Skip to main content

တကူးတက တခုတ်တရ တတိုင်းတပြည်လုံး



၁။ တတိုင်းတပြည်လုံးလား တစ်တိုင်းတစ်ပြည်လုံးလားဆရာ
ကျွန်တော် သူငယ်တန်းကတည်းက တတိုင်းတပြည်လုံးလို့သာရေးခဲ့တာ အခုထိအထိ။ အခုတော့ တတိုင်းတပြည်လုံးက တစ်တိုင်းတစ်ပြည်လုံးဖြစ်နေတယ်။
၂။ အလေးအနက်ထားပြီးပြုလုပ်ပေးတဲ့အရာတွေကို တစ်ခုတ်တရ၊ တစ်ကူးတရ၊ တစ်ကူးတစ်က၊ တစ်ခူးတရ၊ တစ်ခူးတက၊ ဘယ်ဟာအမှန်လည်းဆရာ။ အမှားတွေပဲဖြစ်နေမယ်ဆိုလည်း အမှန်ရေးနည်းသိပါရစေဆရာ။
အရင်ကထုတ်တဲ့သတ်ပုံစာအုပ်တွေမှာ တကူးတက၊ တကူးတကန့် နဲ့ တမင်တကာလို့ ပါတယ်။ နောက်မှာ တခုတ်တရလို့ စကားလုံးအဆန်းထွင်ရေးတော့ လူအများက လက်ခံသုံးစွဲလာတယ်။ တခုတ်တရဆိုရ တခုခုဖြစ်အောင်ပြုလုပ်တယ်လို့ ဆိုလိုတယ်။ 
ခုတ် = စက်ခုတ်သည်၊ ထားနှင့်ခုတ်သည် (အရင်က ဒါး၊ ဓါး မရေးခဲ့ပါ)၊ လှေတက်ခုတ်၊ သစ်ဝါးခုတ်သည်၊ ကြောင် ကြွက်ကိုခုတ်လို့ ရှိတယ်။
မြန်မာစာ သတ်ပုံမှန်ခေတ်ကထုတ်တဲ့ သတ်ပုံစာအုပ်တွေမှာပါတဲ့ စသတ်စရာ မလိုတဲ့ တ အသုံးများ
ကောင်းပေစွတကား
တကတဲ
တကယ်တမ်း
တကယ်အမှန်
တကျက်ကျက် ရန်ဖြစ်နေကြသည်
တကျည်ကျည် ငိုနေသည်
တကျွန်းကျ
တကျိတ်တည်း တဉာဏ်တည်း
တကျူကျူငို
တကျော့နှစ်ကျော့
တကြွကြွတရွရွ
တကြိုးတည်းပြေးပြီ
တကြုတ်ကြုတ်မြည်
တကြောင်းဆွဲပန်းချီ
တကြော်ကြော်အော်
တကွ (အတူတကွ)
တကွနက် = တပြိုင်နက်
တကွဲတပြား
တကာ = တတွေ = အများတကာ
တကားကား
တကိုယ်ကောင်း
တကိုယ်တည်း
တကိုယ်ရေတကာယ
တကုပ်ကုပ်လုပ်နေသည်
တကူးတက
တကူးတက
တကူးတကန့်
တကူးတကန့်
တကောင်းမြို့
တကောင်တည်း
တကောင်တမြီး
တကောင်တလေ
တကဲ့အဟုတ်
တခဏချင်း
တခဏပန်း
တခန်းရပ်
တခမ်းတနား
တချက်တည်း
တချက်လွှတ်အမိန့်
တချွင်ချွင်မြည်နေသည်
တချွတ်ချွတ်မြည်သံ
တချို့တလေ
တချို့တဝက်
တချိုးတည်းလစ်ပြီ
တခြမ်း (ထက်ဝက်)
တခြမ်းပဲ့
တခြားတပါး
တခြိမ့်ခြိမ့် (ဆိုင်း)
တခွင်တပြင်
တခါတခေါက်
တခါတည်း
တခါတရံ
တခါတလေ
တခိခိ တချိချိ ရယ်သည်
တခို
တခုခုစားပါ
တခုတလေ
တခုတ်တရ
တခုတ်တရ
တခုလပ်
တခေါက်တကျင်း
တခေါ်တမျှော်
တခဲထွေ = တပေါင်းတစည်းတည်း
တခဲနက် = တလုံးတစည်းတည်း
တငမ်းငမ်း
တငြိမ့်ငြိမ့်
တငိုငိုတရီရီ
တငေးတမော
တစံ့ = အနည်းငယ်မျှ
တစစီ (တခုချင်း၊ အစိတ်စိတ်အမွှာမွှာ)
တစည်း (ပန်း)
တစည်းတပေါင်း
တစည်းတရုံး
တစည်းတလုံး
တစည်းတဝေး
တစတစ (တဖြည်းဖြည်း)
တစပြင်
တစပ်တည်း
တစွတ်စွတ် စားနေသည်
တစွန်းတစ ကြားသလား
တစာတစာ အော်နေသည်
တစိတ်တဒေသ
တစိတ်တဝမ်းတည်း
တစိမ့်စိမ့် မိုးရွာနေသည်
တစိုးတစိ
တစိုးတစိ = အနည်းငယ်
တစီတတန်းကြီး
တစု (လူ)
တစုံ (သင်္ကန်း)
တစုံတခု
တစုံတယောက်
တစုံတရာ
တစုံတဦး
တစုတရုံး
တစုတဝေး
တစုတအုပ်
တစေ = အမြဲဧကန်
တစေ့စေ့ = စေ့စေ့စပ်စပ်၊ အဖန်ဖန်
တစေ့တစောင်း
တစောင်း
တစ္ဆေမှင်စာ
တဆံခြည်
တဆင့်ခံ
တဆစ်ချိုးလမ်း
တဆယ့်နှစ်ရာသီ
တဆွေ့ခုန်
တဆိတ်ကို တအိတ်မလုပ်ပါနှင့်
တဆိတ်စာ
တဆုပ်တခဲ
တဆူတည်း
တဇွတ်ထိုးလုပ်သည်
တဇောက်ကန်း
တညင်းလုံး
တညှင်းညှင်း = တဖြေးဖြေး
တညှိုတထွာ
တညီတညွတ် = တူညီစွာ
တတန် (ထိုမှ)
တတပ်တအား
တတွေ (တို့)
တတိတတိ
တတိယ
တတုံးထွန်လယ်
တတောဝင်ထွက်၊ တကုန်းတက်၍၊ တတောင်ကိုကျော်
တထစ်ချ
တထမ်းတပိုး
တထီးလွှားလွှား = ဆင်းရဲ ပင်ပန်းစွာ အားတိုက်ပြုရခြင်း
တထုံး = ထုံးနည်းဥပဒေ
တထူး = တပါး = တခြားသော
တထေရာတည်း
တထောက်တနား
တထောက်ပတ်ပတ် = အဖန်ဖန်လုံ့လပြုခြင်း
တဒင်္ဂပဟာန်
တဒိတ်ဒိတ်မြည်သည်
တဒုတ်ဒုတ်မြည်သည်
တဒုန်းဒုန်းမြည်သည်
တနင်္ဂနွေနေ့
တနင်္လာနေ့
တနင်္သာရီတိုင်း
တနယ်မြေ
တနာရီတည်း
တနိုင်ငံတည်း
တနိုင်တပိုင်
တနုံ့နုံ့
တနေ့တခြား
တနေ့တော့ မောင်ပြန်လာမည်
တနေ့သ၌
တနေ့သောအခါ
တနေကုန်တနေခန်း
တနဲ
တပင်တပန်း
တပင်ရှားရှား = ပြာရီးပြာရာ = သုပ်သီးသုပ်ပြာ
တပည့်တပန်း
တပတ်ကျော့
တပတ်နွမ်း
တပတ်ရစ်
တပတ်ရိုက်
တပတ်လျှိုဆံထုံး
တပတ်လှိမ့်
တပန်းရှုံး
တပျောင်းပျပျ
တပျော်တပါး
တပြက်ပင်
တပြင် (အရှေ့အနောက်)
တပြွတ်ပြွတ်
တပြာ = ကြိမ်လုံး၊ တုတ်၊ လှင်ကန်
တပြားတချပ် မျှမရှိ
တပြိုက် (မိုးရွာ)
တပြိုင်တည်း
တပြိုင်နက်
တပြုံတခေါင်း
တပြူး = တရှဉ်း =တစုံ = နှစ်ခုတွဲ
တပြေးတည်း = အကြောင်းတူ
တပြောင်းပြန်ပြန် = အဖန်တလဲလဲ = အကြိမ်ကြိမ်
တပလာ = သစ်အငုတ်
တပွေ့တပိုက်
တပွဲတလမ်း အကဲစမ်း
တပါးတည်း
တပို့တွဲလ
တပိုင်း (အရက်)
တပိုင်းတစ
တပိုတပါး = တခြားတပါးနေရာ
တပိုတပါးသွား
တပုံတခေါင်း
တပေါက်တလမ်း
တပေါင်းတစည်းတည်း
တပေါင်းလ
တဖက်ကမ်းခပ်
တဖက်ဆည်ကန်
တဖက်ယပ်တဲ
တဖက်လှည့်
တဖက်သတ်
တဖက်သား
တဖန်တုံ
တဖျင့် = ခြားနားခြင်း
တဖျစ်တောက်တောက်
တဖျစ်ဖျစ်မြည်သည်
တဖျဉ်းဖျဉ်းတက်သည်
တဖျပ်ဖျပ်လန့်
တဖြစ်လဲ
တဖြည်းဖြည်း = တရွေ့ရွေ့
တဖြတ်တည်း
တဖြန်းဖြန်းကြက်သီးထ
တဖြိုင်ဖြိုင်
တဖြုတ်တခဏ
တဖြုတ်ဖြုတ်ကြွေ
တဖြူးဖြူးလေတိုက်
တဖြောက်ဖြောက်မိုးရွာ
တဖြောင်းဖြောင်းမြည်သံ
တဖွဲ့တနွဲ့
တဖိတ်ဖိတ်တောက်
တဖိန်းဖိန်း
တဖုံ (ဆေး)
တဖုန်းဖုန်းကျ
တဖုဿ = ထိုသောအရာကိုတွေ့ကြုံသောသူ
တဘက်ပဝါ
တဘီးလိမ့်
တဘောင်စနည်း
တမံ = တည်၊ ကန်ပေါင်၊ ကန်ရိုး
တမံတုတ်
တမဂ်တဖိုလ်
တမင် 
တမင်တကာ
တမတ် (ငွေ)
တမတ်စောက်စောက်
တမဒီပကျွန်း = သဖန်းသီးအရောင်ကဲ့သို့ နီမြန်းသောမြေ ရှိသောကျွန်း
တမန် = မင်းအရေးအရာ၌ စေအပ်သောသူ (သံတမန်)
တမန်း (လယ်)
တမန်စေလွှတ်သည်
တမျှ
တမျှဉ်းမျှဉ်း
တမျှော်တခေါ်
တများများ (သွားရည်ကျ)
တမျိုးတဖုံ
တမျိုးတဘာသာ
တမျိုးတမည်
တမြည့်မြည့်
တမြန်နေ့
တမြမြ (အရက်သောက်)
တမြို့တည်း
တမြုံ့မြုံ့စား
တမြုံတမ
တမလန်းပင်
တမလွန် = သေသည်မှ နောက်ဘဝ
တမွတ် = အမြတ်အဖျား
တမှုံမွှားမွှား = အထပ်ထပ်အပြန်ပြန်
တမိန်းမိန်း
တမုတ်ဆိုး = သစ်ခေါက်ဆိုး
တမုဟုတ်ချင်း
တမေ့တမြော
တမေ့တလျော့
တမ်းတသည်
တယုတယ
တယူသန်
တယောက်တကွဲ
တယောက်တည်း
တယောက်တပြန်
တယောက်ထီးတည်း
တယောက်ယောက်
တယောင်တဆောင်
တယောထိုး
တရံဆံ (သူစိမ်း)
တရံတဆစ် = တခါတလေ
တရံတဖန်
တရံရောအခါ
တရကြမ်း
တရက်ချန်
တရက်ခြားဖျား
တရက်တည်း
တရင်းတနှီး
တရစပ်
တရတွန်း
တရထည်
တရန်(ဖိနပ်)
တရပတ် (ယပ်)
တရပ် (လူ့အရပ်)
တရပ်ကွက်တည်း
တရပ်တကျေး
တရွတ်ဆွဲ
တရွေ့ရွေ့
တရွဲ့တစောင်း
တရှက် = ရောယှက်သည်
တရှဉ်း (နွား)
တရှိန်တည်း
တရှိန်ထိုး
တရှုပ်ရှုပ်ငို
တရှောင်ရှောင်
တရားကိုယ်
တရားခံ
တရားတပေါင်
တရားတဘောင်
တရားမကြောင်း
တရားလို
တရိပ်ရိပ်
တရိုတသေ
တရုတ်ကတ်တံခါး
တရုတ်စံကားပင်
တရုန်းရုန်း
တရုပ်စကားပင်
တရော်ကင်ပွန်း
တလံ (အတိုင်းအတာ)
တလင်း = ညီညွတ်ပြန့်ပြူးသော မြေအပြင်
တလင်းကျံ
တလင်းပြင်
တလည်လည် = အကြိမ်ကြိမ်အဖန်ဖန်
တလျှပ်လျှပ် (အရောင်)
တလျှမ်းလျှမ်း
တလျှောက် (မြစ်ရိုး)
တလျားလျား
တလွှား = အရပ်ရပ်အနယ်နယ်
တလွဲတချော်
တလှပ်လှပ် (ရင်ခုန်)
တလိမ့်ခေါက်ကွေး
တလိမ့်တုံး
တလိုင်းလူမျိုး
တလုံး (ပန်းကန်)
တလုံးတစည်း
တလုံးတပါဒ
တလုံးတဝတည်း
တလုံးလုံး (ချွေး)
တလုတ်တဆုပ်
တလူးလူးတလဲလဲ
တလူလူလွင့်
တဝ (ဤလည်း)
တဝက်ကျိုး
တဝက်ခ
တဝက်တပျက်
တဝတပြဲ
တဝန်း (တနိုင်ငံလုံး)
တဝမ်းကွဲအမျိုး
တဝမ်းပူအက္ခရာ
တဝိုက်
တဝုန်းဝုန်းမြည်သံ
တဝဲလည်လည်
တွန် = တချာ = ပေါင်း = တဝေး = တစုတရုံးတည်း
တသက်တကျွန်း
တသက်ပန်
တသက်လျာ = အစိုးတပိုင်တခဏ
တသင်း = အပေါင်းများစွာ
တသမတ် = ပိုးင်းခြားရပ်တန့်ခြင်းမရှိ
တသဝေမတိမ်း
တသွန်= အကြွင်းမရှိ အကုန်အစင်
တသွေ့ယောင်းယောင်း = သွေ့ခြောက်သည်
တသွေ့သွေ့
တသိုက်တဝန်း
တသီးတခြား
တသီးတသန့်
တသီးပုဂ္ဂလ
တသီတတန်းကြီး
တသုန် = တစုတရုံး
တဟွပ်ဟွပ်ချောင်းဆိုး
တဟီးဟီးတဟားဟား
တဟုန်းဟုန်း
တဟုန်ထိုး
တအုံနွေးနွေး
တအုန်းအုန်း
တအူထုံ့ဆင်း
တအောက်မေ့မေ့
တအော်လဲလဲ = အကြိမ်ကြိမ်အဖန်ဖန်
တဦးကောင်းတယောက်ကောင်း
တဦးတည်းသောသား
အထူးတလည်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ