အတော်ကြီးမားပါသည်။ ကိုယ်တိုင်ရာတဲ့ ဒုက္ခသာဖြစ်သည်။
ဖေ့စ်ဘုတ် ပေါ်စကတည်းကသုံးနေတာ ခဏခဏပိတ်ပင်ခံရသည်။ မရေမတွက်နိုင်တော့ပါ။
အခုတလော ပိုပိုဆိုးလာသည်။ နှစ်တွေအတန်ကြာသုံးနေတဲ့အကောင့်ကို ၆ လပိတ်လိုက်သည်။
အဟောင်းတခုကိုပြန်ရှာ ရအောင်လုပ် သုံးသည်။ ၃-၄ ရက်သာကြာ ၂၉ ရက်ပိတ်ပြန်သည်။
နောက်ထပ်အဟောင်းတခုကို ရအောင်လုပ် သုံးပြန်ပါသည်။ ၁ ရက်နေတော့ ၂၄ နာရီ ပိတ်ပါသည်။
အဲဒီ အကောင့်က မသုံးဘဲတားတာ ၄ နှစ်ကြာပြီ။ ဖရင်း ၁၀ ယောက်သာရှိသေးလို့ ဖရင်းတွေရှာထည့်ပါသည်။ ရှာရတာတော့ မဟုတ်ပါ။ ဖရင်းရီကွက်စ် လာထားတာတွေက လက်ခံရခြင်းသာဖြစ်ပါသည်။ ရီကွက်တွေကလည်း ၄ နှစ်ကတည်းက ဖြစ်သည်။ လက်ညောင်းတဲ့အခါ နားလိုက်၊ ပြန်လက်ခံလိုက် လုပ်နေရပါသည်။
၄ နှစ်ကပုဂ္ဂိုလ်တွေ ကျန်းမာစွာရှိကြသေးလား မသိပါ။
ရက် ၁၈၀ နဲ့ ၂၉ ရက်ပိတ်ခံရတဲ့ အကောင့်တွေမှာ ဖရင်း ၅၀၀၀ တိတိစီရှိကြပါသည်။
ရက် ၁၈၀ ပိတ်ခံရတာနဲ့ဆက်ဖွင့်တဲ့ ပေ့ချ်မှာ လိုက် ၆၁ ကေနဲ့ ဖေါ်လိုဝါ ၆၅ ကေရှိပါသည်။
ဒိအရင် အပိတ်ခံတာမှာ ပိုများပါသည်။ ၉၀ ကေကျော်အထိရှိခဲ့ပါသည်။
လိုက်တွေ၊ ဖေါ်လိုဝါတွေနဲ့ ဖရင်းတွေ နေကောင်းကြပါစေသတည်း။
ဘာ့ကြောင့်ပိတ်သလဲကို ထင်ကြေးတွေ အမျိုးမျိုး (မတူတဲ့အမျိုးမျိုး) ပေးကြပါသည်။ ကျွန်တော်တော့ အတိအကျ မသိပါ။
တယ်လီဂရမ်ကတော့ စသုံးကတည်းက အခုထိ ချောမောစွာ သုံးလို့ရပါသည်။
ဖေ့စ်ဘုတ်နဲ့ ရှင်ခန်းဖြစ်ရတဲ့အထိ ရောက်ချင် ရောက်ပါမည်။ အရာရာသည် တည်မြဲခြင်းမရှိတကား။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment