Skip to main content

ခေါပုတ် ပဲပုပ် စပါးပုတ်


- မင်္ဂလာပါ ဆရာ ခေါပုတ် နဲ့ ခေါပုပ် ဘယ်ဟာအမှန်လဲဆရာ

ရှမ်းပဲပုပ်၊ စပါးပုတ်၊ သွေးပုပ်။

- အညာပဲပုပ်၊ ရှမ်းပဲပုပ်လုပ်နည်းမှာ Fermented Soybean ခေါ် ပဲပုပ်စိပဲကို ဓါတုဗေဒလို Fermentation ဖာမင့်တေးရှင်းနည်းနဲ့ လုပ်ရတယ်။ အလွယ်ခေါ် ပုပ်စေအောင်လုပ်တာဖြစ်တယ်။ ဘက်တီးရီးယား သို့မဟုတ် Yeast ယိစ် ခေါ် တဆေးကို သုံးရတယ်။ အဲလိုလုပ်တာတွေကို ပုပ်နဲ့ ရေးရတယ်။

ခေါပုတ်ဆိုတာ ကောက်ညှင်း၊ ငချိတ်ဆန်ကိုလုပ်တာဖြစ်တယ်။ အပုပ်မခံပါ။ ဖါမင့်တေးရှင်းနည်း မသုံးပါ။ စာနဲ့ရေးရင် ခေါပုတ်။

ထည့်စရာကို ပုတ်လို့ရေးပါတယ်။ စပါးပုတ်။ ဝါပုတ်။ ပဲ (ထည့်စရာ) ပုတ်။ ပုတ်ကို ပိုးမထိုးစေရန် နွားချေးသုတ်ထားသည်။

- ပုပ် နဲ့ ပုတ်မှာ သွေးပုပ်စကားလုံးက အမှန်လားရှင်

ရှမ်းပဲပုပ်၊ စပါးပုတ်၊ သွေးပုပ်။

- အိပ်ပုပ်ကြီးတာ အိပ်ပုပ်ကြီးတာ ဘယ်ဟာအမှန်လဲဆရာ သူငယ်ချင်းတဦးနဲ့ငြင်းနေရလို့ပါဆရာ

- ဆရာမင်္ဂလာပါ။ အိပ်ပုပ်လို့ရေးရတာလား၊ အိပ်ပုတ်လို့ရေးရတာလားဆရာ။

ပုပ်သိုးနေအောင်အိပ်တယ်လို့လည်းပြောနိုင်တယ်။ အိပ်ပုတ်ကြီးလို့ ကြီးစာလုံးနဲ့တွဲရင် ပုတ်လောက်ကြီးသဘောဖြစ်မယ်။ အစားပုတ်တယ်လို့လည်း ပြောကြတယ်။ ပါးစပ်ပုပ်ဆိုရင်တော့ မယဉ်ကျေးတာတွေပြောတယ်လို့ဆိုလိုတယ်။ စိတ်ပုပ်ကလည်း စိတ်ထားညံ့တယ်လို့ပြောတာ။ အဲတာ သတ်ပုံစာအုပ်တွေမှာ မပါ။ စကားအဖြစ်သာပြောတာ။

ပုတပုပပုဒပုသ် ပုထ် ပုဂ် ပုစ် ပုဗ်

(စိတ်ထား မပုပ်ပါနဲ့လို့ ရေးရ။ ပုံအတွက် ကျေးဇူး။)

၁။ ကျနော့်ရဲ့ ကိုယ်ပိုင်သံစဉ် ငြိမ်ချမ်းရေး သီချင်းလေး တပုတ်ပါ

တပုဒ်ပါလိုရေးရ

၂။ အိပ်ပုပ်ကြီးတာ အိပ်ပုတ်ကြီးတာ ဘယ်ဟာအမှန်လဲဆရာ သူငယ်ချင်းတဦးနဲ့ငြင်းနေရလို့ပါဆရာ

၃။ ဆရာမင်္ဂလာပါ။ အိပ်ပုပ်လို့ရေးရတာလားအိပ်ပုတ်လို့ရေးရတာလားဆရာ

အိပ်ပုတ်ဆိုတာ ပုတ်လောက်ကြီးတဲ့သဘောလား မပြောတတ်ပါ။ အစားပုတ်တယ်လို့လည်း ပြောကြတယ်။ ပါးစပ်ပုပဆိုရင်တာ မယဉ်ကျေးတာတွေပြောတာစိတ်ပုပ်က စိတ်ထားညံ့တယ်လို့ပြောတာအဲတာတွေက သတ်ပုံစာအုပ်တွေမှာ မပါ။ စကားအဖြစ်သာပြောတာ

ပုတ

စပါးပုတ

ပါဋလိပုတ်ပြည

ပုတ်ခတ်ပြောဆို

ပုတ်တလုတ်ကန

ပုတ်ပြတ်ငှားရမ်း

ပုတ်သင်ညို

ရိုက်ပုတ်သည

လှိုင်းပုတ်သည

အိုးပုတ

ဆောက်ပုတ်လက်နက် (ထုရိုက်စရာ)

ရေလှိုင်းပုတ်

တင်းပုတ်

ပုပ်

ခင်ပုပ်ငှက်

စိတ်ပုပ်

ဆူးပုပ်ရွက်

ပုပ္ပါးတောင်

ပုပ်စပ်

ပုပ်ပွ

ပုပ်အဲ့အဲ့

ပုပ်စော်နံ

ဝက်ပုပ်ရွာ

သစ်ပုပ်ပင်

သစ်ပုပ်ရွာ

အစိမ်းပုပ်ရောင်

အပုပ်နံ့

မြွေငန်းပုပ်

လငပုပ်ဖမ်း

ပုဒ်

ဇနပုဒ်

နာမ်ပုဒ်

ပုဒ်ထီးပုဒ်မ

ပုဒ်ပါဇ်အက္ခရာ

သိက္ခာပုဒ်

ပုသ်

ဥပုသ်သီလယူသည်

ဥပုသ်စောင့်

ပုထ်

ဣရိယာပုထ်

ပုဂ်

ပုဂ္ဂိုလ်

ပုဂ္ဂလိက

ပုဂ္ဂလဓိဋ္ဌာန်

ပုစ်

ပုစ္ဆာ

ပုဗ်

ပုဗ္ဗနိမိတ်

ပုဗ္ဗကြယ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ