လူအမည် မဟုတ်ပါ။
ကွန်မင့်တခု = ဇူလိုင်မှာကိုဗစ်နှင့် သေ(ကွယ်လွန်)သွားကြတဲ့ ဆွေမျိုးမိတ်ဆွေတွေကို သတိရဝမ်းနည်းလွန်းလို့မိုးမျက်ရည်တွေ
ဇူလိုင်လမှာ ဝမ်းနည်းပူဆွေးစရာတွေ များတယ်။ ဆဲဗင်း ဂျူလိုင်၊ အာဇာနည်နေ့ စသည်။ မနှစ်ကလည်း ကိုဗစ်။
၂၀၁၈ ခုနှစ် နွေရာသီမှာ ကိုယ့်တိုင်းပြည်ကို တခေါက် အလည်ရောက်စဉ်က တွေ့ခဲ့ရတဲ့ သူငယ်ချင်းတချို့လည်း ကိုဗစ်နဲ့ ပါသွားကြတယ်။
လောကဖြစ်စဉ်တွေဆိုတာ တသမတ်တည်း မရှိပါ။ ဆိုးတာတွေနောက်မှာ မဆိုးတာမျိုး လာတတ်တယ်။
လောကဓံတရားဆိုတာ အဆိုးလေးမျိုး နဲ့ အကောင်းလေးမျိုး။ အဆိုးကိုခံနိုင်ရည်ရှိရသလို အကောင်းကိုလည်း ခံနိုင်ရည်ရှိရမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment