ကွန်မင့်တခု = တစ်တိုင်(တတိုင်)ကို နှစ်မိုင်နှုန်းသတ်မှတ်ထားတဲ့ ရှေးခေတ်သုံး အကွာအဝေးတိုင်မဟုတ်ဘူးလား (သောင်းတိုင်ကကြား)
- ၁၉၉၀ ဝန်းကျင်က ဆရာဝန်လေးရဲ့အကြောင်းကို ရုပ်ရှင်အဖြစ်ပုံဖော်ထားတဲ့ "သောင်းတိုက်က ကြားစေသား" ရုပ်ရှင်
- သောင်းတိုက်ကကြားစေသား - မေဆွိ၊ မေရွက်ဝါ၊ နီနီဝင်းရွှေ
- စကြဝဠာ တိုက်တသောင်း ကြားကြပါစေ
မြန်မာအတိုင်းအတာ ဝေါဟာရ (၁၂) မျိုးလင်္ကါ
(လက်သစ်တောင်တာ ယူဇနာတိုင်အောင်သော မြန်မာတို့၏ အတိုင်းအတာ နည်းလင်္ကါဟူလို။)
(၁) ၁၀ ဆံခြည် တနှမ်း
(၂) ၆ နှမ်း တမုယော
(၃) ၄ မုယော တလက်သစ်
(၄) ၈ လက်သစ် တမိုက်
(၅) ၃ မိုက် တတောင်
(၆) ၄ တောင် တလံ
(၇) ၇ တောင် တတာ
(၈) ၂၀ တာ တဥဿဘ
(၉) ၂၀ ဥဿဘ တကောသ
(၁၀) ၄ ကောသ တဂါဝုတ်
(၁၁) ၄ ဂါဝုတ် တယူဇနာ
(၁၂) ၁၀၀၀ တာ (တာတထောင်) တတိုင်
မှတ်ချက်။ ။ မြန်မာ (၁၀) တိုင်ကို ခရီးတသောင်း ဟု ခေါ်သည်မှာ တာပေါင်း (၁၀၀၀၀) ရှိသောကြောင့် ဖြစ်သည်။ (သုတေသန သရုပ်ပြအဘိဓာန်၊ စာ ၁၇)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment