ်ပါ။ တစ်ခုခုကို မဟုတ်ပါ။

စာလုံးပေါင်းသတ်ပုံကျမ်း ပထမအကြိမ်ပုံနှိပ်ခြင်းအတွက် အမှာစာ နိဒါန်း

တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်း

၁၆။ တစ်အရေး တအရေး ခွဲခြားသတ်မှတ်မှုနှင့်စပ်လျဉ်း၍ မြန်မာစာအဖွဲ့သည် ပုဂံခေတ်မှမျက်မှောက်ခေတ်အထိ မြန်မာစာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့ကြပါသည်။ အကြိမ်ကြိမ် စည်းဝေးတိုင်ပင်၍ တစ်အရေး တအရေး ခွဲခြားရာ၌ အခြေပြုရန် အောက်ပါယေဘုယျမူ ၃ ရပ်ကို ချမှတ်ခဲ့ကြပါသည်-

(က) ရေးထုံးသည် အသံထွက်နှင့် ခွဲခြားနိုင်သည်ဖြစ်ရာ စာရေးသားကြရာတွင် ရေးထုံးအမှန်အတိုင်း ရေးသားကြ၍ ရွတ်ဖတ်ရာတွင်မူ ချန်လှပ်၍လည်းကောင်း၊ ဖြည့်စွက်၍လည်းကောင်း၊ သင့်လျော်ပြေပြစ်သည့် အသံသို့ ပြောင်းလဲ၍လည်းကောင်း ရွတ်ဖတ်နိုင်သဖြင့် ရေးတော့အမှန် ဖတ်တော့အသံဟူသည်ကို လိုက်နာမည်။

(ခ) အကြောင်းအကျိုးဆက်စပ်မှုမှန်ကန်ခြင်း၊ စနစ်တကျရှိခြင်းတို့ကို ဦးစားပေးသင့်သည်ဖြစ်၍ သဘာဝ ယုတ္တိအရ ပြုပြင်သင့်သည်ကို ပြုပြင်မည်။

(ဂ) ပုဒ်များကို အဆင့်ဆင့် ဖွဲ့စည်းတည်ဆောက်ရာ၌ ဝါစင်္ဂပြောင်းလဲသွားသည်ဖြစ်စေ၊ အသံထွက်ပြောင်း လဲသွားသည်ဖြစ်စေ၊ ဆင့်ပွားအနက်၊ တင်စားအနက်တို့ဖြင့် သုံးသည်ဖြစ်စေ ထိုကိန်းဂဏန်း၏ ရေးထုံးကို ပြောင်းလဲခြင်း မပြုသင့်သဖြင့် -

အဲလိုရှင်းလင်းချက်ကို သေချာလေ့လာကြည့်တော့ တရားရုံးမှာ ကိုယ့်အမှုသည် ဘာအမှားလုပ်ခဲ့လုပ်ခဲ့ အနိုင်ရရေး လျှောက်လဲချက်နဲ့သာ တူနေပါတယ်။

၁။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းများသမိုင်းဝင် စာရင်းပါစာအုပ်အားလုံးမှာ တတွေကို မလိုအပ်ပဲ စမသတ်ပါ။

၂။ ဂန္ထဝင်စာတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိခဲ့လို့ ယူဆနိုင်ပါတယ်။ အရင်ကအထင်က ရေးသား ထုတ်ဝေထားခဲ့တာတွေ ဘာကြောင့်မမှန်သလဲ ရှင်းလင်းချက် တလုံးတပါဒမှ မပါရှိပါ။

၃။ မြန်မာ့စွယ်စုံကျမ်း (၁၅) အုပ်လုံးမှာ တတွေကို မလိုအပ်ပဲ စမသတ်ပါ။

၄။ ဆဋ္ဌသင်္ဂါယနာတင် ပါဠိ မြန်မာပြန်ကျမ်းတော် ၃၀ ကျော်ထဲမှာလည်း တတွေကို မလိုအပ်ပဲ စမသတ်ပါ။

၁၉၉၁ ခုနှစ် စက်တင်ဘာလမှာ ပထမအကြိမ်ထုတ်ခဲ့တဲ့၊ လက်ရှိနိုင်ငံတော်မူဖြစ်နေတဲ့  မြန်မာအဘိဓာန်ပါ သတ်ပုံသစ်တွေဟာ ပညာမဆန်တဲ့ သတ်ပုံပြောင်းခြင်းမျှသာ ဖြစ်ပါကြောင်း။ ကန်တော့။ ဆောရီး။

လေ့လာရန် အဘိဓာန်ဆိုင်ရာစာပေများ

မြန်မာစာတက္ကသိုလ်၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)

ဒေါက်တာတင့်ဆွေ

၁-၇-၂၀၂၀

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ