တမှန်သမျှကို စသတ်လို့ လက်တလုံးပိုထူသွားရတဲ့ စာအုပ်။
ဆရာတင်မိုးရဲ့ ပုဂံကျောင်းက ခေါင်းလောင်းသံကဗျာစာအုပ်ကို ၁၉၇၇ ခုနှစ်ဇူလိုင်လမှာ ထုတ်ဝေတယ်။ ကျွန်တော့်မှာ စာအုပ်ဖုံး မရှိတော့ပါ။ အဖုံးကို ပေါ်ဦးသက်ရေးဆွဲတယ်။
ကဗျာချစ်သူသို့ စကားတခွန်း
ပေါင်မုန့် တယှက်၊ ဝိုင်တခွက်
သစ်ရိပ်သာယာ တေးကဗျာ
ခုခေတ်မှာ -
- တဝမ်းပူတွေကို စသတ်မှ စာအုပ်ထူ ရောင်းပန်းလှသတဲ့။
- မှားမှ စျေးကောင်းရတယ်။ ဝယ်သူများတယ်။
- စာရေးသူတွေ ရာထူးတက်တယ်။ ဆုရတယ်။
သတ်ပုံမှန်တဲ့ ပုဂံကျောင်းက ခေါင်းလောင်းသံကား မကြားရတော့ပြီ။ ဆောရီးပါ ဆရာတင်မိုးခင်ဗျား။
ဒေါက်တာတင့်ဆွေ
၂၀-၁-၂၀၂၁

Comments
Post a Comment