Skip to main content

ဖူး ဘူး

၁။ ကြားဖူး ပါ ခင်ဗျ ကြားဘူး မဟုတ်သလို ကြာဖူးလည်းမဟုတ်ပါဘူး။ အရေးမှားရင်ဆေးခါးတတ်လို့ အသိပေးရပါတယ်။ မိတ်ဆွေမပျက်ချင်ပါဘူးခင်ဗျာ။
ဘူး နဲ့ ဘူး ၅ ခါလောက် တင်ပြထားပါတယ်။ ဆရာကြီးလုပ်သူများကိုယ်တိုင်က ဗူးဘုရားကို မရောက်ဘူးသူ။ ဗူးသီးကြော်လည်း မစားဘူးသူ။
၂။ ဗူးသီးကြော် မစား'ဖူး'သူလို့ဖြစ်ရမှာပါဆရာ
၃။ မရောက် (ဖူး) ဖြစ်မလား လို့ဆရာ။
မရောက်ဘူးသေးသော ကလော

၄။ မရောက်ဘူးသေး မရောက်ဖူးသေးဘူး မသွားချင်သေးဘူး။
ဘူးလို့ ရေးမိတိုင်း ကွန်မင့်တွေ လာပါတယ်။ ဆောရီး။ ကျွန်တော်တို့ကျောင်းသားဘဝက စာရေးတာမှာ အခုခေတ်လို တသွေးတသံတမိန့် ရှားတယ်။မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
ဘူး = တားမြစ်ငြင်းပယ်ကြောင်းပြ ကြိယာနှင့် တွဲ၍သုံးသော စကားလုံး။ (မရှိဘူး၊ မသွားဘူး၊ မလာဘူး စသည်။)
ဘူးကွယ်
ဘူးခံ
ဘူးမှုတ် (ဗူးမှုတ် ရှု)
ဘူးလုံးနားမထွင်း (ဗူးလုံးနာမထွင်း၊ ဗူးလုန်းနားမထွင်း ရှု)
နဘူးနွယ်ပင်
ကြားဘူးနားဝ (အငြင်း မဟုတ်)
ဘုရားဖူးဘူးသည် (အငြင်း မဟုတ်)
ဘူးကွယ်သည်
ဘူးခံ (နောက်သတ်ပုံ)
ဘူးပင် (နောက်သတ်ပုံ)၊ ဗူးပင် (ယခင်သတ်ပုံ)
ဘူးလုံးနားမထွင်း (နောက်သတ်ပုံ)
ဘူးလည်သီးခတ်ချည် (နောက်သတ်ပုံ)
ဘူးသပိတ်ပင် (နောက်သတ်ပုံ)
မကြားဘူး
မဖြစ်ဖူးဘူး (နောက်သတ်ပုံ)
မမြင်ဘူး
မလိုက်ဘူး (နောက်သတ်ပုံ)
မရောက်ဘူး
ဆေးဘူး (နောက်သတ်ပုံ)၊ 
ဆေးဗူး (ယခင်သတ်ပုံ)
ထောင်ဘူးဝ (နောက်သတ်ပုံ)
ဖူး
ကမ်းနဖူး
စိတ်ဖူး
ဆတ်သွားဖူး
ထိပ်ဖူး
နဖူး
ဖူးငုံ
ဖူးစာ
ဖူးဖူးမှုတ်သည်
ဖူးမြင်သည်
ဖူးတွေ့သည်
ဖူးမြော်သည်
ဖူးရောင်သည်
ဖူးရွှေလက်တင်
ဘုရားဖူး
ပြောင်းဖူး
မဝယ်ဘူး မယ်ခူးတဲ့ဖက်စို။ 
မီးမကူ နေပူမှာ မကင်အားလို့၊ ထားရတယ် အိပ်ရာအောက်မှာ၊ မင်းသောက်ဖို့ကို။ 
ညှာအနား၊ ရှေ့သွားနဲ့ကိုက်လို့တို၊ မချိုတောင့်လိပ်ဆေး။
ပိုးမကူ၊ ဝါချည်ဖြူ တပင်ရစ်ကယ်နှင့်၊
ငယ်ချစ်မောင် ရွှေဝသွားကို၊ ပါးလိုက်ကဲ့လေး။   ။ (မယ်ခွေ)
ဘူး (ကဝိဓဇသတ်ပုံကျမ်း)
ကြားဘူးနားဝ
နဘူးနွယ်ပင်
ဘုရားဖူးဘူးသည်
ဘူးကွယ်သည်
မကြားဘူး
မမြင်ဘူး
မရောက်မလာဘူး
မဟာစည်ဆရာတော်ရေးသားတဲ့ ဝိပဿနာရှုနည်းကျမ်းမှာ ထို့ကြောင့် မြင်ဘူး ကြားဘူး နံဘူး စားဘူး တွေ့ထိဘူး ကြံသိဘူးသော ထိုအတိတ်ရုပ်နံတို့ကို ပြန်၍စဉ်းစားမိတိုင်း ဃနပညတ်ထင်ရှားလျက် နိစ္စ သုခ အတ္တဟု ထင်မြင် စွဲလမ်းမှုသည် ဖြစ်ပေါ်၏။
ဦးကြင်ဥပဒေသာသီချင်းတွေကိုလည်း ရှစ်တန်းမှာ သင်ခဲ့ရတယ်။
ပင်လယ်ခရုဘွဲ့
ကြုံစဖူး မြင်ဖူးမှ ယုံစဘွယ်။
ဖြူနီဝါပြာတစုနှင့်
ခရုထွေလာဆန်း
ကမ်းကွေ့ပတ်လယ်။
ရွှေမင်တံ သံပချုပ်နှင့်
ဟန်ရုပ်ပြသွယ်သွယ်
နတ်မယ်လျဆံထိုး။
ဝင်ကစွပ်
မြင်ဆွတ်ကကြည်ဘို့ရာ
ဟိုသို့လာ သည်သို့သွားနှင့်
အငှားခန္ဓာမြှောင်ရတယ်
ဆန်းခေါင်ထိမျိုး။    ။ (ဦးကြင်ဥ)
ဦးကြင်ဥက ဖြူနီဝါပြာတစုလို့ ရေးပါတယ်။ သတ်ပုံမှန်ကိုလည်း ကြုံဘူးမှ ယုံစဘွယ်။
မူကွဲအရေအသားတွေ ရှေးကတည်းက ရှိတယ်။ မူအရ မူရင်းစာကိုတော့ ထင်သလို မပြင်ရပါ။ ဒီကဗျာကို တင်ထားကြတာ အားလုံးလိုလိုက ပြင်ထားကြတယ်။ မလုပ်ကောင်းပါ။ ဝီကီတို့စ်မှာ ဘူး နဲ့ဖူး၊ လည် နဲ့ လယ်၊ ချုပ် နဲ့ ခြုပ် ၃ လုံး လွဲနေတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ