ကျွန်တော့ ဖေ့စ်ဘွတ် စာမျက်နှာ နှစ်ခုရှိပါတယ်။ အမည်ကို ဇော်ဂျီဖေါင့်နဲ့ရေးထားတဲ့ စာမျက်နှာက နည်းနည်း ထူးခြားတယ်။ ကျွန်တော်မသုံးဖြစ်တာကြာပြီးမှ ပြန်သုံးပါတယ်။
အဲဒီမှာလာတဲ့ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေက တခြားနေရာတွေနဲ့ မတူတာ သတိထားမိလာတယ်။
ယဉ်ကျေးတဲ့၊ ပညာပါတဲ့၊ ပညာယူချင်တဲ့ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေလည်းရတယ်။
ရိုင်းစိုင်းတဲ၊ ပညာနည်းတဲ့၊ အပြစ်လိုက်ရှာတဲ့ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေလည်းရတယ်။ ဘလော့ရတာလည်း များတယ်။
ကျွန်တော် ၄-၅ ခြောက်ကြိမ်လောက် တင်ပြထားပြီးသားတွေကို မေးကြတယ်။ အမှန်က မေးတာမဟုတ်ပါ။ မှားတယ်လို့ပြောကြတာ။ သူတို့က တကြောင်းဆွဲနည်းနဲ့ နည်းနည်းသာသိကြသူတွေ။
ခင်ဂူငေါ စတဲ့ ဖေါ်မြူလာစာသင်နည်းတွေရဲ့ အားနည်းချက်တွေဆိုရင် ၉-၁၀ ခါလောက်တင်ပြပြီးသား။ လာပြောနေကြတယ်။ ဒိထက်လည်း သိပုံမရ။
ရေးချအကြောင်းကိုလည်း ၅-၆ ခါလောက်တင်ပြပြီးသား။ လာပြောနေကြတယ်။ ဒိထက်လည်း သိပုံမရ။
ဗိုလ်နေဝင်းအမည်တလုံးတည်းကိုလည်း ပြောသူတွေထပ်ထပ်လာတယ်။ လက်ညှိုးပေါင်းတဒါဇင်ကို ၉-၁၀ ခါလောက်တင်ပြပြီးသား။ ဗိုလ်နေဝင်းကလွဲရင် သိပုံမရ။
မြန်မာစာအရာရှိကြီးတွေကို မပြောဘူးလားကလည်း လာသေးတယ်။ ပြောတဲ့သူတွေက လူတဦးတည်းကိုသာ သိပုံရတယ်။ ဘယ်ဟုတ်မှာလဲ။
ထပ်ထပ်တင်ပြနေရတာ သိပြီးဖြစ်သူတွေကိုလည်း အားနာရတယ်။
မြန်မာစာ ရေးတာ ၁၀ နှစ်ထဲရောက်ပြီ။ စာပုဒ်ရေ ရာဂဏန်း မနည်းတော့ပါ။ တပုဒ်စ နှစ်ပုဒ်စသာဖတ်မိပြီး ကြီးကြီးကျယ်ကျယ်တွေက လာတယ်။ ဂွကျတယ်။
ယဉ်ကျေးသူတွေ၊ ပညာလိုချင်သူတွေ၊ အကြံကောင်းပေးသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment