နက္ခတ် ၂၇ လုံး
မြန်မာ့နက္ခတ်ကျမ်းများအလိုအရ နက္ခတ်(၂၇)လုံးရှိပါသည်။ ရှေးယခင်က ၂၈ လုံးရှိပြီး အဘိဇိနက္ခတ်အား ထည့်သွင်းခြင်းမရှ်ိတော့သဖြင့် ၂၇ လုံးကျန်ရှိခြင်းဖြစ်ပါသည်။ ၎င်းတို့အား အတွင်းတာရာ ၉ လုံးနှင့်အတူ ပူးတွဲသည်။
၁။ အသဝနီ
၂။ ဘရဏီ
၃။ ကြတ္တိကာ
(ဤ ၃ လုံးသည် ကျီးတာရာနှင့်ယှဉ်သွားသည်)
၄။ ရောဟဏီ
၅။ မိဂသီ
၆။ အဒြ
(ဤ ၃ လုံးသည် ဟင်္သာတာရာနှင့်ယှဉ်သွားသည်)
၇။ ပုန္နဖုသျှ
၈။ ဖုသျှ
၉။ အဿလိသ
(ဤ ၃ လုံးသည် ပုစွန်တာရာနှင့်ယှဉ်သွားသည်)
၁၀။ မာဃ
၁၁။ ပြုဗ္ဗာဖလဂုဏီ
၁၂။ ဥတ္တရာဖလဂုဏီ
(ဤ ၃ လုံးသည် ချိန်တာရာနှင့်ယှဉ်သွားသည်)
၁၃။ ဟဿ တ
၁၄။ စိတြွ
၁၅။ သွာတိ
(ဤ ၃ လုံးသည် ဆံကျင်တာရာနှင့်ယှဉ်သွားသည်)
၁၆။ ဝိသာခါ
၁၇။ အနုရာဓ
၁၈။ ဇေဋ္ဌ
(ဤ ၃ လုံးသည် တံငါတာရာနှင့်ယှဉ်သွားသည်)
၁၉။ မူလ
၂၀။ ပြုဗ္ဗာသဠ်
၂၁။ ဥတ္တရာသဠ်
(ဤ ၃ လုံးသည် ဆင်တာရာနှင့်ယှဉ်သွားသည်)
၂၂။ သရဝဏ်
၂၃။ ဓနသိဒ္ဓိ
၂၄။ သတဘိသျှ
(ဤ ၃ လုံးသည် မြင်းတာရာနှင့်ယှဉ်သွားသည်)
၂၅။ ဗြုဗ္ဗာဘဒြပိုဒ်
၂၆။ ဥတ္တရာဘဒြပိုဒ်
၂၇။ ရေဝတီ
(ဤ ၃ လုံးသည် ဗျိုင်းတာရာနှင့်ယှဉ်သွားသည်)
သရဝဏ် သည် ဝါခေါင်လတွင် ထွန်းလင်းတောက်ပနေသော ကြယ်အစု ဖြစ်သည်။
၂။ ဆရာရှင့် စာဖတ်အားကောင်းလွန်းတဲ့ဆရာများ သိနိုင်မလားလို့ပါဆရာ။ သရဝဏ် ဆိုတဲ့စကားရဲ့ အဓိပ္ပါယ်လေး သိချင်လို့ပါဆရာ။ ဆရာအားတဲ့အခါမှာ ဖြေလို့ရပါတယ်ရှင့်။ အနှောင့်အယှက်ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်ရှင့်။
ပါဠိ-မြန်မာ အဘိဓါန်ကို လှန်ရှာရပါတယ်။ အတိအကျ အဓိပ္ပါယ် မဖွင့်တတ်ပါ။ လူအမည်ဆိုရင် ကာယကံရှင်က ပိုသိပါမယ်။
သရ = မြား၊ ရေအယဉ်၊ မြစ်၊ အိုင်၊ အင်း၊ ရေကန်၊ အောက်မေ့ခြင်း၊ သတိရခြင်း၊ အသံ၊
သ ရဝ = အသံနှင့်တကွသော၊ အသံရှိသည်
သ ရဝါ = အသံရှိသည်၊ အသံသာသည်
သရ ဝေဂ = မြားအဟုန်
သ ရသ = အရသာရှိသည်၊ မိမိသဘော
ဝဏ္ဏ = အဆင်း၊ အသွင်၊ ရူပါရုံ၊ အမျိုး၊ ကျေးဇူး၊ ဂုဏ်ကျေးဇူး၊ ချီးမွမ်းစကား၊ အဖွင့်၊ အက္ခရာ၊
ထက်အာကာဘုံစွန်းက၊ တောက်ထွန်းလို့ ထိန်ဝါ၊ သရဝဏ်ရွှေကြယ်မင်း၊ လင်းတဲ့ချိန်ခါ။
လေညင်းငယ်လာ၊ သိဟ်ရာသီမို့ ရှုတိုင်းငယ် ဘယ်ညာက၊ ပန်းခတ္တာ ဝတ်မှုန်ကျင်းတယ်၊ သင်းပျံ့လှိုင်။ (ဖိုးသူတော်ဦးမင်း)
ဂိုဏ်းယှဉ်နက္ခတ် (၈) ပါး
၁။ ဇေဋ္ဌနက္ခတ် = နက္ခတ်တကာတို့တွင် ကြီးမှူးပြဋ္ဌာန်းခြင်း၊ နားထောင်းသဏန် လုံးရေ '၁၈'။ မ ဂိုဏ်း။
၂။ ဘရဏီနက္ခတ် = ယမမင်းနှင့်တူသည်ဖြစ်၍ အရောင်အားဖြင့် အရပ်ထပ်၀န်းကျင်း ပျံ့နှံ၏။ ခုံလောက်သဏ္ဌာန် ၂ လုံး။ န ဂိုဏ်း။
၃။ မိဂသီနက္ခတ် = သမင်းဦးခေါင်းနှင့်တူသည်။ လုံးရေ ၅ ။ ဘ ဂိုဏ်း။
၄။ သတ္တဘိသျှ = ဆေးဝါးဖော်စပ်ရာကောင်းခြင်း။ ခက်ရင်းခွသဏ္ဌန်း လုံးရေ ၂၄။ ယ ဂိုဏ်း။
၅။ ပုဏ္ဏဖုသျှ = သတ္တဝါတို့အကျိုး မိုးရွာတက်ခြင်း လှေ သဏ္ဌာန် လုံးရေ ရ။ ဇ ဂိုဏ်း။
၆။ သွာတိနက္ခတ် = တင့်တယ်ခြင်း၊ ပတ္တမြားသဏ္ဌာန်း လုံးရေ ၁၅။ သ ဂိုဏ်း။
၇။ ကြတ္တိကာ နက္ခတ် = မီးကဲ့သို့ ပူလောင်ခြင်း ၊ ကြက်ငယ်စု သဏ္ဌာန် ၃၀ လုံး။ ရ ဂိုဏ်း။
ဂ။ သရဝဏ်နက္ခတ် = ကောင်းကျိုးမကောင်းကျိုးမပြတ်ပေးခြင်း တောင်ဝှေးသဏ္ဌာန် ၂၂ လုံး။ တ ဂိုဏ်း။
နက္ခတ်တာရာများ၏ လုံးရေနှင့် ပုံသဏ္ဍာန်လင်္ကာ
အသဝနီ၊ ခြောက်လုံးညီ၊ တူပြီ မြင်းခေါင်းလို။
ဘရဏီမှာ၊ သုံးလုံးသာ၊ ပမာခနောက်ဆို။
ကြတ္တိကာကြယ်၊ ခုနှစ်သွယ်၊ ကြက်ငယ်စုသလို။
ရောဟဏီမှာ၊ ငါးလုံးသာ၊ ပမာငါးကြင်းလို။
မိဂသီမှာ၊ သုံးလုံးသာ၊ ပမာလိပ်ခေါင်းဆို။
လိပ်လက်ခေါ်ကြ၊ အဒြ၊ ဧကတလုံးဆို။
ပုန္နဖုသျှု၊ ငါးလုံးရှု၊ နှိုင်းတုသင်္ဘောလို။
ငှက်ချေးခံသွင်၊ ဆယ်လုံးမြင်၊ ခေါ်တွင် ဖုသျှဆို။
အဿလိသ၊ လေးလုံးပြ၊ တူလှခက်ရင်းလို။
လေးလုံးမှန်လှ၊ ကြယ်မာဃ၊ တူစွသံကောက်လို။
ပြုဗ္ဗာဖလဂုဏီ၊ ဥတ္တရာဖလဂုဏီ၊ နှစ်လုံးစီ၊ တူပြီ ညောင်စောင်းလို။
ဟဿ တမှာ၊ ငါးလုံးသာ၊ ပမာလက်ဝါးဆို။
စိတြနှစ်၊ သွာတိတစ်၊ ကသစ်ပွင့်လိုလို။
ဆယ့်လေးလုံးသာ၊ ဝိသာခါ၊ ပမာပတ်ဝိုင်းဆို။
အနုရာဓ၊ ခြောက်လုံးပြ၊ နဂါးလည်ဆစ်ကို။
ကြယ်ဇေဋ္ဌမှာ၊ လေးလုံးသာ၊ နဂါးချက်ဟုဆို။
ငါးလုံးမှန်လှ၊ကြယ်မူလ၊ နဂါးမြီးဖျားကို။
ပြုဗ္ဗာသဠ်၊ ဥတ္တရာသဠ်၊ လေးစီမှန်၊ လှမ်းဟန် ဆင်မလို။
သုံးလုံးမြားဟန်၊ သရဝဏ်၊ ရောင်ဝါရွှန်းရွှန်းဆို။
အင်ကြင်းသီးသွင်၊ လေးလုံးမြင်၊ ခေါ်တွင် ဓနသိဒ္ဓိဆို။
သတဘိသျှ၊၊ ခြောက်လုံးပြ၊ တူလှဆုံကြီးလို။
ပြုဗ္ဗာဘဒြပိုဒ်၊ ဥတ္တရာဘဒြပိုဒ်၊ ခေါ်သမိုက်၊ မှတ်ပိုက် ညောင်စောင်းလို။
ကိုးလုံးအညီ၊ ရေဝတီ၊ တူပြီမြှုံးလိုလို။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment