တနေ့တော့ သူခိုးတယောက် သူနေတဲ့တဲကို ရောက်လာတယ်။ ခိုးစရာတန်ဖိုးရှိပစ္စည်း တစုံတရာ ရှာမတွေ့ပါ။
သူခိုး လှည့်ပြန်တော့မယ်အလုပ် ဇင်မာစတာက သူခိုးကို ပြောလိုက်တယ်။
မင့်မှာ တခုခုခိုးယူဘို့ ခရီးအဝေးကြီးလာခဲ့ရမှာဘဲ။ လက်ချည်းဗလာ မပြန်နဲ့ကွာ။ ရောါ ငါဝတ်ထားတာတွေသာ မင်းသွားပေတော့။
သူခိုးလည်း ကြံရာမသိ ပေးတဲ့အဝတ်ကိုယူပြီး ထွက်ပြေးသွားပါတော့တယ်။
မာစတာမှာ ဝတ်စရာ မရှိတော့ပါ။
ညအချိန် ကောင်းကင်မှာ လသာနေတယ်။ မာစတာက လမင်းကိုမော့ကြည့်ပြီး ငါတယ်ညံ့တာဘဲ။ အလွန်လှပတဲ့ လမင်းသာခိုးသွားပေတော့လို့ မပြောလိုက်မိ။
ကျွန်တော့မှတ်ချက် -
ဇင် စတိုရီတွေဟာ ပုံပြင်မှာပါသလို ဖြစ်ရပ်မှန်တွေ ဖြစ်ပါတယ်လို့ ယူဆလို့ မရပါ။
အစဉ်အလာ တရားဓမ္မ နည်းနာစံတွေနဲ့လည်း ထပ်တူမကျပါ။
ပုံပြင်တခု သို့မဟုတ် စာပိုဒ်လေးတခုအဆုံးမှာ နာကြားမိသူတိုင်း တစုံတခု ရကြပါလိမ့်မယ်။
ကိုယ်ရတဲ့ အသိအလင်းကို ကိုယ်တိုင်သာ ဆင်ခြင်ကြရပါတယ်။ တယောက်ယောက်ကနေ ရှင်းလင်းပြ တယ်ဆိုရင် အတည့်မဟုတ်နိုင်တော့ပါ။
တစုံတခု ရကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment