မန်ဒါလီသီချင်းကိုအကြောင်းပြုပြီး ရေးထားတဲ့ မန်ဒါလီသီချင်းကိုခံစားတင်ပြခြင်းကို ဖတ်ပါတယ်။
ယောင်္ကျား - ယောက်ျား
အသက်တစ်ရာ လင်တစ်ရာ - အသက်တရာ လင်တရာ
တစ်ယောက်မကောင်း တစ်ယောက်ပြောင်း - တယောက်မကောင်း တယောက်ပြောင်း
တယောက်နဲ့ တယောက် - မှန်၏။ ကွန်ဂရက်ကျူလေးရှင်း။
မန်ဒါလီ
ရေး - မြို့မငြိမ်း
မူလဆို - လေဘာတီဒေါ်မြရင်
ထပ်ဆို - မာမာအေး
ချောင်းကိုပစ်ကာ မြစ်ထဲကိုရှာ
ရေသာများတော့သည်
ထွေရာများလှပါသည်
ငါးမတွေ့နိုင်တဲ့ ဟင်္သာထက်ကဲ
ဝမ်းဘဲဘွဲ့ထူးချီ ခေါ်လောက်ပါပေသည်
မန်ဒါလီ မန်ဒါလီ မန်ဒါလီ မြစ်ကိုလွှဲတယ်
ဝမ်းဘဲက ချောင်းထဲရှာသည်
ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ
ချောင်းရိုးမှီငေးမယ့် မန်ဒါလီ
မောင့်ဇိုးမျိုး ခံနိုင်သူကို
ကျွန်မဖြင့် တွေ့မမြင်ပြီ
ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့
လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်
မောင့်ဇိုးမျိုး ခံနိုင်သူကို
ကျွန်မဖြင့် တွေ့မမြင်ပြီ
သြော် ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့
လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်
ပထဝီမြေကြီး လှန်လှောကာ
ကုန်းလို့ရှာတောင်
တွေ့လိမ့်နိုးနိုးထင်သည်
မန်ဒါလီမြစ်ကိုလွှဲတယ်
ဝမ်းဘဲက ချောင်းထဲရှာသည်
ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ
ချောင်းရိုးမှီငေးမယ့် မန်ဒါလီ
မောင့်ဇိုးမျိုး ခံနိုင်သူကို
ကျွန်မဖြင့် တွေ့မမြင်ပြီ
ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့
လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်
မောင့်ဇိုးမျိုး ခံနိုင်သူကို
ကျွန်မဖြင့် တွေ့မမြင်ပြီ
သြော် ရှာပေဦးတော့ ထမင်းထုပ်ကြီးနဲ့
လူပါမသိုးရုံဖြင့် မှာလိုက်ချင်သည်
ပထဝီမြေကြီး လှန်လှောကာ
ကုန်းလို့ရှာတောင်
တွေ့လိမ့်နိုးနိုးထင်သည်
မန်ဒါလီမြစ်ကိုလွှဲတယ်
ဝမ်းဘဲက ချောင်းထဲရှာသည်
ရေသာနည်းလို့ ငါးလည်းမတွေ့ပြီ
ချောင်းရိုးမှီငေးမယ့် မန်ဒါလီ
ရှင်ဂျီးထူပုံအကုန်လုံးသိအောင်
ဟန်ပုံမရပြီ မြင်စမ်းပါရစေ
ဘယ်မိန်းမမို့ ဒေါက်ခံကြည့်ဦးမည်
တွေ့စမ်းချင် တွေ့ရင်တော့ဖြင့်
မောင့်ဖိနပ်ခင်း ထမိန်လျှော်
လူကိုယ်တိုင် သူပိုင်ပိုင်
ကြိုက်ရာ ရိုက်ကာ ကြိုက်ရာ
ခိုင်းပါစေရှင်
တွေ့လိမ့်နိုးနိုးထင်သည်
မန်ဒါလီမြစ်ကိုလွှဲတယ်
ဝမ်းဘဲက ချောင်းထဲရှာသည်
ရေသာနည်း၍ ငါးလည်းမတွေ့ပြီ
ချောင်းရိုးမှီငေးမယ့် မန်ဒါလီ
ပြုံးချိုချို သူ့မျက်နှာထားကိုက
မြာကလေးများ မြင်ရင်ဖြင့်
ရှု့ပတ်ကာ စပ်ဖြီးပြီတီတီ
ပြုံးချိုချို သူ့မျက်နှာထားကိုက
မြာကလေးများ မြင်ရင်ဖြင့်
ရှု့ပတ်ကာ စပ်ဖြီးပြီတီတီ
မိန်းမရှားသလား ဟုတ်စ
ခုခေတ်ခါဆီ ပေါတဲ့မြာမဒီ
မိန်းမရှားသလား ဟုတ်စ
ခုခေတ်ခါဆီ ပေါတဲ့မြာမဒီ
တယောက်မကောင်း တယောက်ပြောင်းလိမ့်မည်
ယောက်ျားရော ရှားသလားဆိုသည်
အနှစ်တရာ လင်တရာပြည့်တောင်
မာနခဲ ဇွဲနဲ့မာန်ဖီ
တွေ့လိမ့်နိုးနိုးထင်သည်
မန်ဒါလီမြစ်ကိုလွှဲတယ်
ဝမ်းဘဲက ချောင်းထဲရှာသည်
ရေသာနည်း၍ ငါးလည်းမတွေ့ပြီ
ချောင်းရိုးမှီငေးမယ့် မန်ဒါလီ။ ။
မာမာအေး - မန်ဒါလီ (မြို့မငြိမ်း) https://www.youtube.com/watch?v=HSnehuU7J3Y
ယနေ့ခေတ် မြန်မာစာ ရေသာနည်း၍ ငါးလည်းမတွေ့ပြီ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment