Skip to main content

Blocked List ဘလော့ထားသူများစာရင်း

ဆရာဘလော့တဲ့သူတွေ စုပြီး facebook group တခု ဖွဲ့နေလောက်ပြီဆရာရေ

ဟုတ်။ 

အရင်က တယောက်ယောက်ကို ဘလော့လိုက်ရင် ဘလော့ထားသူများစာရင်း ကြည့်လို့ရတယ်။ အခု မရတော့ပါ။ ဘလော့စာရင်းမှာ တထောင်ကျာ်ပြီ။

ဘလော့သူတွေဆိုတာ -

၁။ အကောင့်အတုများ၊

၂။ ဆဲသူနဲ့ ရိုင်းစိုင်းသူများ၊

၃။ မပို့ပါရန်ဆိုတာတွေကို ၂ ခါမက ပို့နေသူများ၊ 

၄။ မြန်မာစာသတ်ပုံမှန်ကို မုန်းတီးသူများ။

၅။ နိုင်ငံရေးအရောင်ကြောင့် ဘလော့ရသူ မရှိပါ။ 

၆။ အလွန်အမင်း ကျိုးကြောင်းဆီလျှော်မှု မရှိသူတွေ။ (ခင်ဗျားတို့ခေတ်က မအောင်မြင်ခဲ့တာ ဒါတွေကြောင့်လည်းပါမယ်တဲ့။ ၁၉၉၀ မှာနိုင်ငံရေးထဲဝင်ခဲ့လို့ရတဲ့ ဆုတံဆိပ်တခု ထပ်တိုးတယ်လို့ သဘောထားလိုက်မယ်။)

- နိုင်ငံရေးအရောင်ကြောင့် ဘလော့ရသူတွေက အကောင့်တုတွေထဲ ပါတယ်။ 

- မပို့ပါရန်ဆိုတာတွေက တရားလင့်တွေ၊ သီချင်းလင့်တွေ၊ သတင်းလင့်တွေ၊ အရုပ်တွေ။

- ဆဲသူနဲ့ ရိုင်းစိုင်းသူများထဲမှာ ဆေးခြောက်သမား များတယ်။

- သတ်ပုံမမှန်လို့ ဘလော့ရသူ မရှိပါ။

- မြန်မာစာသတ်ပုံမှန်ကို မုန်းတီးသူများထဲမှာတော့ အကောင့်တုတွေထဲ ပါတယ်။

တမြန်နေ့က ပေ့ချ် မက်စင်ဂျာမှာ ဆရာတင်တဲ့စာတွေကို ကူးတင်ပါတယ်ဆိုသူက Facebook user အဖြစ် ပေါ်နေတယ်။ အဲလိုပေါ်ခြင်းဟာ ဘလော့ထားသူလည်း ဖြစ်နိုင်တယ်။ သူ့အကောင့် ပျက်တာလည်း ဖြစ်နိုင်တယ်။ သူကတော့ အကောင့်ပျက်တာ မဟုတ်လို့ စာရေးလို့ရနေတာ။ 

ဘလော့ထားသူများစာရင်းကို ကြိုးစားပြီး ရှာဦးမယ်။ အကောင့်အမည်တွေကို ထုတ်ဖေါ်ဘို့တော့ မဟုတ်ပါ။ အရေအတွက် အတိအကျသိချင်လို့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ