ဇင် မာစတာတယောက်သည် ညနေခင်းမှာ သူ့ခွေးလေးနဲ့ လမ်းလျှောက်ထွက်လေ့ရှိတယ်။ ခွေးကလေးက သူ့ရှေ့ကနေ ပြစ်လိုက်တဲ့တုတ်ကို ကောက်ယူပြီး အမြီးတနံ့နံ့နဲ့ ကောက်ယူပြီး သခင်ဆီပြန်လာလေ့ရှိတယ်။ တခါပြီး နောက်တခါ။
တနေ့တော့ သူ့ရဲ့ အတော်ဆုံးတပည့်တယောက်ကို သူနဲ့အတူလိုက်ခဲ့ဘို့ ခေါ်လိုက်တယ်။
သူ့တပည့်ဟာ ဗုဒ္ဓရဲ့ဓမ္မကို နက်နက်ရှိုင်းရှိုင်း နားလည်ဘို့ ခက်နေသေးသူဖြစ်တယ်။
ငါ့တပည့် စကားလုံးတွေဟာ လမ်းညွှန်မျှသာဖြစ်တယ်။ စကားလုံးတွေ အမှန်တရားရှာဖွေရေးမှာ ဘယ်တော့မှ အတားအဟန့်တွေ ဖြစ်မနေစေနဲ့။
ကဲ မင်းဒီမှာကြည့်။ ခွေးကို ခေါ်လိုက်တယ်။
လမင်းကို လက်ညှိုးထိုးပြီး ဟဲ့ခွေးငယ် ဟောဟိုက လမင်းကို ဖမ်းယူခဲ့စမ်း။
ငါတပည့် ခွေးက ဘယ်ကိုကြည့်နေသလဲ။
ခွေးက မာစကာရဲ့ လက်ညှိုးကို ကြည့်နေပါတယ်ဆရာ။
အေး အဲဒါဘဲကွ။ မင်းလည်း ငါခွေးလို မလုပ်နဲ့။
ညွှန်တဲ့လက်ညှိုးနဲ့ လက်ညှိုးညွှန်တဲ့အရာကို မရောထွေးနဲ့။
တို့ဗုဒ္ဓရဲ့ တရားဓမ္မ ဝေါဟာရတွေဟာ လမ်းညွှန်မျှသာဖြစ်တယ်။
လူတိုင်းဟာ အမှန်တရားရှာရေးမှာ သူတို့သိထား၊ ဖတ်တာ၊ နာကြားထားတဲ့ စကားလုံးဝေါဟာရတွေနဲ့ နပမ်းလုံးနေကြတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment