စုံစေ့ စုံစေ့၊ ကြံအောက်မေ့သော်
မသွေ့
မျက်ရည်၊ ဆီးကာဆည်လည်း
မတည် ဗျာပါ၊ ရှေးသောခါကား
ထွတ်ချာ
မှန်ကင်း၊ မယ့်ရှင်ရင်းက
သက်နှင်း
ရာဟု၊ မိမျက်ရှုနှင့်
များထု
ရံဝန်း၊ ပြဿဒ်နန်းထက်
ဖက်ကျွန်မမျှ၊
ကြယ်ဘောင်လသို့
ထိန်းယ
အုပ်ထွေ၊ စံပျော်ပေ၏
ပရမေထွတ်ကား၊
ခွာ၍သွားလည်း
ရင်းသား
ထိပ်ပန်း၊ မိကြငှာန်းနှင့်
ညှိုမြန်းလျက်ပင်၊
နေမရွှင်လည်း
စိတ်တွင်
သံဝေ၊ တရားဖြေ၍
စောင့်နေ
သီလ၊ အာစာရနှင့်
နေ့ည မကွာ၊ နေတတ်ရှာ၏
ခုမှာသော်ကား၊
ငါမယ်ဘွားမူ
တိမ်းပါး
တိမ်းပါး၊ ကြူပံဖျားသို့
သားလည်း
မမြင်၊ စိုးရိပ်ပြင်ခဲ့
မရွှင်
မရွှင်၊ ရွှေနန်းခွင်ဝယ်
လင်လည်း
တကွဲ၊ ပစ်ပယ်ရှဲ၍
ဆကဲ ဆကဲ၊ ပမာစွဲသော်
မိညဲ ပြာလတ်၊
ငှက်တောင်ကျွတ်သို့
တွေးချွတ်
တွေးချွတ်၊ တဆွတ်ဆွတ်လျှင်
သစ်လွတ်
မျောက်တူ၊ သဘောယူရှင့်
တရူ တရူ၊ လွမ်းရေးဟူလည်း
နေပူ
ဖယောင်း၊
မျဉ်းပျောင်း
ရွှေကြာ၊ ရေမှ ကွာသို့
စိတ်မှာ
စိတ်မှာ၊ ထောက်စာနာသော်
ပမာ ထိုနည်း၊
တချက်တည်းသည်
မယ်ချည်း
မပျော်ပါအံ့နည်း။ ။ (ပိုဒ်-၃၈)
(ရှင်နန္ဒမဉ္ဇူ /စန္ဒမဉ္ဇူ)
ရှေးစာကဗျာများ
Picasso's
Weeping Woman
Comments
Post a Comment