တောင်ပံကွန့်မြူး၊ ပိုးစုန်းကြူး၊ အထူးအဆန်းပင်။
အရောင်တွဲ့တွဲ့၊ ထွန်းလင်းခဲ့၊ မီးရဲ့ပမာသွင်။
ပျင်းရိလျက်သာ၊ အိပ်နေပါ၊ ရောင်ဝါမပေါ်လွင်။
ထိုနည်းတူစွာ၊ လူတို့မှာ၊ ပမာနှိုင်းဆင်ခြင်။
ကိုယ်နှင့်ဆိုင်ဘိ၊ အလုပ်ရှိ၊ လျှံငြိဂုဏ်ရောင်ထင်။
ကမ္ဘာတိုက်ဘောင်၊ အလုပ်ရောင်၊ ထွန်းပြောင်အမြဲပင်။
ပျင်းပျင်းရိရိ၊ အိပ်နေဘိ၊ မရှိ အလုပ်ခွင်။
မှေးတေးမှိန်တိန်၊ သေးသိမ်သိမ်၊ အရှိန်ကင်းလိမ့်ပင်။
လူဖြစ်ပါခဲ့၊ အရှိန်မဲ့၊ တကဲ့နွားအသွင်။
အပျင်းရောဂါ၊ စွဲကပ်လာ၊ မြန်စွာကုဘို့ပြင်။
မကုစားဘဲ၊ အပျင်းစွဲ၊ ငမွဲငနုန်ပင်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ ကျောင်းသုံးစာအုပ်ကော်မီတီ။ (၁၉၇၈)။ အလယ်တန်း မြန်မာကဗျာလက်ရွေးစင်။ ရန်ကုန်၊ စာပေဗိမာန်ပုံနှိပ်တိုက်။ စာမျက်နှာ ၆၂ မှ ကူးယူ ဖော်ပြပါသည်။ လယ်တီပဏ္ဍိတဦးမောင်ကြီးဟာ မြန်မာသက္ကရာဇ် ၁၂၄၀-၁၃၀၁(ခရစ်နှစ် ၁၈၇၈-၁၉၃၉) ခုနှစ်အတွင်း ပေါ်ထွက်ခဲ့တဲ့ စာရေးဆရာတစ်ဦးပါ။ လယ်တီဆရာတော်ရဲ့တပည့်ရင်းတစ်ဦးလည်း ဖြစ်ပါတယ်။ လယ်တီပဏ္ဍိတ ရေးသား ပြုစုခဲ့တဲ့ ကျမ်းပေါင်း ၄၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။ နိုဘယ်လ်-မြန်မာ စာပေပွဲတော် ကျင်းပရေး ကော်မတီက လယ်တီပဏ္ဍိတရဲ့ 'တပင်ရွှေထီး' ဝတ္ထုကို နှစ် ၁၀၀ မြန်မာဝတ္ထု ၁၀၀ စာရင်းထဲမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ (Friend Bookshop)
(၂)
တပင်ရွှေထီး (လယ်တီပဏ္ဍိတ ဦးမောင်ကြီး)
ဘုရင်မင်းတပါး
မြန်မာဘုရင်တပါး
မြန်မာပြည်တခွင်ဝယ်
မင်းကြီးတဆူ
ထို့နောက်တဘန်
(ပို့ပေးသူ ကျေးဇူး။)
မကြာမီ ‘တစ်ပင်ရွှေထီး’ ဟု ရေးသားလာကြလတ္တံ့။
(၃)
၁၅-၃-၂၀၂၃ နေ့က အဲလို ရေးခဲ့တယ်။ အခုလိုက်ရှာတော့ "တစ်ပင်ရွှေထီး" တွေ့တယ်။ ဝီကီပီးဒီးယာမှာ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment