Skip to main content

နှင်းဆီပွင့် ကဗျာ အမှားများ


"ဒီလိုပုံနဲ့ မိုးကြီးချုပ်ခဲ့ပြီ"
ဆရာမင်းသုဝဏ်ရဲ့ နှင်းဆီပွင့်ကဗျာကို လွဲအောင်ရေးထားတာတွေ အမျိုးမျိုး တွေ့တယ်။
(၁)
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံး မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။ (မင်းသုဝဏ်၊ ၃၁-၁၂-၁၉၃၂)
လင်းရောင်ခြည် ပထမတန်းဘတ်စာ။      ၁၁
သင်ခန်းစာ-၃၀။ 
(၂)
နှင်းဆီပွင့်
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်
ဂုဏ်တင့်တယ်လေး။
မင်းသုဝဏ်
(၃၁-၁၂-၃၂)
ငွေတာရီမဂ္ဂဇင်း ၁၉၆၁ နိုဝင်ဘာလ
အမှား (၁)
လယ်တောက အပြန် (အ) ပါတာနဲ့ (အ)  မပါတာ မူကွဲနှစ်မျိုးတွေ့ပါတယ်။
ပန်ချင်တယ် ကြာညိုဖူးဆိုလို့ (ခရေဖူးဆိုလို့)
မောင်ခူးကာပေး။ 
မနက်တုန်းဆီက၊ 
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပန်းနဲ့ ဂုဏ်တင့်တယ်လေး (ချစ်လို့သာခွဲရ ရန်ကုန်ဘဆွေ)
မူရင်းမှာ ကြော့ဆုံး(ကို) မပါ။
အမှား (၂)
လယ်တောက အပြန် (အ မပါရ)
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကျော့ဆုံးကို မောင်မြင်တော့ (ကြော့ဆုံးကို မောင်မြင်တော့)
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ (နှင်းဆီပွင့်တွေနှင့်)
ဂုဏ်တင့်တယ်လေး။
မူရင်းမှာ ကြော့ဆုံး(ကို) မပါ။
အမှား (၃)
လယ်တောကအပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင်ခူးကာပေး။
မနက်တုန်းဆီက
ကြော့ထုံးကိုမြင်ပြန်တော့ (ကြော့ဆုံးကို မောင်မြင်တော့)
သူ့ဆံမှာ နှင်းဆီပွင့်တွေနှင့် (သူ့ဆံပင် နှင်းဆီပွင့်တွေနှင့်)
ဂုဏ်တင့်တယ်လေး။     ။
မူရင်းမှာ ကြော့ဆုံး(ကို) မပါ။
အမှား (၄)
လယ်တောကပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ (နှင်းဆီပွင့်တွေနှင့်)
ဂုဏ်တင့်တယ်လေး။
မူရင်းမှာ ကြော့ဆုံး(ကို) မပါ။
အမှား (၅)
နောက်တခုက ပုံနဲ့။ အောက်ဆုံးမှာ မင်းသူ့ဝံ တဲ့။
အမှား (၆)
လယ်တောက ပြန်
ပန်ချင်တယ် ခရေဖူးဆိုလို့
မောင် ခူးကာပေး။
မနက်တုန်းဆီက
ကြော့ဆုံးကို မောင်မြင်တော့
သူ့ဆံမှာ နှင်းဆီပွင့်တွေနှင့် (သူ့ဆံပင်)
ဂုဏ်တင့်တယ်လေး။ 
မူရင်းမှာ ကြော့ဆုံး(ကို) မပါ။
(၇) အမှား
AI ကို ပုံပို့ပြီး စာသားတောင်းတော့
"ကြွေခဲ့ဆုံး မောင် မြင်တော့" လို့ ရေးပေးတဲ့အတွက် ပြန်ပြောရပါတယ်။ တခါပြောလည်း မှားနေပြန်လို့ ဒုတိယတခါကျမှာ AI က "ကြော့ဆုံး မောင်မြင်တော့" အမှန်ကို လက်ခံသွားတယ်။
မူလစာရေးသူတွေ ကွယ်လွန်တော့ မူရင်းစာတွေကို သတ်ပုံတွေပြင်တင်ကြ၊ ပြင်ထုတ်နေကြတယ်။ မြန်မာစာပေ စည်းကမ်းမလှတော့ပါ။ ဂုဏ်မတင့်တော့ပါ။ 
မြန်မာအဝတ်အစားနဲ့ ပုံကလည်း အဆင်ပြေတာ ရှာကိုမရ။ ပုံနဲ့တွဲတဲ့ကဗျာကလည်း မှန်တာကရှား။ ခေတ်ကလည်း ပုံပြစားနေကြတာ။ စာအရေးအသားမှန် မှန်ကို ဂရုမစိုက်ကြ။
မှားရေးတဲ့သူတွေက မြန်မာစာချစ်သူ၊ ရသကြိုက်သူ၊ ကဗျာမြတ်နိုးသူတွေလို့ ကင်ပွန်းတပ်ကြတယ်။
သတိထားမိသလောက် ကွယ်လွန်သူတွေရဲ့ မိသားစုတွေကလည်း ရှင်းလင်းတာ၊ ပြင်ပေးတာ မတွေ့မိပါ။
ဇော်ဂျီ၊ မင်းသုဝဏ်၊ မြို့မငြိမ်း၊ မင်းယုဝေ၊ နုယဉ်၊ တက္ကသိုလ်ဘုန်းနိုင်၊ မြသန်းတင့်၊ တင်မိုး စသည် အများကြီး။
ဒီလိုပုံနဲ့ မိုးကြီးချုပ်ခဲ့ပြီ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ