1. နာမ်
2. နာမ်စား
3. ကြိယာ
4. ကံ (ပြန်စစ်ပြီး လိုတာ ပြန်ပြင်ပါမည်။)
5. နာမဝိသေသန
6. ကြိယာဝိသေသန
7. ဝိဘတ်
8. သမ္ဗန္ဓ
9. ပစ္စည်း
10. အာမေဍိတ်
ကျွန်တော်တို့ ၅ တန်းကျောင်းသားဘဝက သင်ခဲ့ရတာ ၉ ပါး ပါဆရာ။ အခုစာရင်းထဲက ကံ မပါဘူးထင်တယ်။
ဟုတ်။ ပြန်စစ်နေပါတယ်။ ကံ မတွေ့သေးပါ။
(၁) မြန်မာသဒ္ဒါ အတွဲ (၂)၊ အခန်း (၆)
ဒသမတန်း
1. နာမ်
2. နာမ်စား
3. ကြိယာ
4. ကြိယာဝိသေသန
5. ဝိဘတ်
6. နာမဝိသေသန
7. သမ္ဗန္ဓ
8. ပစ္စည်း
(၂) ဝါစင်္က ရှစ်ပါး (အင်္ဂလိပ်စာ)
1. နာမ်
2. နာမ်စား
3. ကြိယာ
4. ကြိယာဝိသေသန
5. နာမဝိသေသန
6. ဝိဘတ်
7. သမ္ဗန္ဓ
8. အာမေဍိတ်
(၃) သရုပ်ပြ မာတိကာကျမ်း
၁။ နာမ် = အမည်ခေါ်ဝေါ်သမျှတိုဖြစ်သည်။
၂။ နာမ်စား = အထက်ပါနာမ်၏ အစားသုံးသောစကား။
၃။ နာမဝိသေသန = နာမ်၏ အကြောင်းအရာကို ဖော်ပြသောစကား။
၄။ ကြိယာ = နာမ်၏ ပြုလုပ်ခြင်းကို ပြသောစကား။
၅။ ကြိယာဝိသေသန = ကြိယာ၏ ကြောင်းအရာကို ဖော်ပြသောစကား။
၆။ ဝိဘတ် = ဝေဖန်ပိုင်းခြားခြင်း။
၇။ သမ္ဗန္ဒ = ပုဒ်တို့ကို ဖြစ်စေ၊ ဝါကျတို့ကိုဖြစ်စေ ဆက်စပ်ခြင်း။
၈။ အာမေဍိတ် = ရုတ်တရက် ထွက်သောစကား။
(၄) မြန်မာသဒ္ဒါ https://myordbok.com/grammar
ဝါစင်္ဂ သည် ဝါစာ နှင့် အင်္ဂ ပေါင်းစပ်ထားသော ပါဠိစကား ဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပာယ်ရောက်အောင် ပြောဆိုသောစကား၏ အစိတ်အပိုင်းကို ဝါစင်္ဂ ဟု ခေါ်သည်။
ဝါစင်္ဂ ၉ မျိုး
1. နာမ်
2. နာမ်စား
3. ကြိယာ
4. နာမဝိသေသန
5. ကြိယာဝိသေသန
6. ဝိဘတ်
7. သမ္ဗန္ဓ
8. ပစ္စည်း
9. အာမေဍိတ်
အချိန်ရမှာ ပြန်စစ်ပြီး လိုတာ ပြန်ပြင်ပါမည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment