Skip to main content

At Odds ဂွကျတယ်

ကျွန်တော့ ဖေ့စ်ဘွတ် စာမျက်နှာ နှစ်ခုရှိပါတယ်။ အမည်ကို ဇော်ဂျီဖေါင့်နဲ့ရေးထားတဲ့ စာမျက်နှာက နည်းနည်း ထူးခြားတယ်။ ကျွန်တော်မသုံးဖြစ်တာကြာပြီးမှ ပြန်သုံးပါတယ်။
အဲဒီမှာလာတဲ့ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေက တခြားနေရာတွေနဲ့ မတူတာ သတိထားမိလာတယ်။
ယဉ်ကျေးတဲ့၊ ပညာပါတဲ့၊ ပညာယူချင်တဲ့ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေလည်းရတယ်။
ရိုင်းစိုင်းတဲ၊ ပညာနည်းတဲ့၊ အပြစ်လိုက်ရှာတဲ့ ကွန်မင့်တွေနဲ့ မက်ဆေ့ချ်တွေလည်းရတယ်။ ဘလော့ရတာလည်း များတယ်။
ကျွန်တော် ၄-၅ ခြောက်ကြိမ်လောက် တင်ပြထားပြီးသားတွေကို မေးကြတယ်။ အမှန်က မေးတာမဟုတ်ပါ။ မှားတယ်လို့ပြောကြတာ။ သူတို့က တကြောင်းဆွဲနည်းနဲ့ နည်းနည်းသာသိကြသူတွေ။
ခင်ဂူငေါ စတဲ့ ဖေါ်မြူလာစာသင်နည်းတွေရဲ့ အားနည်းချက်တွေဆိုရင် ၉-၁၀ ခါလောက်တင်ပြပြီးသား။ လာပြောနေကြတယ်။ ဒိထက်လည်း သိပုံမရ။
ရေးချအကြောင်းကိုလည်း ၅-၆ ခါလောက်တင်ပြပြီးသား။ လာပြောနေကြတယ်။ ဒိထက်လည်း သိပုံမရ။
ဗိုလ်နေဝင်းအမည်တလုံးတည်းကိုလည်း ပြောသူတွေထပ်ထပ်လာတယ်။ လက်ညှိုးပေါင်းတဒါဇင်ကို ၉-၁၀ ခါလောက်တင်ပြပြီးသား။ ဗိုလ်နေဝင်းကလွဲရင် သိပုံမရ။
မြန်မာစာအရာရှိကြီးတွေကို မပြောဘူးလားကလည်း လာသေးတယ်။ ပြောတဲ့သူတွေက လူတဦးတည်းကိုသာ သိပုံရတယ်။ ဘယ်ဟုတ်မှာလဲ။
ထပ်ထပ်တင်ပြနေရတာ သိပြီးဖြစ်သူတွေကိုလည်း အားနာရတယ်။
မြန်မာစာ ရေးတာ ၁၀ နှစ်ထဲရောက်ပြီ။ စာပုဒ်ရေ ရာဂဏန်း မနည်းတော့ပါ။ တပုဒ်စ နှစ်ပုဒ်စသာဖတ်မိပြီး ကြီးကြီးကျယ်ကျယ်တွေက လာတယ်။ ဂွကျတယ်။
ယဉ်ကျေးသူတွေ၊ ပညာလိုချင်သူတွေ၊ အကြံကောင်းပေးသူတွေ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ