ကလေးတွေမှာဖြစ်တဲ့ ဗက်တီးရီးယား ဦးနှောက်မြှေးရောင်ရောဂါစာတင်တော့ ရောဂါလို့ရေးတာ သဝေထိုးကျနေတာသိလို့ ပြန်ပြင်ပါတယ်။
ကီးဘုတ်မှာ သဝေထိုးက ဒုက္ခပေးတယ်။ စာရိုက်တားတာမှာ တကွက်ခြားလိုအပ်တာကို ပြန်ပြင်တော့ သဝေထိုးကျပျောက်သွားတယ်။
မနေ့ကလည်း သဝေထိုးတလုံး ကျနေရစ်တာကို ကွန်မင့်ကနေ ထောက်ပြရုံသာမက နောက်မမှားစေနဲ့လို့ ဆုံးမတယ်။
ဇော်ဂျီဖော့င့်သုံးစဉ်က အဲလိုမဟုတ်ပါ။
ကိုယ့်နာမည်ရိုက်တိုင်း သတိထားရတယ်။ အဲဒါနဲ့ တခါတခါ ဒေါက်တာအစား Dr. လို့ရိုက်ရတယ်။ ဘိုရူးလို့ ထင်ကြဦးမှာ။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment