Skip to main content

ဖေ့စ်ဘုတ် ဒုက္ခ


အတော်ကြီးမားပါသည်။ ကိုယ်တိုင်ရာတဲ့ ဒုက္ခသာဖြစ်သည်။ 

ဖေ့စ်ဘုတ် ပေါ်စကတည်းကသုံးနေတာ ခဏခဏပိတ်ပင်ခံရသည်။ မရေမတွက်နိုင်တော့ပါ။

အခုတလော ပိုပိုဆိုးလာသည်။ နှစ်တွေအတန်ကြာသုံးနေတဲ့အကောင့်ကို ၆ လပိတ်လိုက်သည်။

အဟောင်းတခုကိုပြန်ရှာ ရအောင်လုပ် သုံးသည်။ ၃-၄ ရက်သာကြာ ၂၉ ရက်ပိတ်ပြန်သည်။

နောက်ထပ်အဟောင်းတခုကို ရအောင်လုပ် သုံးပြန်ပါသည်။ ၁ ရက်နေတော့ ၂၄ နာရီ ပိတ်ပါသည်။ 

အဲဒီ အကောင့်က မသုံးဘဲတားတာ ၄ နှစ်ကြာပြီ။ ဖရင်း ၁၀ ယောက်သာရှိသေးလို့ ဖရင်းတွေရှာထည့်ပါသည်။ ရှာရတာတော့ မဟုတ်ပါ။ ဖရင်းရီကွက်စ် လာထားတာတွေက လက်ခံရခြင်းသာဖြစ်ပါသည်။ ရီကွက်တွေကလည်း ၄ နှစ်ကတည်းက ဖြစ်သည်။ လက်ညောင်းတဲ့အခါ နားလိုက်၊ ပြန်လက်ခံလိုက် လုပ်နေရပါသည်။

၄ နှစ်ကပုဂ္ဂိုလ်တွေ ကျန်းမာစွာရှိကြသေးလား မသိပါ။ 

ရက် ၁၈၀ နဲ့ ၂၉ ရက်ပိတ်ခံရတဲ့ အကောင့်တွေမှာ ဖရင်း ၅၀၀၀ တိတိစီရှိကြပါသည်။ 

ရက် ၁၈၀ ပိတ်ခံရတာနဲ့ဆက်ဖွင့်တဲ့ ပေ့ချ်မှာ လိုက် ၆၁ ကေနဲ့ ဖေါ်လိုဝါ ၆၅ ကေရှိပါသည်။

ဒိအရင် အပိတ်ခံတာမှာ ပိုများပါသည်။ ၉၀ ကေကျော်အထိရှိခဲ့ပါသည်။

လိုက်တွေ၊ ဖေါ်လိုဝါတွေနဲ့ ဖရင်းတွေ နေကောင်းကြပါစေသတည်း။

ဘာ့ကြောင့်ပိတ်သလဲကို ထင်ကြေးတွေ အမျိုးမျိုး (မတူတဲ့အမျိုးမျိုး) ပေးကြပါသည်။ ကျွန်တော်တော့ အတိအကျ မသိပါ။

တယ်လီဂရမ်ကတော့ စသုံးကတည်းက အခုထိ ချောမောစွာ သုံးလို့ရပါသည်။

ဖေ့စ်ဘုတ်နဲ့ ရှင်ခန်းဖြစ်ရတဲ့အထိ ရောက်ချင် ရောက်ပါမည်။ အရာရာသည် တည်မြဲခြင်းမရှိတကား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ