နီးဘို့ရာဆိုရင် ဝါဆိုတောင်မှ၊ ပြာသိုနားတွင် ထားလိုက်ချင် ဆိုတာ ရသမြောက်အောင် စာဖွဲ့တာသာဖြစ်ပါမယ်။ ဝါဆိုနဲ့ ပြာသို ကာရန်ယူထားတယ်။ (ဒေါ်) မာမာအေးနဲ့ တွေ့ရင် မေးကြည့်ပါဦးမယ်။
တရေးချစ်ခွင့်မြင်ရနိုး
မာမာအေး
နီးဖို့ရာ ဆိုရင်
ဝါဆိုတောင်မှ ပြာသိုအနားတွင် ထားလိုက်ချင်
ရက်ဖြင့်လစွန်း ယွန်းလေသည် အဝေးနှင်
ကြာလေလေ သတိရ အတိုင်း တိုင်
တပြန်တဗီ တနာရီမျှ
တဆံချည်မျှင် မေ့နိုင်အောင်ပဲ
စေ့စေ့ကဲလျင်
ထိလုမိုးဆီ တိမ်သို့မှီသား
ထွဋ်ဘုန်းခေါင်ဖြား မြစေတီအပါး၌
နယ်ခြားမြေဝေး နှောင်းချစ်ထွေး နှင့်
တရေးချစ်ခွင့် မြင်ရနိုးရှင့်
တရေးချစ်ခွင့် မြင်ရနိုးရှင်
နီးဖို့ရာ ဆိုရင်
ဝါဆိုတောင်မှ ပြာသိုအနားတွင် ထားလိုက်ချင်
ရက်ဖြင့်လစွန်း ယွန်းလေသည် အဝေးနှင်
ကြာလေလေ သတိရ အတိုင်း တိုင်
တပြန်တဗီ တနာရီမျှ
တဆံချည်မျှင် မေ့နိုင်အောင်ပဲ
စေ့စေ့ကဲလျင်
ထိလုမိုးဆီ တိမ်သို့မှီသား
ထွဋ်ဘုန်းခေါင်ဖြား မြစေတီအပါး၌
နယ်ခြားမြေဝေး နှောင်းချစ်ထွေး နှင့်
တရေးချစ်ခွင့် မြင်ရနိုးရှင့်
တရေးချစ်ခွင့် မြင်ရနိုးရှင်
ဦးလည်ဆံမြေ့ နှောင်းသရွေ့ရွေ့
မြူးဆွယ်ဟန်ဓလေ့ အောင်းတမေ့မေ့
တနေ့နေ့ တချိန်ချိန်
အိမ်သူ့ဆွေအား ဒီကမေတ္တာ
သခင့်ဖို့ပါပဲ ဪရှင့်ဖို့ပါပဲ
အငိုစကားလက်ဆောင်ပါး၍
မျှော်ရလတ်သူ စောင့်ရလတ်သူ
နေ့တာကရှည် ညာတာလည်းရှည်
ချိုးလက်ရေ အခါခါ ပြောင်း
အခါခါ ပြောင်း
ညောင်းနိုင်ဘူးရှင်
ကြောင်းလျားစီစစ် မယ့်ပြစ်ချည်းမို့
ဝမ်းနည်း ဝမ်းပါး ရွှေအားတော်ငယ်ပါဘိ
မှားမိသည့်ဝန်တာ ဆွေရင်းချာသို့
ပြေရာပြေကြောင်း တောင်းပန်ချင်
ထိလု မိုးဆီ တိမ်သို့ မှီသား
ထွဋ်ဘုန်းခေါင်ဖြား မြစေတီအပါး၌
နယ်ခြား မြေဝေး နှောင်းချစ်ထွေးနှင့်
တရေး ချစ်ခွင့် မြင်ရနိုးရှင့်
တရေး ချစ်ခွင့် မြင်ရနိုးရှင်
ချိုးလက်ရေ အခါခါ ပြောင်း
အခါခါ ပြောင်း
ညောင်းနိုင်ဘူးရှင်
ကြောင်းလျားစီစစ် မယ့်ပြစ်ချည်းမို့
ဝမ်းနည်း ဝမ်းပါး ရွှေအားတော်ငယ်ပါဘိ
မှားမိသည့်ဝန်တာ ဆွေရင်းချာသို့
ပြေရာပြေကြောင်း တောင်းပန်ချင်
ထိလု မိုးဆီ တိမ်သို့ မှီသား
ထွဋ်ဖုန်းခေါင်ဖြား မြစေတီအပါး၌
နယ်ခြား မြေဝေး နှောင်းချစ်ထွေးနှင့်
တရေး ချစ်ခွင့် မြင်ရနိုးရှင့်
တရေး ချစ်ခွင့် မြင်ရနိုးရှင်။ ။
တရေးချစ်ခွင့်မြင်ရနိုး (ရေး / ကိုလေးညွန့် ဆို / မာမာအေး) https://www.youtube.com/watch?app=desktop&v=BzibCl_NjeQ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment