ဆရာရေးတဲ့အထဲမှာ မြန်မာမင်း ၁၂၀ ရှိတာဖတ်မိလိုက်ပါတယ်။ ကျေးဇူးပြု၍ မြန်မာမင်း ၁၂၀ ကို အစဥ်လိုက် သိရှိလိုပါတယ်ခင်ဗျာ။ ဗဟုသုတအနေဖြင့် ဖော်ပြပေးစေလိုပါတယ်။ ကျန်းမာပါစေ။
ယနေ့မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် မြို့ပြနိုင်ငံထူထောင်ခဲ့သည်ဟု သက် သေပြနိုင်သည့် အစောဆုံးကာလမှာ ပျူခေတ်ဖြစ်ပါသည်။ ပေါ်ထွန်းခဲ့သောကာလမှာ ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအလယ်ပိုင်းအထိဖြစ်သဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၂၀ဝ နှင့် ၁၂၀ဝ အကြား ကာလဖြစ်သည်။ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုး မှလွဲ၍ ကျန်ပျူမြို့များမှာ ပျောက်ကွယ်ကုန်ပြီးဖြစ်သည်။
ပထမ-တကောင်းမင်းဆက် (၃၃)ဆက်
1. အဘိရာဇာ
2. ကံရာဇာငယ်
3. ဇမ္ဗူဒီပရာဇာ
4. သင်္ဃသရာဇာ
5. ဝိပ္ပန္နရာဇာ
6. ဒေဝတရာဇာ
7. မုနိကရာဇာ
8. နာဂရာဇာ
9. ဣန္ဒရာဇာ
10. သမုတိရာဇာ
11. ဒေဝရာဇာ
12. မဟိန္ဒရာဇာ
13. ဝိမလရာဇာ
14. သီဟနုရာဇာ
15. မင်္ဂလရာဇာ
16. ကံသရာဇာ
17. ကလိင်္ဂရာဇာ
18. သင်းတွဲရာဇာ
19. သီဟဠရာဇာ
20. ဟံသရာဇာ
21. ဝရရာဇာ
22. အလောင်းရာဇာ
23. ကောလကရာဇာ
24. သူရိယရာဇာ
25. သင်ကြီးရာဇာ
26. တိုင်းချစ်ရာဇာ
27. မဓုရာဇာ
28. မင်းလှကြီးရာဇာ
29. သံသုသီဟရာဇာ
30. ဓနင်္ဂရာဇာ
31. ဟိန္ဒရာဇာ
32. မောရိယရာဇာ
33. ဘိန္နကရာဇာ တို့ဖြစ်သည်။
ဒုတိယ-တကောင်းမင်းဆက်(၁၇)ဆက်
1. သတိုးဇမ္ဗူဒီပဓဇရာဇာမင်း
2. သတိုးတိုင်းသ ရာဇာမင်း
3. သတိုးရထားရမင်း
4. သတိုးတံခွန်ရမင်း
5. သတိုးလှံပျံရမင်း
6. သတိုးရွှေမင်း (မှန်နန်း) သတိုးလှေရ(လေရ)
7. သတိုးဂဠုန်ရမင်း
8. သတိုးနဂါးရမင်း
9. သတိုးနဂါးနိုင်မင်း (ရာဇဝင်လာ-မောင်ပေါက်ကျိုင်း)
10.သတိုးရဟောလာမင်း
11.သတိုးပေါင်းရှည်မင်း
12.သတိုးကျောက်ရှည်မင်း
13.သတိုးဆင်လောက်မင်း
14.သတိုးဆင်ထိန်းမင်း
15.သတိုးတိုင်းချစ်မင်း (မှန်နန်း) သတိုးမင်းဖျား
16.သတိုးမင်းကြီးမင်း
17.သတိုးမဟာရာဇာမင်း တို့ ဖြစ်သည်။
သရေခေတ္တရာ ပထမမင်းဆက်(၂၇)ဆက်
1. မဟာသမာ္ဘ၀ (သာသနာနှစ်-၆၀) (BC-484)
2. စူဠာသမာ္ဘ၀ (သာသနာနှစ်-၆၆) (BC-478)
3. ဒွတ္တဘောင် (သာသနာနှစ်-၁၀၁) (BC-443)
4. ဒွတ္တရန် (သာသနာနှစ်-၁၇၁) (BC-373)
5. ရန်ပေါင် (သာသနာနှစ်-၂၁၆) (BC-328)
6. ရန်မန် (သာသနာနှစ်-၂၆၁) (BC-283)
7. ရက္ခန် (သာသနာနှစ်-၃၀၈) (BC-236)
8. ခန်လောင်း (သာသနာနှစ်-၃၃၆) (BC-208)
9. လက်ခိုင် (သာသနာနှစ်-၃၆၉) (BC-175)
10. သိရိခန် (သာသနာနှစ်-၃၉၉) (BC-145)
11. သီရိရာဇ် (သာသနာနှစ်-၄၂၇) (BC-117)
12. ငတပါး (သာသနာနှစ်-၄၄၆) (BC-98)
13. ပါပိရန် (သာသနာနှစ်-၄၉၇) (BC-47)
14. ရန်မုက္ခ (သာသနာနှစ်-၅၁၇) (BC-27)
15. ရန်သိင်္ခ (သာသနာနှစ်-၅၃၂ (BC-12)
16. ရန်မုဉ္ဇလိန္ဒ (သာသနာနှစ်-၅၃၅) (BC-9)
(သာသနာနှစ် ၅၄၄ ရောက်သောအခါ ခရစ်နှစ် စသည်။)
17. ဘေရိန္ဒ (သာသနာနှစ်-၅၅၀) (AD-6)
18. မုဉ္ဇလ (သာသနာနှစ်-၅၆၃) (AD-19)
19. ပုဏ္ဏ (သာသနာနှစ်-၅၇၈) (AD-34)
20. သာခ (သာသနာနှစ်-၅၈၁) (AD-37)
21. သာသိ (သာသနာနှစ်-၅၈၄) (AD-40)
22. ကန္န (သာသနာနှစ်-၅၉၁) (AD-47)
23. ကန်တက် (သာသနာနှစ်-၅၉၃) (AD-49)
24. ဘဇ္ဇ (သာသနာနှစ်-၅၉၅) (AD-51)
25. သုမုန္ဒရီမင်း (သာသနာနှစ်-၆၀၄) (AD-60)
26. အတိတျာ (သာသနာနှစ်-၆၂၉) (AD-65)
27. သုပညာနဂရဆိန္ဒ (သာသနာနှစ်-၆၁၂) (AD-68)
(ဒေါဒါရသ ကိန်းကြုံ၍ သာသနာနှစ် ၆၂၂ကို ဖြိုကာ ကျန် ၂-နှစ်မှ ရေတွက်သည်။)
သရေခေတ္တရာ-ဒုတိယမင်းဆက်(၂၀)
1. သီဟသူ
2. ကျစွာ
3. စောရန်နောင်
4. မျက်နှာရှည်
5. မထီးလို (လု)
6. လုပ်ပြာ (ဖျာ)
7. စုကတေး
8. မင်းရဲကျော်စွာ
9. သီဟသူ
10.စောရွှေခွက်
11.နရပတိ
12.(သာယာဝတီ)
13.မင်းကြီးဆင်များ
14.ညီတော်သတိုး
15.မင်းစောဆင်ဖြူရှင်
16.သားတော် မင်းတရား
17.နရပတိ
18.မင်းခေါင်
19.မင်းတရားကျွန်တော် သတိုး
20.သတိုးမင်းစော
မြန်မာရှေးဘုရင်မင်းဆက်များ ၂၂၈ ဆက်
1. ပထမတကောင်းမင်းဆက်၊ ၃၃ ဆက်
2. ဒုတိယတကောင်းမင်းဆက်၊ ၁၇ ဆက်
3. သရေခေတ္တရာပထမမင်းဆက်၊ ၂၇ ဆက်
4. သရေခေတ္တရာဒုတိယမင်းဆက်၊ ၂၀ ဆက်
5. ပုဂံမင်းဆက်၊ ၅၈ ဆက်
6. ပင်းယမင်းဆက်၊ ၆ ဆက်
7. စစ်ကိုင်းမင်းဆက်၊ ၇ ဆက်
8. အင်းဝမင်းဆက်၊ ၃၀ ဆက်
9. တောင်ငူမင်းဆက်၊ ၈ ဆက်
10. ညောင်ရမ်းမင်းဆက်၊ ၁၁ ဆက်
11. ကုန်းဘောင် မင်းဆက် ၁၁ ဆက်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment